၉ လပိုင်းကမှ ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ခြေစွမ်းကိုနှစ်သက်လို့ စာချုပ်သစ်ထပ်မံချုပ်ခဲ့ရတဲ့ အီလန်ဂါ

မန်ယူအသင်းရဲ့တောင်ပံကစာသမား အန်သိုနီအီလန်ဂါဟာ ၂၀၂၆ အထိ

သက်တမ်းရှိမယ့်စာချုပ်သစ်ကို လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့တောင်ပံကစားသမား အီလန်ဂါ ဟာဒီရာသီမှာ

မန်ယူစီနီယာအသင်းအတွက် ၃ ပွဲကစားထားသူဖြစ်ပြီး

စာချုပ်သစ်သက်တမ်းစေ့သွားရင်လည်း တစ်နှစ်သက်တမ်းထပ်တိုးနိုင်ဦးမှာဖြစ်ပါတယ်။

သူ့ဟာ လက်ရှိစာချုပ်ကိုပြီးခဲ့တဲ့ ၉ လကမှချုပ်ဆိုခဲ့တာဖြစ်ပေမယ့်

လက်ရှိနည်းပြ ရန်းနစ်ခ်က အီလန်ဂါရဲ့ခြေစွမ်းကိုနှစ်သက် နေလို့

စာချုပ်သစ်ထပ်ချုပ်ဖို့ကလပ်ဘက်က အမြန်ဆုံးစီစဥ်လိုက်တာလည်းဖြစ်ပါတယ်။

ဆွီဒင်သားဖြစ်တဲ့ အီလန်ဂါဟာ ၂၀၁၄ ကသူ့အသက် ၁၂ နှစ်အရွယ်မှာ

မယ်လ်မိုကနေပြောင်းလာတဲ့သူဖြစ်ပြီး လူငယ်အသင်းအဆင့်ဆင့်မှာလည်း

ခြေစွမ်းပြ နိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူဟာသူ့ကိုစာချုပ်သစ်ချုပ်တဲ့အကြောင်းကို

ခရစ္စမတ်မတိုင်ခင်တစ်ရက်အလိုမှအတည်ပြုလိုက်တာ ဖြစ်ပေမယ့်

သတင်းတွေအရ အီလန်ဂါဟာစာချုပ်သစ်အတွက် ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက

သဘောတူညီခဲ့တာလို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့မေလ ကမန်ယူစီနီယာအသင်းအတွက်

ပွဲထွက်ကစားခဲ့တဲ့ အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီရဲ့နောက်ဆုံးပွဲဖြစ်တဲ့

ဝုဗ်နဲ့ပွဲမှာ ပထမဆုံးဂိုးစသွင်းနိုင်ခဲ့ပါတယ်။ လက်ရှိနည်းပြဖြစ်တဲ့

ရန်းနစ်ခ်ဟာလည်း ဒီဇင်ဘာလဆန်းပိုင်းကမန်ယူကိုရောက်လာပြီးနောက်

အီလန်ဂါ ရဲ့ခြေစွမ်းကို သဘောကျနေပြီး အသင်းရဲ့နောက်ဆုံး ၃ ပွဲဆက်တိုက်

လူစာရင်းမှာထည့်သွင်းခဲ့ပါတယ်။ ယန်းဘွိုင်းစ်နဲ့ ၁-၁ သရေကျခဲ့တဲ့

ချန်ပီယံလိဂ်ပွဲမှာဆိုရင် အီလန်ဂါဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ရပါတယ်။

စာချုပ်သစ်လက်မှတ်ထိုးပြီးနောက် အီလန် ဂါက” ကျွန်တော့်ရဲ့အန္တိမရည်မှန်းချက်က

မန်ယူအတွက်အမြဲတမ်းကစားပေးဖို့ပါဘဲ။ အခုစာချုပ်ဟာ

ကျွန်တော့်ရဲ့ကစားသမား ဘဝခရီးမှာ နောက်ထပ်အရေးပါတဲ့အခိုက်အတန့်ပါဘဲ။

ဒီမှာက ကမ္ဘာ့အဆင့်ကစားသမားတွေ၊ နည်းပြတွေနဲ့နေ့တိုင်းလက်တွဲ နေရလို့

ကျွန်တော့်ကိုနောက်တစ်ဆင့်မြင့်စေဖို့အတွက် ပြီးပြည့်စုံတဲ့

ပတ်ဝန်းကျင်ရှိတဲ့နေရာတစ်ခုပါဘဲ။ ကျွန်တော့်ရဲ့ဖွံ့ဖြိုး တိုးတက်မှုကို

ယုံကြည်ကြောင်းကလပ်ဘက်ကပြသခဲ့လို့လည်း

အရမ်းပျော်ရပါတယ်” လို့ပြောသွားပါတယ်။

မန်ယူရဲ့ဘောလုံး ဒါရိုက်တာဖြစ်တဲ့ ဂျွန်မားတက်ဖ်က” အီလန်ဂါဟာ

ကျွန်တော်တို့တကယ်ယုံကြည်ချက်ထားတဲ့လူငယ်ပါ။

သူဟာအကယ်ဒမီ မှာကတည်းက ခြေစွမ်းပုံမှန်ပြသပြီး အားရစရာဖြစ်စေခဲ့တာပါ။

သူ့ရဲ့လုပ်အားနှုန်းနဲ့ အာရုံစိုက်မှုက နေ့တိုင်းတိုးတက်နေတာ ပါ” လို့

ပြောသွားပါတယ်။ သူဟာပြီးခဲ့တဲ့နှစ်ကလည်း မန်ယူအသင်းရဲ့

တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု

(Jimmy Murphy Youth Team Player of the Year) ဆုကိုရရှိခဲ့ပါသေးတယ်။

zawgyi

၉ လပိုင္းကမွ ခ်ဳပ္ဆိုခဲ့တာျဖစ္ေပမယ့္ ေျခစြမ္းကိုႏွစ္သက္လို႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ခဲ့ရတဲ့ အီလန္ဂါ

မန္ယူအသင္းရဲ႕ေတာင္ပံကစာသမား အန္သိုနီအီလန္ဂါဟာ ၂၀၂၆ အထိ

သက္တမ္းရွိမယ့္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုး လိုက္ၿပီျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ေတာင္ပံကစားသမား အီလန္ဂါ ဟာဒီရာသီမွာ

မန္ယူစီနီယာအသင္းအတြက္ ၃ ပြဲကစားထားသူျဖစ္ၿပီး

စာခ်ဳပ္သစ္သက္တမ္းေစ့သြားရင္လည္း တစ္ႏွစ္သက္တမ္းထပ္တိုးႏိုင္ဦးမွာျဖစ္ပါတယ္။

သူ႔ဟာ လက္ရွိစာခ်ဳပ္ကိုၿပီးခဲ့တဲ့ ၉ လကမွခ်ဳပ္ဆိုခဲ့တာျဖစ္ေပမယ့္

လက္ရွိနည္းျပ ရန္းနစ္ခ္က အီလန္ဂါရဲ႕ေျခစြမ္းကိုႏွစ္သက္ ေနလို႔

စာခ်ဳပ္သစ္ထပ္ခ်ဳပ္ဖို႔ကလပ္ဘက္က အျမန္ဆုံးစီစဥ္လိုက္တာလည္းျဖစ္ပါတယ္။

ဆြီဒင္သားျဖစ္တဲ့ အီလန္ဂါဟာ ၂၀၁၄ ကသူ႔အသက္ ၁၂ ႏွစ္အ႐ြယ္မွာ

မယ္လ္မိုကေနေျပာင္းလာတဲ့သူျဖစ္ၿပီး လူငယ္အသင္းအဆင့္ဆင့္မွာလည္း

ေျခစြမ္းျပ ႏိုင္ခဲ့သူျဖစ္ပါတယ္။ မန္ယူဟာသူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္တဲ့အေၾကာင္းကို

ခရစၥမတ္မတိုင္ခင္တစ္ရက္အလိုမွအတည္ျပဳလိုက္တာ ျဖစ္ေပမယ့္

သတင္းေတြအရ အီလန္ဂါဟာစာခ်ဳပ္သစ္အတြက္ ၿပီးခဲ့တဲ့သီတင္းပတ္ကတည္းက

သေဘာတူညီခဲ့တာလို႔ ဆိုပါ တယ္။ ၿပီးခဲ့တဲ့ေမလ ကမန္ယူစီနီယာအသင္းအတြက္

ပြဲထြက္ကစားခဲ့တဲ့ အီလန္ဂါဟာ ၿပီးခဲ့တဲ့ရာသီရဲ႕ေနာက္ဆုံးပြဲျဖစ္တဲ့

ဝုဗ္နဲ႔ပြဲမွာ ပထမဆုံးဂိုးစသြင္းႏိုင္ခဲ့ပါတယ္။ လက္ရွိနည္းျပျဖစ္တဲ့

ရန္းနစ္ခ္ဟာလည္း ဒီဇင္ဘာလဆန္းပိုင္းကမန္ယူကိုေရာက္လာၿပီးေနာက္

အီလန္ဂါ ရဲ႕ေျခစြမ္းကို သေဘာက်ေနၿပီး အသင္းရဲ႕ေနာက္ဆုံး ၃ ပြဲဆက္တိုက္

လူစာရင္းမွာထည့္သြင္းခဲ့ပါတယ္။ ယန္းဘြိဳင္းစ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့

ခ်န္ပီယံလိဂ္ပြဲမွာဆိုရင္ အီလန္ဂါဟာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခဲ့ရပါတယ္။

စာခ်ဳပ္သစ္လက္မွတ္ထိုးၿပီးေနာက္ အီလန္ ဂါက” ကြၽန္ေတာ့္ရဲ႕အႏၲိမရည္မွန္းခ်က္က

မန္ယူအတြက္အၿမဲတမ္းကစားေပးဖို႔ပါဘဲ။ အခုစာခ်ဳပ္ဟာ

ကြၽန္ေတာ့္ရဲ႕ကစားသမား ဘဝခရီးမွာ ေနာက္ထပ္အေရးပါတဲ့အခိုက္အတန႔္ပါဘဲ။

ဒီမွာက ကမာၻ႔အဆင့္ကစားသမားေတြ၊ နည္းျပေတြနဲ႔ေန႔တိုင္းလက္တြဲ ေနရလို႔

ကြၽန္ေတာ့္ကိုေနာက္တစ္ဆင့္ျမင့္ေစဖို႔အတြက္ ၿပီးျပည့္စုံတဲ့

ပတ္ဝန္းက်င္ရွိတဲ့ေနရာတစ္ခုပါဘဲ။ ကြၽန္ေတာ့္ရဲ႕ဖြံ႕ၿဖိဳး တိုးတက္မႈကို

ယုံၾကည္ေၾကာင္းကလပ္ဘက္ကျပသခဲ့လို႔လည္း

အရမ္းေပ်ာ္ရပါတယ္” လို႔ေျပာသြားပါတယ္။

မန္ယူရဲ႕ေဘာလုံး ဒါ႐ိုက္တာျဖစ္တဲ့ ဂြၽန္မားတက္ဖ္က” အီလန္ဂါဟာ

ကြၽန္ေတာ္တို႔တကယ္ယုံၾကည္ခ်က္ထားတဲ့လူငယ္ပါ။

သူဟာအကယ္ဒမီ မွာကတည္းက ေျခစြမ္းပုံမွန္ျပသၿပီး အားရစရာျဖစ္ေစခဲ့တာပါ။

သူ႔ရဲ႕လုပ္အားႏႈန္းနဲ႔ အာ႐ုံစိုက္မႈက ေန႔တိုင္းတိုးတက္ေနတာ ပါ” လို႔

ေျပာသြားပါတယ္။ သူဟာၿပီးခဲ့တဲ့ႏွစ္ကလည္း မန္ယူအသင္းရဲ႕

တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆု

(Jimmy Murphy Youth Team Player of the Year) ဆုကိုရရွိခဲ့ပါေသးတယ္။