တခြားအသင်းတွေရဲ့ ရလဒ်တွေကိုအောင်ပွဲခံရတာ ပျော်စရာကောင်းတယ် မထင်ပါဘူး…

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ အမှတ်ပေးဇယားကို

ဦးဆောင်နေတဲ့ ချယ်လ်ဆီး အသင်း ဟာ ကလပ်ပိုင်ရှင်နဲ့ နည်းပြ အပြောင်းအလဲ

ဖြစ်ထားတဲ့ အဆင့် ၁၉ နေရာက နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ

သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး ၊ ဒုတိယပိုင်း က သွင်းဂိုး ၃ဂိုးနဲ့ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ

ရရှိခဲ့ပါတယ် ။

ချယ်လ်ဆီးနဲ့ အတူ တစ်ချိန်တည်း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘရိုက်တန်ကို

အိမ်ကွင်း အမ်းဖီးလ်မှာ တစ်ဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ မန်စီးတီးဟာလည်း

ခရစ်စတယ် ပဲလေ့စ်ကို အိမ်ကွင်း အီတီဟတ်မှာ ၀ – ၂ ရလဒ်နဲ့ မထင်မှတ်ဘဲ

အရေးနိမ့်ခဲ့ပါတယ် ။

အဲဒီအတွက်ကြောင့် ချယ်လ်ဆီး ဟာ ဒုတိယ နေရာက လီဗာပူးကို ၃မှတ်ဖြတ် ၊

တတိယ နေရာက မန်စီးတီးကို ၅မှတ် အထိ ဖြတ်ကာ ၊ အမှတ်ပေးဇယား ကို

စတင် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချယ်လ်ဆီး နည်းပြ သောမတ်စ် တူချယ်က

လီဗာပူးနဲ့ မန်စီးတီးတို့ အမှတ်တွေ လျော့ခဲ့တာကို ထူးပြီး ပျော်နေစရာ မလိုကြောင်း

တုန့်ပြန်ခဲ့ ပါတယ်။

တူချယ်က “ ကျွန်တော်တို့အတွက် နေ့ကောင်းတစ်နေ့ ဖြစ်ခဲ့ပါတယ်။ ကြိုးစားမှု

ရလဒ်ကို ခံစားရတာပါ။ တခြားအသင်းတွေရဲ့ စွမ်းဆောင်ရည်တွေ၊ ရလဒ်တွေကို

အောင်ပွဲခံရတာ ပျော်စရာကောင်းတယ် မထင်ပါဘူး။”

“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်သင့်တယ်။ သွားရမယ့် ခရီးက အဝေးကြီး

ကျန်သေးတယ်။ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ တည်ငြိမ်တဲ့ ပုံစံတွေ ပြသဖို့လိုတယ်

ဆိုတာ သိပါတယ်။ တခြားအသင်းတွေ အမှတ်လျော့တာက ဘယ်တော့မှ

ပျော်စရာအခိုက်အတန့် မဖြစ်ပါဘူး ” လို့ ဆိုပါတယ်။

zAWGYI

တျခားအသင္းေတြရဲ႕ ရလဒ္ေတြကိုေအာင္ပြဲခံရတာ ေပ်ာ္စရာေကာင္းတယ္ မထင္ပါဘူး…

မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ မွာ အမွတ္ေပးဇယားကို

ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီး အသင္း ဟာ ကလပ္ပိုင္ရွင္နဲ႔ နည္းျပ အေျပာင္းအလဲ

ျဖစ္ထားတဲ့ အဆင့္ ၁၉ ေနရာက နယူးကာဆယ္ အသင္းကို စိန႔္ဂ်ိမ္းစ္ပါ့ခ္ကြင္းမွာ

သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ရၿပီး ၊ ဒုတိယပိုင္း က သြင္းဂိုး ၃ဂိုးနဲ႔ ဂိုးျပတ္ ႏိုင္ပြဲတစ္ပြဲ

ရရွိခဲ့ပါတယ္ ။

ခ်ယ္လ္ဆီးနဲ႔ အတူ တစ္ခ်ိန္တည္း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘ႐ိုက္တန္ကို

အိမ္ကြင္း အမ္းဖီးလ္မွာ တစ္ဖက္ ၂ဂိုးစီ သေရသာ ကစားႏိုင္ခဲ့ၿပီး ၊ မန္စီးတီးဟာလည္း

ခရစ္စတယ္ ပဲေလ့စ္ကို အိမ္ကြင္း အီတီဟတ္မွာ ၀ – ၂ ရလဒ္နဲ႔ မထင္မွတ္ဘဲ

အေရးနိမ့္ခဲ့ပါတယ္ ။

အဲဒီအတြက္ေၾကာင့္ ခ်ယ္လ္ဆီး ဟာ ဒုတိယ ေနရာက လီဗာပူးကို ၃မွတ္ျဖတ္ ၊

တတိယ ေနရာက မန္စီးတီးကို ၅မွတ္ အထိ ျဖတ္ကာ ၊ အမွတ္ေပးဇယား ကို

စတင္ ဦးေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္ ။

ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ေသာမတ္စ္ တူခ်ယ္က

လီဗာပူးနဲ႔ မန္စီးတီးတို႔ အမွတ္ေတြ ေလ်ာ့ခဲ့တာကို ထူးၿပီး ေပ်ာ္ေနစရာ မလိုေၾကာင္း

တုန႔္ျပန္ခဲ့ ပါတယ္။

တူခ်ယ္က “ ကြၽန္ေတာ္တို႔အတြက္ ေန႔ေကာင္းတစ္ေန႔ ျဖစ္ခဲ့ပါတယ္။ ႀကိဳးစားမႈ

ရလဒ္ကို ခံစားရတာပါ။ တျခားအသင္းေတြရဲ႕ စြမ္းေဆာင္ရည္ေတြ၊ ရလဒ္ေတြကို

ေအာင္ပြဲခံရတာ ေပ်ာ္စရာေကာင္းတယ္ မထင္ပါဘူး။”

“ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကိုပဲ အာ႐ုံစိုက္သင့္တယ္။ သြားရမယ့္ ခရီးက အေဝးႀကီး

က်န္ေသးတယ္။ ရလဒ္ေကာင္းေတြ ရရွိႏိုင္ဖို႔ တည္ၿငိမ္တဲ့ ပုံစံေတြ ျပသဖို႔လိုတယ္

ဆိုတာ သိပါတယ္။ တျခားအသင္းေတြ အမွတ္ေလ်ာ့တာက ဘယ္ေတာ့မွ

ေပ်ာ္စရာအခိုက္အတန႔္ မျဖစ္ပါဘူး ” လို႔ ဆိုပါတယ္။