၇နှစ်ကြာ ရှုံးပွဲဆက်နေမှုကို အဆုံးသတ်လိုက်တဲ့ ဆန်မာရီနို ယူ၂၁ အသင်း

ဆန်မာရီနို ယူ၂၁ အသင်းဟာ ယမန်နေ့ညက လတ်ဗီးယားနဲ့ပွဲမှာ

၇ နှစ်ဆက်ရှုံးပွဲကြုံတွေ့နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဆန်မာရီနို ယူ၂၁ အသင်းဟာ လတ်ဗီးယားနဲ့အိမ်ကွင်းပွဲမတိုင်ခင်
နောက်ဆုံးကစားခဲ့တဲ့ ၃၅ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်ပြီး
၂၀၁၅ ဇွန်လကတည်းက ကစားသမျှပွဲတိုင်း အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ဥရောပ ယူ၂၁ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့

ခြေစစ်ပွဲမှာလည်း ဆန်မာရီနိုလူငယ်အသင်းနဲ့ပတ်သက်လို့
မျှော်လင့်ချက်နည်းပါးခဲ့ပေမယ့် အိမ်ရှင်အသင်းကတော့
မထင်မှတ်တာတွေ လုပ်ပြပြီး ဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။
အီတလီနိုင်ငံသား မက်တီယိုဆီချက်တီ နည်းပြအဖြစ်
ကိုင်တွယ်နေတဲ့ ဆန်မာရီနို ယူ၂၁ အသင်းဟာ

ယမန်နှစ်က ကစားခဲ့တဲ့ ပ-အကျော့ပွဲမှာ လတ်ဗီးယား ယူ၂၁ အသင်းကို
၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ ဂိုးမရှိသရေကစားနိုင်ခဲ့တာပါ။
ဆန်မာရီနို ယူ၂၁ အသင်းဟာ ၇နှစ်ဆက် ရှုံးပွဲတွေ့ကြုံခဲ့တဲ့အနက်
စကော့တလန်ကို ၇-ဝ၊ ဂျာမနီကို ၆-ဝ၊ ခရိုအေးရှားကို
၁၀-ဝ၊ ချက်ကို ၆-ဝ(နှစ်ကြိမ်)နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။

ဆန်မာရီနို ယူ၂၁အသင်းရဲ့ နောက်ဆုံးသွင်းဂိုးကလည်း
၂၀၁၇ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ သွင်းယူခဲ့တာဖြစ်ပြီး
ချက်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီအဒါရီယိုက သွင်းယူခဲ့တာပါ။
ယခုအခါ အသက် ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ အဒါရီယိုဟာ အခုဆိုရင်
လက်ရွေးစင်အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး

ဆန်မာရီနိုအသင်းကြီးအတွက် စုစုပေါင်း ၁၆ပွဲ ကစားပေးထားပါတယ်။
ဆန်မာရီနို ယူ၂၁ အသင်းဟာ ၂၀၁၅ ဇွန်လက
အက်စ်တိုးနီးယားနဲ့ ဂိုးမရှိသရေကစားခဲ့တာဖြစ်ပြီး
၂၀၁၃ စက်တင်ဘာလက ဝေးလ်ကို ၁-၀ ဂိုးနဲ့
အနိုင်ရခဲ့တာက သူတို့အသင်းအတွက် နောက်ဆုံးနိုင်ပွဲဖြစ်နေပါတယ်။

ဆန်မာရီနို ယူ၂၁ အသင်းက ၉နှစ်ဆက်
နိုင်ပွဲပျောက်နေတာမှန်ပေမယ့် အန်ဒိုရာလက်ရွေးစင်အသင်းနဲ့
ယှဉ်ရင်တော့ တော်သေးတယ်လို့ ဆိုနိုင်ပြီး
အန်ဒိုရာအသင်းက ၂၀၀၄ ကနေ ၂၀၁၇ အထိ
၁၃ နှစ်ကြာ နိုင်ပွဲပျောက်ခဲ့ရပါတယ်။

၂၀၀၄ အောက်တိုဘာလက မြောက်မက်ဆီဒိုးနီးယားကို
၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အန်ဒိုရာဟာ
၈၆ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပြီးမှ ၂၀၁၇ ဖေဖော်ဝါရီလက
ခြေစမ်းပွဲမှာ ဆန်မာရီနိုကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
နိုင်ပွဲအရသာ ပြန်လည်ခံစားနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

၇ႏွစ္ၾကာ ရံႈးပြဲဆက္ေနမႈကို အဆုံးသတ္လုိက္တ့ဲ ဆန္မာရီယို ယူ၂၁ အသင္း
ဆန္မာရီႏို ယူ၂၁ အသင္းဟာ ယမန္ေန႔ညက လတ္ဗီးယားနဲ႔ပြဲမွာ

၇ ႏွစ္ဆက္ရံႈးပြဲႀကံဳေတြ႕ေနမႈကို အဆုံးသတ္ႏုိ္င္ခဲ့ပါတယ္။
ဆန္မာရီႏို ယူ၂၁ အသင္းဟာ လတ္ဗီးယားနဲ႔အိမ္ကြင္းပြဲမတုိင္ခင္
ေနာက္ဆုံးကစားခဲ့တဲ့ ၃၅ပြဲဆက္ အေရးနိမ့္ခဲ့တာျဖစ္ၿပီး
၂၀၁၅ ဇြန္လကတည္းက ကစားသမွ်ပြဲတုိင္း အေရးနိမ့္ခ့ဲတာျဖစ္ပါတယ္။
မေန႔က ကစားခဲ့တဲ့ဥေရာပ ယူ၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲရဲ႕

ေျခစစ္ပဲြမွာလည္း ဆန္မာရီႏိုလူငယ္အသင္းနဲ႔ပတ္သက္လုိ႔
ေမွ်ာ္လင့္ခ်က္နည္းပါးခဲ့ေပမယ့္ အိမ္ရွင္အသင္းကေတာ့
မထင္မွတ္တာေတြ လုပ္ျပၿပီး ဂိုးမရွိသေရကစားႏိုင္ခဲ့ပါတယ္။
အီတလီႏိုင္ငံသား မက္တီယိုဆီခ်က္တီ နည္းျပအျဖစ္
ကုိင္တြယ္ေနတဲ့ ဆန္မာရီႏို ယူ၂၁ အသင္းဟာ

ယမန္ႏွစ္က ကစားခဲ့တဲ့ ပ-အေက်ာ့ပြဲမွာ လတ္ဗီးယား ယူ၂၁ အသင္းကို
၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒီပဲြမွာေတာ့ ဂိုးမရွိသေရကစားႏိုင္ခဲ့တာပါ။
ဆန္မာရီႏို ယူ၂၁ အသင္းဟာ ၇ႏွစ္ဆက္ ရံႈးပြဲေတြ႕ႀကံဳခဲ့တဲ့အနက္
စေကာ့တလန္ကို ၇-၀၊ ဂ်ာမနီကို ၆-၀၊ ခရိုေအးရွားကို
၁၀-၀၊ ခ်က္ကို ၆-၀(ႏွစ္ႀကိမ္)နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲေတြလည္း ပါ၀င္ခဲ့ပါတယ္။

ဆန္မာရီႏို ယူ၂၁အသင္းရဲ႕ ေနာက္ဆုံးသြင္းဂိုးကလည္း
၂၀၁၇ ႏို၀င္ဘာလ ၁၁ ရက္ေန႔မွာ သြင္းယူခဲ့တာျဖစ္ၿပီး
ခ်က္ကို ၃-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒီအဒါရီယိုက သြင္းယူခဲ့တာပါ။
ယခုအခါ အသက္ ၂၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ အဒါရီယိုဟာ အခုဆုိရင္
လက္ေရြးစင္အသင္းႀကီးမွာ ပုံမွန္ပြဲထြက္ခြင့္ရေနၿပီး

ဆန္မာရီႏိုအသင္းႀကီးအတြက္ စုစုေပါင္း ၁၆ပြဲ ကစားေပးထားပါတယ္။
ဆန္မာရီႏို ယူ၂၁ အသင္းဟာ ၂၀၁၅ ဇြန္လက
အက္စ္တိုးနီးယားနဲ႔ ဂိုးမရွိသေရကစားခဲ့တာျဖစ္ၿပီး
၂၀၁၃ စက္တင္ဘာလက ေ၀းလ္ကို ၁-၀ ဂိုးနဲ႔
အႏိုင္ရခဲ့တာက သူတုိ႔အသင္းအတြက္ ေနာက္ဆုံးႏုိင္ပြဲျဖစ္ေနပါတယ္။

ဆန္မာရီႏို ယူ၂၁ အသင္းက ၉ႏွစ္ဆက္
နိုင္ပြဲေပ်ာက္ေနတာမွန္ေပမယ့္ အန္ဒိုရာလက္ေရြးစင္အသင္းနဲ႔
ယွဥ္ရင္ေတာ့ ေတာ္ေသးတယ္လုိ႔ ဆုိႏိုင္ၿပီး
အန္ဒိုရာအသင္းက ၂၀၀၄ ကေန ၂၀၁၇ အထိ
၁၃ ႏွစ္ၾကာ ႏိုင္ပဲြေပ်ာက္ခဲ့ရပါတယ္။

၂၀၀၄ ေအာက္တုိဘာလက ေျမာက္မက္ဆီဒိုးနီးယားကို
၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အန္ဒိုရာဟာ
၈၆ပြဲဆက္ ႏို္င္ပြဲေပ်ာက္ခဲ့ရၿပီးမွ ၂၀၁၇ ေဖေဖာ္၀ါရီလက
ေျခစမ္းပြဲမွာ ဆန္မာရီႏိုကို ၂-၀ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
ႏိုင္ပြဲအရသာ ျပန္လည္ခံစားႏိုင္ခဲ့တာျဖစ္ပါတယ္။