
အာဆင်နယ်ကြယ်ပွင့်ဂါဘရီရယ်ဟာ သူ့ဂိုထောင်ထဲကနေ ပေါင် ၄၅၀၀၀ တန်
မာစီးဒီးကားကို လုယူဖို့ကြိုးပမ်းခဲ့တဲ့ ဘေ့စ်ဘောတုတ်နဲ့
လူဆိုးတစ်ယောက်ကို ပြန်လည်တိုက်ခိုက်အနိုင်ယူခဲ့ကြောင်း
Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။
နောက်ခံလူဂါဘရီရယ်နဲ့ သူငယ်ချင်းဖြစ်သူတစ်ယောက်ဟာ
ညဘက်အပြင်ထွက်ရာက အိမ်ပြန်အလာမှာ လုယက်သူနှစ်ယောက်ရဲ့
နောက်ယောက်ခံလိုက်ခြင်းကို ခံခဲ့ရတာပါ။
ကားထဲကနေ ဂါဘရီရယ်ထွက်လာချိန်မှာ အဲဒီလုယက်သူနှစ်ယောက်က
သူ့ရဲ့ကားသော့၊ ဖုန်းနဲ့ နာရီတို့ကို ဓားပြတိုက်ခဲ့တာပါ။
လူဆိုး နှစ်ယောက်ထဲက တစ်ယောက်က အဲဒီဘရာဇီးသားကို
ဘေ့စ်ဘောတုတ်နဲ့ တိုက်ခိုက်ဖို့လုပ်ခဲ့ပေမယ့် ဂါဘရီရယ်က ပြန်တုံ့ပြန်ရာမှာ
မျက်နှာကို လက်သီးနဲ့ထိုးခဲ့ပြီး နပန်းလုံးရာ လုယက်သူထွက်ပြေးသွားတဲ့အထိပါပဲ။
ဂါဘရီရယ်နဲ့ လုံးထွေးသတ်ပုတ်စဉ်က ကျခဲ့တဲ့ ဦးထုပ်ကနေ DNA ယူပြီးတော့
ရဲတပ်ဖွဲ့က လုယက်သူကို ဖမ်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့လကပဲ ထောင် ၅ နှစ်ချခဲ့ပါတယ်။
တရားရုံးမှာ ဖွင့်ပြတဲ့ စီစီတီဗီမှတ်တမ်းအရ ၂၃ နှစ်အရွယ် ဂါဘရီရယ်နဲ့
သူငယ်ချင်းဖြစ်သူနောက်ခံကစားဖော်တာဗာရက်စ်တို့ဟာ
အိမ်က ကားဂိုထောင်မှာ အမည်းရောင်မာစီဒီးကားကိုရပ်ပြီး ထွက်လာချိန်မှာ
မျက်နှာဖုံးနဲ့ခေါင်းစွပ်ပါဝတ်ထားတဲ့ဓားပြတစ်နှစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ပြီးခဲ့တဲ့နှစ်ကမှ ပြင်သစ်ကလပ်လိုင်လီကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းလာခဲ့တဲ့
ဂါဘရီရယ်ဟာ စစချင်းမှာ ကားသော့တွေနဲ့အတူ သူ့နာရီကိုချွတ်ပေးခဲ့ပေမယ့်
ဘေ့စ်ဘောတုတ်နဲ့ရိုက်ဖို့လုပ်တာကို ခုခံတိုက်ခိုက်ရာကနေ
ဓားပြတွေထွက်ပြေးသွားအောင် ပြန်ဆော်နိုင်ခဲ့တာပါ။
သူ့လိုပဲ အာဆင်နယ်ကစားသမားနောက်ခံကစားသမားပဲဖြစ်တဲ့
ကိုလာဆီနက်ဟာ ၂၀၁၉ ဇူလိုင်တုန်းက အသင်းဖော်အိုဇေးလ်နဲ့အတူ
ထွက်လာစဉ် ဓားနဲ့လုယက်ဖို့ ကြိုးပမ်းသူနှစ်ယောက်ကို
လက်ဗလာနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
zawgyi
အလကားရတာ .. လက္သီးပဲရွိတယ္…
အာဆင္နယ္ၾကယ္ပြင့္ဂါဘရီရယ္ဟာ သူ႔ဂိုေထာင္ထဲကေန ေပါင္ ၄၅၀၀၀ တန္
မာစီးဒီးကားကို လုယူဖို႔ႀကိဳးပမ္းခဲ့တဲ့ ေဘ့စ္ေဘာတုတ္နဲ႔
လူဆိုးတစ္ေယာက္ကို ျပန္လည္တိုက္ခိုက္အႏိုင္ယူခဲ့ေၾကာင္း
Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ေနာက္ခံလူဂါဘရီရယ္နဲ႔ သူငယ္ခ်င္းျဖစ္သူတစ္ေယာက္ဟာ
ညဘက္အျပင္ထြက္ရာက အိမ္ျပန္အလာမွာ လုယက္သူႏွစ္ေယာက္ရဲ႕
ေနာက္ေယာက္ခံလိုက္ျခင္းကို ခံခဲ့ရတာပါ။
ကားထဲကေန ဂါဘရီရယ္ထြက္လာခ်ိန္မွာ အဲဒီလုယက္သူႏွစ္ေယာက္က
သူ႔ရဲ႕ကားေသာ့၊ ဖုန္းနဲ႔ နာရီတို႔ကို ဓားျပတိုက္ခဲ့တာပါ။
လူဆိုး ႏွစ္ေယာက္ထဲက တစ္ေယာက္က အဲဒီဘရာဇီးသားကို
ေဘ့စ္ေဘာတုတ္နဲ႔ တိုက္ခိုက္ဖို႔လုပ္ခဲ့ေပမယ့္ ဂါဘရီရယ္က ျပန္တုံ႔ျပန္ရာမွာ
မ်က္ႏွာကို လက္သီးနဲ႔ထိုးခဲ့ၿပီး နပန္းလုံးရာ လုယက္သူထြက္ေျပးသြားတဲ့အထိပါပဲ။
ဂါဘရီရယ္နဲ႔ လုံးေထြးသတ္ပုတ္စဥ္က က်ခဲ့တဲ့ ဦးထုပ္ကေန DNA ယူၿပီးေတာ့
ရဲတပ္ဖြဲ႕က လုယက္သူကို ဖမ္းႏိုင္ခဲ့ကာ ၿပီးခဲ့တဲ့လကပဲ ေထာင္ ၅ ႏွစ္ခ်ခဲ့ပါတယ္။
တရား႐ုံးမွာ ဖြင့္ျပတဲ့ စီစီတီဗီမွတ္တမ္းအရ ၂၃ ႏွစ္အ႐ြယ္ ဂါဘရီရယ္နဲ႔
သူငယ္ခ်င္းျဖစ္သူေနာက္ခံကစားေဖာ္တာဗာရက္စ္တို႔ဟာ
အိမ္က ကားဂိုေထာင္မွာ အမည္းေရာင္မာစီဒီးကားကိုရပ္ၿပီး ထြက္လာခ်ိန္မွာ
မ်က္ႏွာဖုံးနဲ႔ေခါင္းစြပ္ပါဝတ္ထားတဲ့ဓားျပတစ္ႏွစ္ေယာက္နဲ႔ ရင္ဆိုင္ခဲ့ရတာပါ။
ၿပီးခဲ့တဲ့ႏွစ္ကမွ ျပင္သစ္ကလပ္လိုင္လီကေန ေပါင္ ၂၇ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့
ဂါဘရီရယ္ဟာ စစခ်င္းမွာ ကားေသာ့ေတြနဲ႔အတူ သူ႔နာရီကိုခြၽတ္ေပးခဲ့ေပမယ့္
ေဘ့စ္ေဘာတုတ္နဲ႔႐ိုက္ဖို႔လုပ္တာကို ခုခံတိုက္ခိုက္ရာကေန
ဓားျပေတြထြက္ေျပးသြားေအာင္ ျပန္ေဆာ္ႏိုင္ခဲ့တာပါ။
သူ႔လိုပဲ အာဆင္နယ္ကစားသမားေနာက္ခံကစားသမားပဲျဖစ္တဲ့
ကိုလာဆီနက္ဟာ ၂၀၁၉ ဇူလိုင္တုန္းက အသင္းေဖာ္အိုေဇးလ္နဲ႔အတူ
ထြက္လာစဥ္ ဓားနဲ႔လုယက္ဖို႔ ႀကိဳးပမ္းသူႏွစ္ေယာက္ကို
လက္ဗလာနဲ႔ ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။