
ကြာသပတေးညက ဆောက်သမ်တန်နဲ့အဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ရခဲ့ပြီးနောက်
ဆိုရှယ်မီဒီယာထက်မှာ နယူးကာဆယ်အပေါ် ချီးကျူးသံတွေ ညံနေကြတာပါ။
လက်ရှိမှာလည်း နည်းပြအက်ဒီဟိုဝီရဲ့အသင်းဟာ
ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံရရှိနေတာပါ။
နောက်ဆုံးကစားခဲ့တဲ့ဆောက်သမ်တန်နဲ့ပွဲမှာလည်း
သူတို့ရရှိခဲ့တဲ့နှစ်ဂိုးစလုံးကို ဇန်နဝါရီမှရောက်လာတဲ့
ကစားသမားတွေက သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဆောက်သမ်တန်က ၂၅ မိနစ်မှာတင် ဦးဆောင်ဂိုးစရခဲ့ပေမယ့်
၇ မိနစ်အကြာမှာပဲ တိုက်စစ်မှုးခရစ်ဝုဒ်က ချေပဂိုးပြန်သွင်းပေးခဲ့တာပါ။
အဲဒီနယူးဇီလန်သားအနေနဲ့ နယူးကာဆယ်အတွက်
သူ့ရဲ့ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒုတိယပိုင်းအစ ၅၂ မိနစ်မှာ နယူးကာဆယ်ရခဲ့တဲ့အနိုင်ဂိုးကတော့
အရမ်းကို ထူးရှယ်ဖြစ်ခဲ့တာပါ။
လိုင်ယွန်ကနေ ပြောင်းလာတဲ့ အသင်းစံချိန်တင်ကြေးရှင်
ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူဂွီမာရေးစ်က နောက်ပေါက်နဲ့မြေမကျကန်ခဲ့လို့ဖြစ်ပြီး
အဲဒါကလည်း အသင်းသစ်မှာ သူ့ရဲ့ပထမဆုံးဂိုးဖြစ်ပါတယ်။
နယူးကာဆယ်အနေနဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲမြောက်အနိုင်ရရှိခဲ့တာပါ။
ဒါ့အပြင် နယူးကာဆယ်ဟာ ခရစ္စမတ်နောက်ပိုင်းကတည်းက
ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းဖြစ်နေပါတယ်။
နောက်ပြီး ၂၀၂၂ က ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ထက်
အမှတ်ပိုယူနိုင်တဲ့အသင်းဆိုလို့ လီဗာပူးတစ်သင်းသာ ရှိတာပါ။
ဒီဇင်ဘာတုန်းက မန်စီးတီးကို အိမ်ကွင်းဂိုးပြတ်ရှုံးပြီး တန်းဆင်းဇုန်နဲ့
၃ မှတ်သာကွာခဲ့တဲ့နယူးကာဆယ်ဟာ အခုတော့ တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာ
အဆင့် ၁၄ နေရာကို ရောက်သွားပါပြီ။
zawgyi
၇ ပြဲမွာ ၆ ပြဲေျမာက္အႏိုင္နဲ႔ ငွက္က်ားေတြျပန္လာၿပီ
ၾကာသပေတးညက ေဆာက္သမ္တန္နဲ႔အေဝးကြင္းမွာ ၂-၁ နဲ႔အႏိုင္ရခဲ့ၿပီးေနာက္
ဆိုရွယ္မီဒီယာထက္မွာ နယူးကာဆယ္အေပၚ ခ်ီးက်ဴးသံေတြ ညံေနၾကတာပါ။
လက္ရွိမွာလည္း နည္းျပအက္ဒီဟိုဝီရဲ႕အသင္းဟာ
ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးပုံစံရရွိေနတာပါ။
ေနာက္ဆုံးကစားခဲ့တဲ့ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း
သူတို႔ရရွိခဲ့တဲ့ႏွစ္ဂိုးစလုံးကို ဇန္နဝါရီမွေရာက္လာတဲ့
ကစားသမားေတြက သြင္းခဲ့တာ ျဖစ္ပါတယ္။
အဲဒီပြဲမွာ ေဆာက္သမ္တန္က ၂၅ မိနစ္မွာတင္ ဦးေဆာင္ဂိုးစရခဲ့ေပမယ့္
၇ မိနစ္အၾကာမွာပဲ တိုက္စစ္မႈးခရစ္ဝုဒ္က ေခ်ပဂိုးျပန္သြင္းေပးခဲ့တာပါ။
အဲဒီနယူးဇီလန္သားအေနနဲ႔ နယူးကာဆယ္အတြက္
သူ႔ရဲ႕ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဒုတိယပိုင္းအစ ၅၂ မိနစ္မွာ နယူးကာဆယ္ရခဲ့တဲ့အႏိုင္ဂိုးကေတာ့
အရမ္းကို ထူးရွယ္ျဖစ္ခဲ့တာပါ။
လိုင္ယြန္ကေန ေျပာင္းလာတဲ့ အသင္းစံခ်ိန္တင္ေၾကးရွင္
ဘရာဇီးလက္ေ႐ြးစင္ကြင္းလယ္လူဂြီမာေရးစ္က ေနာက္ေပါက္နဲ႔ေျမမက်ကန္ခဲ့လို႔ျဖစ္ၿပီး
အဲဒါကလည္း အသင္းသစ္မွာ သူ႔ရဲ႕ပထမဆုံးဂိုးျဖစ္ပါတယ္။
နယူးကာဆယ္အေနနဲ႔ ေနာက္ဆုံးပရီးမီးယားလိဂ္ ၇ ပြဲမွာ ၆ ပြဲေျမာက္အႏိုင္ရရွိခဲ့တာပါ။
ဒါ့အျပင္ နယူးကာဆယ္ဟာ ခရစၥမတ္ေနာက္ပိုင္းကတည္းက
ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့တစ္သင္းတည္းေသာအသင္းျဖစ္ေနပါတယ္။
ေနာက္ၿပီး ၂၀၂၂ က ပရီးမီးယားလိဂ္မွာ နယူးကာဆယ္ထက္
အမွတ္ပိုယူႏိုင္တဲ့အသင္းဆိုလို႔ လီဗာပူးတစ္သင္းသာ ရွိတာပါ။
ဒီဇင္ဘာတုန္းက မန္စီးတီးကို အိမ္ကြင္းဂိုးျပတ္ရႈံးၿပီး တန္းဆင္းဇုန္နဲ႔
၃ မွတ္သာကြာခဲ့တဲ့နယူးကာဆယ္ဟာ အခုေတာ့ တန္းဆင္းဇုန္နဲ႔ ၁၀ မွတ္အကြာ
အဆင့္ ၁၄ ေနရာကို ေရာက္သြားပါၿပီ။