
စပါးအသင်းနာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ
စိတ်ပျက်စရာကောင်းတဲ့အနေအထားနဲ့ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ရာသီက
သူ့ရဲ့စွမ်းဆောင်ရည်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကဏ္ဍတိုင်းမှာ ဆိုးဆိုးရွားရွား
ကျဆင်းသွားတာကိုတွေ့ရမှာပါ။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက (၂၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၄)ကြိမ်အထိ
ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုနဲ့ Playmaker Award
နှစ်ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
မနှစ်တုန်းက တိုက်စစ်ပိုင်းမှာ ဆွန်ဟောင်မင်နဲ့တွဲဖက်ပြီးတော့
အကောင်းဆုံးခြေစွမ်းပြကစားခဲ့သလို အသင်းအတွက်ပရီးမီးယားလိဂ်
(၃၅)ပွဲကစားအပြီး ဟယ်ရီကိန်း ပါဝင်ပတ်သက်ခဲ့တဲ့သွင်းဂိုးအရေအတွက်က
(၃၇)ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စပါးအသင်းဟာ ၂၀၀၈ ခုနှစ်မှာ
လိဂ်ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း အဓိကဆုဖလားတွေနဲ့ဝေးကွာနေတာကြောင့်
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့မေလတုန်းက အသင်းပြောင်းရွှေ့ခွင့်တောင်းခံခဲ့ပြီး
မန်စီးတီးအသင်းက သူ့ကိုခေါ်ယူနိုင်ဖို့အသည်းအသန်ကြိုးပမ်းခဲ့ပေမယ့်
စပါးအသင်းက လုံးဝလက်လွှတ်မခံခဲ့တဲ့အတွက် ဟယ်ရီကိန်းအစား
ဂရီးလစ်ရှ်ကို ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့ရပါတယ်။
ဒီရာသီမှာ ဟယ်ရီကိန်းဟာ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရသလို
သူ့ရဲ့စွမ်းဆောင်ရည်ကလည်း သိသိသာသာကျဆင်းသွားတာဖြစ်ပါတယ်။
မနှစ်က စပါးအသင်းအတွက်ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာ
(၇)ဂိုးအထိသွင်းယူခဲ့ပေမယ့် ဒီရာသီမှာတော့ (၁)ဂိုးသာသွင်းယူထားပြီး
ဂိုးပေါက်ကန်သွင်းမှုအပိုင်းမှာလည်း ပြီးခဲ့တဲ့ရာသီက(၃၈)ကြိမ်
ပြုလုပ်ခဲ့ပေမယ့် အခု (၁၈)ကြိမ်သာရှိပါသေးတယ်။
အဆိုးရွားဆုံးကျဆင်းသွားတာက ဂိုးပေါက်ကန်သွင်းမှုအလိုက်ဂိုးအဖြစ်
ပြောင်းလဲနိုင်စွမ်းရာခိုင်နှုန်းပဲဖြစ်ပြီး ၂၀၂၀-၂၁ ရာသီမှာ ပွဲစဉ်(၈)ပွဲအပြီး
(၁၈.၄%)ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ (၅.၆%)သာရှိခဲ့တာပါ။ ဒါ့အပြင်
ဒီရာသီမှာ ဟယ်ရီကိန်းရဲ့ဂိုးဖန်တီးနိုင်မှုက (၁)ကြိမ်သာရှိပြီး မနှစ်က(၈)
ကြိမ်အထိဖန်တီးပေးနိုင်ခဲ့သလို အခွင့်အရေးဖန်တီးနိုင်မှုမှာလည်း
(၁၈)ကြိမ်ကနေ (၇)ကြိမ်အထိကျဆင်းသွားပါတယ်။
ဘောလုံးပေးပို့မှုအပိုင်းမှာလည်း အကြိမ်(၂၀၀)ကနေ (၁၇၄)ကြိမ်
ကျဆင်းသွားပြီး ဘောလုံးဆုံးရှုံးမှုနဲ့ အမြင့်ဘောရယူနိုင်မှုအပိုင်းတွေမှာလည်း
စွမ်းဆောင်ရည်က မနှစ်ကလောက်မရှိတော့ပါဘူး။ ဟယ်ရီကိန်းအနေနဲ့
အခုလိုခြေစွမ်းကျဆင်းနေတာက မန်စီးတီးကို မပြောင်းခဲ့ရလို့လား၊
ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ရိုက်ခတ်မှုတွေကြောင့်လား ဒါမှမဟုတ် နည်းပြနူနိုဆန်တိုရဲ့
နည်းဗျူဟာတွေကြောင့်လားဆိုတာ သဲသဲကွဲကွဲဆုံးဖြတ်လို့မရပေမယ့်
ရလဒ်တွေယိမ်းယိုင်နေတဲ့ စပါးအသင်းအတွက် ဟယ်ရီကိန်းအစစ်အမှန်ကို
အမြန်ဆုံးပြန်ရဖို့လိုအပ်နေပြီဖြစ်ပါတယ်။
zawgyi
ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့ရာသီစြမ္းေဆာင္မႈနဲ႔ႏႈိင္းယွဥ္ရင္ က႑တိုင္းမွာဆိုးဆိုး႐ြား႐ြားက်ဆင္းေန
စပါးအသင္းနာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ
စိတ္ပ်က္စရာေကာင္းတဲ့အေနအထားနဲ႔ရင္ဆိုင္ေနရၿပီး ၿပီးခဲ့တဲ့ရာသီက
သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ က႑တိုင္းမွာ ဆိုးဆိုး႐ြား႐ြား
က်ဆင္းသြားတာကိုေတြ႕ရမွာပါ။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့
ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့ရာသီက (၂၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၄)ႀကိမ္အထိ
ျပဳလုပ္ခဲ့ၿပီး ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုနဲ႔ Playmaker Award
ႏွစ္ခုစလုံးကို သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
မႏွစ္တုန္းက တိုက္စစ္ပိုင္းမွာ ဆြန္ေဟာင္မင္နဲ႔တြဲဖက္ၿပီးေတာ့
အေကာင္းဆုံးေျခစြမ္းျပကစားခဲ့သလို အသင္းအတြက္ပရီးမီးယားလိဂ္
(၃၅)ပြဲကစားအၿပီး ဟယ္ရီကိန္း ပါဝင္ပတ္သက္ခဲ့တဲ့သြင္းဂိုးအေရအတြက္က
(၃၇)ဂိုးအထိရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ စပါးအသင္းဟာ ၂၀၀၈ ခုႏွစ္မွာ
လိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပိုင္း အဓိကဆုဖလားေတြနဲ႔ေဝးကြာေနတာေၾကာင့္
ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့ေမလတုန္းက အသင္းေျပာင္းေ႐ႊ႕ခြင့္ေတာင္းခံခဲ့ၿပီး
မန္စီးတီးအသင္းက သူ႔ကိုေခၚယူႏိုင္ဖို႔အသည္းအသန္ႀကိဳးပမ္းခဲ့ေပမယ့္
စပါးအသင္းက လုံးဝလက္လႊတ္မခံခဲ့တဲ့အတြက္ ဟယ္ရီကိန္းအစား
ဂရီးလစ္ရွ္ကို ေပါင္သန္း(၁၀၀)နဲ႔ေခၚယူခဲ့ရပါတယ္။
ဒီရာသီမွာ ဟယ္ရီကိန္းဟာ ပုံမွန္ေျခစြမ္းရဖို႔႐ုန္းကန္ေနရသလို
သူ႔ရဲ႕စြမ္းေဆာင္ရည္ကလည္း သိသိသာသာက်ဆင္းသြားတာျဖစ္ပါတယ္။
မႏွစ္က စပါးအသင္းအတြက္ပရီးမီးယားလိဂ္(၈)ပြဲကစားၿပီးခ်ိန္မွာ
(၇)ဂိုးအထိသြင္းယူခဲ့ေပမယ့္ ဒီရာသီမွာေတာ့ (၁)ဂိုးသာသြင္းယူထားၿပီး
ဂိုးေပါက္ကန္သြင္းမႈအပိုင္းမွာလည္း ၿပီးခဲ့တဲ့ရာသီက(၃၈)ႀကိမ္
ျပဳလုပ္ခဲ့ေပမယ့္ အခု (၁၈)ႀကိမ္သာရွိပါေသးတယ္။
အဆိုး႐ြားဆုံးက်ဆင္းသြားတာက ဂိုးေပါက္ကန္သြင္းမႈအလိုက္ဂိုးအျဖစ္
ေျပာင္းလဲႏိုင္စြမ္းရာခိုင္ႏႈန္းပဲျဖစ္ၿပီး ၂၀၂၀-၂၁ ရာသီမွာ ပြဲစဥ္(၈)ပြဲအၿပီး
(၁၈.၄%)ရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ (၅.၆%)သာရွိခဲ့တာပါ။ ဒါ့အျပင္
ဒီရာသီမွာ ဟယ္ရီကိန္းရဲ႕ဂိုးဖန္တီးႏိုင္မႈက (၁)ႀကိမ္သာရွိၿပီး မႏွစ္က(၈)
ႀကိမ္အထိဖန္တီးေပးႏိုင္ခဲ့သလို အခြင့္အေရးဖန္တီးႏိုင္မႈမွာလည္း
(၁၈)ႀကိမ္ကေန (၇)ႀကိမ္အထိက်ဆင္းသြားပါတယ္။
ေဘာလုံးေပးပို႔မႈအပိုင္းမွာလည္း အႀကိမ္(၂၀၀)ကေန (၁၇၄)ႀကိမ္
က်ဆင္းသြားၿပီး ေဘာလုံးဆုံးရႈံးမႈနဲ႔ အျမင့္ေဘာရယူႏိုင္မႈအပိုင္းေတြမွာလည္
း စြမ္းေဆာင္ရည္က မႏွစ္ကေလာက္မရွိေတာ့ပါဘူး။ ဟယ္ရီကိန္းအေနနဲ႔
အခုလိုေျခစြမ္းက်ဆင္းေနတာက မန္စီးတီးကို မေျပာင္းခဲ့ရလို႔လား၊
ယူ႐ို-၂၀၂ဝၿပိဳင္ပြဲရဲ႕႐ိုက္ခတ္မႈေတြေၾကာင့္လား ဒါမွမဟုတ္ နည္းျပႏူႏိုဆန္တိုရဲ႕
နည္းဗ်ဴဟာေတြေၾကာင့္လားဆိုတာ သဲသဲကြဲကြဲဆုံးျဖတ္လို႔မရေပမယ့္
ရလဒ္ေတြယိမ္းယိုင္ေနတဲ့ စပါးအသင္းအတြက္ ဟယ္ရီကိန္းအစစ္အမွန္ကို
အျမန္ဆုံးျပန္ရဖို႔လိုအပ္ေနၿပီျဖစ္ပါတယ္။