၈၁ ရက်အတွင်းမှာ မရောင်းဘူးဆိုရင် ချဲလ်ဆီးအသင်းပျက်ကိန်း ကြုံရဖို့ရှိနေ

ရိုမန်အေဘရာမိုဗစ်ချ် အနေနဲ့ သူပိုင်တဲ့ချဲလ်ဆီးအသင်းကို ၈၁ ရက်အတွင်းမှာ

မရောင်းဘူးဆိုရင် ချဲလ်ဆီးအသင်းပျက်ကိန်း ကြုံရဖို့ရှိနေတယ်လို့ သိရပါတယ်။

မိုဗစ်ချ် ဟာ ဗြိတိန်အစိုးရရဲ့ပိတ်ပင်မှုစာရင်းမှာပါဝင်သွားခဲ့ပြီးနောက်

သူပိုင်တဲ့ချဲလ်ဆီး အသင်းဟာလည်းအများကြီးအခက်တွေ့နေရလို့

အရင်လိုအံ့အားသင့်ဖွယ်ရာ နေ့ရက်တွေကုန်ဆုံးဖို့လည်း

နီးစပ်လာခဲ့ တယ်လို့ ဆိုပါတယ်။

လက်ရှိမှာသူတို့ကို တစ်နှစ်ပေါင်သန်း ၄၀ ပေးနေတဲ့စပွန်ဆာဖြစ်တဲ့

Three ကစာချုပ်ကိုဆိုင်းငံ့လိုက် သလို ပရီးမီးယားလိဂ်နဲ့

ယူအီးအက်ဖ်အေတို့ကလည်း ချဲလ်ဆီးကိုပေးရမယ့်ဆုကြေးကို

ပိတ်ပင်ဖို့ရှိနေလို့နောက်ထပ် ပေါင် ၆၆ သန်းဆုံးရှုံးရဖို့ရှိနေပါတယ်။

လောလောဆယ်မှာလည်း ဒီရာသီအတွက်လက်မှတ်တွေကို

ဆက်လက်ရောင်းချ ခွင့်မရတော့လို့တစ်ပွဲကိုပေါင် ၆ သိန်းအထိ

နစ်နာမယ်လို့တွက်ဆထားကြပါတယ်။

ဒီလိုလက်မှတ်ရောင်းခွင့်မရှိတော့လို့ ချဲလ်ဆီးဟာကလပ်ရဲ့

မီဂါစတိုးကိုလည်း ပိတ်ပင်ခဲ့ရပါတယ်။ အဆိုးဆုံးကတော့

မိုဗစ်ချ် အနေနဲ့ကလပ်ကိုရောင်းချဖို့အမြန်ဆုံးသဘောမတူဘူး ဆိုရင်

သူတို့ရဲ့ပြိုင်ပွဲတွေမှာယှဥ်ပြိုင်ကစားခွင့်ရှိတဲ့

လိုင်စင်ကိုသက်တမ်းထပ်တိုးပေးဖို့မရှိတော့ပါဘူး။

ဒီလိုင်စင်မရှိရင် ချဲ လ်ဆီးဟာ ဘာမယ့်ရာသီမှာပြိုင်ပွဲတွေကို

ဝင်ပြိုင်ခွင့်ရတော့မှာမဟုတ်ပါဘူး။

လက်ရှိလိုင်စင်သက်တမ်းက လာမယ့်မေလ ၃၁ မှာကုန်ဆုံးမှာဖြစ်ပြီး

အဲဒီမတိုင်ခင်မှာ ချဲလ်ဆီးကိုရောင်းဖို့သဘောတူမလား၊

ဒါမှမဟုတ် တစ်ပြားမှမယူဘဲ ဒီအတိုင်း ထွက်သွားမလားဆိုတာ

မိုဗစ်ချ်ဆုံးဖြတ်ရတော့မှာပါ။

သူ့အနေနဲ့အချိန်မီမဆုံးဖြတ်ဘူးဆိုရင်တော့ ချဲလ်ဆီးအသင်းဟာ

ဝင်ငွေမရှိတော့ဘဲဖြစ်သွားမှာကြောင့်ဆက်လက်ရှင်သန်ခွင့်ရှိတော့မှာမဟုတ်ဘဲ

ပျက်ဆီးကိန်းဆိုက်ပါလိမ့်မယ်။

ဒါ့အပြင်သူ့အနေနဲ့ ကလပ်ကိုရောင်းချဖို့အတွက်

ဗြိတိန်အစိုးရရဲ့စီမံခန့်ခွဲမှုကို နာခံ ရမှာဖြစ်ပြီး အကျိုးအမြတ်ကိုလည်း

လုံးဝရယူပိုင်ခွင့်ရှိမှာ မဟုတ်တော့ပါဘူး။

အနှစ်ချုပ်ဆိုရရင် အခုပိတ်ပင်မှုကြောင့်ချဲ လ်ဆီးဟာ ဒီရာသီမှာပွဲတွေဆက်ကစားခွင့်၊

ရုပ်သံထုတ်လွှင့်ခွင့်ကနေရမယ့်ပိုက်ဆံ တွေကိုဆက်လက်ရရှိမှာဖြစ်ပေမယ့်

ကစားသမားသစ်ခေါ်ယူခွင့်၊ စာချုပ်သစ်ချုပ်ခွင့်၊ လက်မှတ်ထပ်မံရောင်းချခွင့်နဲ့

ကလပ်စတိုးဆိုင်တွေ ဆက်လက်ရောင်း ချခွင့် မလုပ်နိုင်တော့တဲ့အပြင်

ကလပ်ကိုရောင်းချဖို့ အစိုးရရဲ့စီမံခန့်ခွဲမှုအောက်ကနေသာလုပ်ဆောင်ရမှာဖြစ်ပါတယ်။

မိုဗစ်ချ်ဟာ ချဲလ်ဆီးကို ၂၀၀၃ ကတည်းကစတင်ပိုင်ဆိုင်ခဲ့တာြဖစ်ပြီး

သူ့လက်ထက်မှာ ဈေးကွက်အသုံးစားရိတ်ပေါင် ၂.၁ ဘီလီယံအထိသုံးခဲ့ပြီး

နည်းပြအပြောင်းအလဲ ၁၃ ဦး၊ ချန်ပီယံလိဂ် ၂ ကြိမ်နဲ့

ပရီးမီးယားလိဂ် ၅ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၂၁ လုံးရယူနိုင်ခဲ့ပါတယ်။

zawgyi

၈၁ ရက္အတြင္းမွာ မေရာင္းဘူးဆိုရင္ ခ်ဲလ္ဆီးအသင္းပ်က္ကိန္း ႀကဳံရဖို႔ရွိေန

႐ိုမန္ေအဘရာမိုဗစ္ခ်္ အေနနဲ႔ သူပိုင္တဲ့ခ်ဲလ္ဆီးအသင္းကို ၈၁ ရက္အတြင္းမွာ

မေရာင္းဘူးဆိုရင္ ခ်ဲလ္ဆီးအသင္းပ်က္ကိန္း ႀကဳံရဖို႔ရွိေနတယ္လို႔ သိရပါတယ္။

မိုဗစ္ခ်္ ဟာ ၿဗိတိန္အစိုးရရဲ႕ပိတ္ပင္မႈစာရင္းမွာပါဝင္သြားခဲ့ၿပီးေနာက္

သူပိုင္တဲ့ခ်ဲလ္ဆီး အသင္းဟာလည္းအမ်ားႀကီးအခက္ေတြ႕ေနရလို႔

အရင္လိုအံ့အားသင့္ဖြယ္ရာ ေန႔ရက္ေတြကုန္ဆုံးဖို႔လည္း

နီးစပ္လာခဲ့ တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာသူတို႔ကို တစ္ႏွစ္ေပါင္သန္း ၄၀ ေပးေနတဲ့စပြန္ဆာျဖစ္တဲ့

Three ကစာခ်ဳပ္ကိုဆိုင္းငံ့လိုက္ သလို ပရီးမီးယားလိဂ္နဲ႔

ယူအီးအက္ဖ္ေအတို႔ကလည္း ခ်ဲလ္ဆီးကိုေပးရမယ့္ဆုေၾကးကို

ပိတ္ပင္ဖို႔ရွိေနလို႔ေနာက္ထပ္ ေပါင္ ၆၆ သန္းဆုံးရႈံးရဖို႔ရွိေနပါတယ္။

ေလာေလာဆယ္မွာလည္း ဒီရာသီအတြက္လက္မွတ္ေတြကို

ဆက္လက္ေရာင္းခ် ခြင့္မရေတာ့လို႔တစ္ပြဲကိုေပါင္ ၆ သိန္းအထိ

နစ္နာမယ္လို႔တြက္ဆထားၾကပါတယ္။

ဒီလိုလက္မွတ္ေရာင္းခြင့္မရွိေတာ့လို႔ ခ်ဲလ္ဆီးဟာကလပ္ရဲ႕

မီဂါစတိုးကိုလည္း ပိတ္ပင္ခဲ့ရပါတယ္။ အဆိုးဆုံးကေတာ့

မိုဗစ္ခ်္ အေနနဲ႔ကလပ္ကိုေရာင္းခ်ဖို႔အျမန္ဆုံးသေဘာမတူဘူး ဆိုရင္

သူတို႔ရဲ႕ၿပိဳင္ပြဲေတြမွာယွဥ္ၿပိဳင္ကစားခြင့္ရွိတဲ့

လိုင္စင္ကိုသက္တမ္းထပ္တိုးေပးဖို႔မရွိေတာ့ပါဘူး။

ဒီလိုင္စင္မရွိရင္ ခ်ဲ လ္ဆီးဟာ ဘာမယ့္ရာသီမွာၿပိဳင္ပြဲေတြကို

ဝင္ၿပိဳင္ခြင့္ရေတာ့မွာမဟုတ္ပါဘူး။

လက္ရွိလိုင္စင္သက္တမ္းက လာမယ့္ေမလ ၃၁ မွာကုန္ဆုံးမွာျဖစ္ၿပီး

အဲဒီမတိုင္ခင္မွာ ခ်ဲလ္ဆီးကိုေရာင္းဖို႔သေဘာတူမလား၊

ဒါမွမဟုတ္ တစ္ျပားမွမယူဘဲ ဒီအတိုင္း ထြက္သြားမလားဆိုတာ

မိုဗစ္ခ်္ဆုံးျဖတ္ရေတာ့မွာပါ။

သူ႔အေနနဲ႔အခ်ိန္မီမဆုံးျဖတ္ဘူးဆိုရင္ေတာ့ ခ်ဲလ္ဆီးအသင္းဟာ

ဝင္ေငြမရွိေတာ့ဘဲျဖစ္သြားမွာေၾကာင့္ဆက္လက္ရွင္သန္ခြင့္ရွိေတာ့မွာမဟုတ္ဘဲ

ပ်က္ဆီးကိန္းဆိုက္ပါလိမ့္မယ္။

ဒါ့အျပင္သူ႔အေနနဲ႔ ကလပ္ကိုေရာင္းခ်ဖို႔အတြက္

ၿဗိတိန္အစိုးရရဲ႕စီမံခန႔္ခြဲမႈကို နာခံ ရမွာျဖစ္ၿပီး အက်ိဳးအျမတ္ကိုလည္း

လုံးဝရယူပိုင္ခြင့္ရွိမွာ မဟုတ္ေတာ့ပါဘူး။

အႏွစ္ခ်ဳပ္ဆိုရရင္ အခုပိတ္ပင္မႈေၾကာင့္ခ်ဲ လ္ဆီးဟာ ဒီရာသီမွာပြဲေတြဆက္ကစားခြင့္၊

႐ုပ္သံထုတ္လႊင့္ခြင့္ကေနရမယ့္ပိုက္ဆံ ေတြကိုဆက္လက္ရရွိမွာျဖစ္ေပမယ့္

ကစားသမားသစ္ေခၚယူခြင့္၊ စာခ်ဳပ္သစ္ခ်ဳပ္ခြင့္၊ လက္မွတ္ထပ္မံေရာင္းခ်ခြင့္နဲ႔

ကလပ္စတိုးဆိုင္ေတြ ဆက္လက္ေရာင္း ခ်ခြင့္ မလုပ္ႏိုင္ေတာ့တဲ့အျပင္

ကလပ္ကိုေရာင္းခ်ဖို႔ အစိုးရရဲ႕စီမံခန႔္ခြဲမႈေအာက္ကေနသာလုပ္ေဆာင္ရမွာျဖစ္ပါတယ္။

မိုဗစ္ခ်္ဟာ ခ်ဲလ္ဆီးကို ၂၀၀၃ ကတည္းကစတင္ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး

သူ႔လက္ထက္မွာ ေဈးကြက္အသုံးစားရိတ္ေပါင္ ၂.၁ ဘီလီယံအထိသုံးခဲ့ၿပီး

နည္းျပအေျပာင္းအလဲ ၁၃ ဦး၊ ခ်န္ပီယံလိဂ္ ၂ ႀကိမ္နဲ႔

ပရီးမီးယားလိဂ္ ၅ ႀကိမ္အပါအဝင္ ဆုဖလားေပါင္း ၂၁ လုံးရယူႏိုင္ခဲ့ပါတယ္။