စီရော်နယ်ဒိုက ဆုဖလားတွေနဲ့သူဆက်အောင်မြင်တာ မမြင်ချင်ကြတဲ့သူတွေကို ဂရုမစိုက်ကြောင်း ပြောကြား

စီရော်နယ်ဒိုဟာ မန်ယူက သူ့ရဲ့လုပ်အားနှုန်းနဲ့ပတ်သက်လို့ ဝေဖန်ခဲ့ကြသူတွေကို

ပြန်လည်တုံ့ပြန်လိုက်ပြီး ဆုဖလားတွေနဲ့သူဆက်အောင်မြင်တာ

မမြင်ချင်ကြတဲ့သူတွေကို ဂရုမစိုက်ကြောင်း ပြောကြားလိုက်ပါတယ်။

သူဟာ တစ်ကျော့ပြန်မန်ယူကစားသမားဘဝမှာလည်း

သွင်းဂိုးတွေဆက်မြူးနေပေမယ့် သူ့ရဲ့ခံစစ်လိုက်ပေးမှုနဲ့ပတ်သက်လို့

ဝေဖန်မှုတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပေါ်တူဂီစူပါစတားကတော့ ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး

သူ့အသက်အရွယ်ကို ထောက်ပြခဲ့ကာ ရရှိခဲ့တဲ့အောင်မြင်မှုတွေအရ

သူဘာလုပ်နေသလဲဆိုတာ သိတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

”အသင်းက ခံစစ်ပိုင်းအတွက် ကျွန်တော့်အကူအညီလိုအပ်နေချိန်ကို သိပါတယ်။

ဒါပေမဲ့ ကျွန်တော့်အခန်းကဏ္ဍကတော့ အသင်းအနိုင်ရအောင်နဲ့

ဂိုးတွေသွင်းဖို့ ဖြစ်ပါတယ်။ ခံစစ်ဆင်းကူပေးဖို့ကလည်း ကျွန်တော့်အလုပ်ရဲ့

တစ်စိတ်တစ်ဒေသပါ။ သူတို့က ကျွန်တော့်ကို မကြိုက်ကြဘူးဆိုတော့

အပြစ်ရှာပြောကြတာပေါ့။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင်

ကျွန်တော်က ၃၆ နှစ်ရှိနေပြီး အရာအားလုံးနိုင်ထားတာဖြစ်လို့

ကျွန်တော့်အကြောင်းမကောင်းပြောနေသူတွေနဲ့ပတ်သက်လို့ စိုးရိမ်နေရမှာလား။

ညဘက်ကတော့ စိတ်အေးချမ်းသာစွာနဲ့ ကောင်းကောင်းအိပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ပါးစပ်ပေါက်တွေပိတ်သွားအောင်

ကျွန်တော်လုပ်နိုင်သေးလို့ပဲ”လို့ စီရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုက”ဝေဖန်မှုဆိုတာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။

ကျွန်တော်က အဲဒါကို စိုးရိမ်နေမှာ မဟုတ်ဘူး။ ပြီးတော့ ရိုးရိုးသားသားပြောရရင်

အဲဒါကို ကောင်းတဲ့အရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ သူတို့

ကျွန်တော့်အကြောင်းပြောတယ်ဆိုရင် ဘောလုံးက ကျွန်တော့်ရဲ့အလားအလာနဲ့

တန်ဖိုးကို သိနေသေးလို့ပါပဲ”လု့ိ ဆက်လက်ပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ မန်ယူအတွက် ဒီရာသီ ၈ ပွဲမျာ ၆ ဂိုးသွင်းယူထားပြီး

အဲဒီထဲက ၃ ဂိုးဟာ ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တာပါ။

zawgyi

စီေရာ္နယ္ဒိုက ဆုဖလားေတြနဲ႔သူဆက္ေအာင္ျမင္တာ မျမင္ခ်င္ၾကတဲ့သူေတြကို ဂ႐ုမစိုက္ေၾကာင္း ေျပာၾကား

စီေရာ္နယ္ဒိုဟာ မန္ယူက သူ႔ရဲ႕လုပ္အားႏႈန္းနဲ႔ပတ္သက္လို႔ ေဝဖန္ခဲ့ၾကသူေတြကို

ျပန္လည္တုံ႔ျပန္လိုက္ၿပီး ဆုဖလားေတြနဲ႔သူဆက္ေအာင္ျမင္တာ

မျမင္ခ်င္ၾကတဲ့သူေတြကို ဂ႐ုမစိုက္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

သူဟာ တစ္ေက်ာ့ျပန္မန္ယူကစားသမားဘဝမွာလည္း

သြင္းဂိုးေတြဆက္ျမဴးေနေပမယ့္ သူ႔ရဲ႕ခံစစ္လိုက္ေပးမႈနဲ႔ပတ္သက္လို႔

ေဝဖန္မႈေတြရဲ႕ပစ္မွတ္ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီေပၚတူဂီစူပါစတားကေတာ့ ေဝဖန္သူေတြကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး

သူ႔အသက္အ႐ြယ္ကို ေထာက္ျပခဲ့ကာ ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြအရ

သူဘာလုပ္ေနသလဲဆိုတာ သိတယ္လို႔လည္း ေျပာၾကားလိုက္ပါတယ္။

”အသင္းက ခံစစ္ပိုင္းအတြက္ ကြၽန္ေတာ့္အကူအညီလိုအပ္ေနခ်ိန္ကို သိပါတယ္။

ဒါေပမဲ့ ကြၽန္ေတာ့္အခန္းက႑ကေတာ့ အသင္းအႏိုင္ရေအာင္နဲ႔

ဂိုးေတြသြင္းဖို႔ ျဖစ္ပါတယ္။ ခံစစ္ဆင္းကူေပးဖို႔ကလည္း ကြၽန္ေတာ့္အလုပ္ရဲ႕

တစ္စိတ္တစ္ေဒသပါ။ သူတို႔က ကြၽန္ေတာ့္ကို မႀကိဳက္ၾကဘူးဆိုေတာ့

အျပစ္ရွာေျပာၾကတာေပါ့။ ဒါေပမဲ့ ႐ိုး႐ိုးသားသားေျပာရရင္

ကြၽန္ေတာ္က ၃၆ ႏွစ္ရွိေနၿပီး အရာအားလုံးႏိုင္ထားတာျဖစ္လို႔

ကြၽန္ေတာ့္အေၾကာင္းမေကာင္းေျပာေနသူေတြနဲ႔ပတ္သက္လို႔ စိုးရိမ္ေနရမွာလား။

ညဘက္ကေတာ့ စိတ္ေအးခ်မ္းသာစြာနဲ႔ ေကာင္းေကာင္းအိပ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ပါးစပ္ေပါက္ေတြပိတ္သြားေအာင္

ကြၽန္ေတာ္လုပ္ႏိုင္ေသးလို႔ပဲ”လို႔ စီေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုက”ေဝဖန္မႈဆိုတာ ေဘာလုံးရဲ႕အစိတ္အပိုင္းတစ္ခုပါ။

ကြၽန္ေတာ္က အဲဒါကို စိုးရိမ္ေနမွာ မဟုတ္ဘူး။ ၿပီးေတာ့ ႐ိုး႐ိုးသားသားေျပာရရင္

အဲဒါကို ေကာင္းတဲ့အရာတစ္ခုလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ သူတို႔

ကြၽန္ေတာ့္အေၾကာင္းေျပာတယ္ဆိုရင္ ေဘာလုံးက ကြၽန္ေတာ့္ရဲ႕အလားအလာနဲ႔

တန္ဖိုးကို သိေနေသးလို႔ပါပဲ”လု႔ိ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ မန္ယူအတြက္ ဒီရာသီ ၈ ပြဲမ်ာ ၆ ဂိုးသြင္းယူထားၿပီး

အဲဒီထဲက ၃ ဂိုးဟာ ခ်န္ပီယံလိဂ္မွာ သြင္းယူခဲ့တာပါ။