
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနောက်ပိုင်းပွဲတွေမှာ
ရလဒ်ဆိုးတွေနဲ့ရုန်းကန်နေရတာကြောင့် ပရိသတ်(၆၉%)က
နည်းပြဆိုးလ်ရှား ရာထူးကထုတ်ပယ်ခံရဖို့ဆန္ဒရှိနေကြပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း
စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းစတဲ့ထိပ်တန်းကစားသမားတွေအတွက်
ပေါင်(၁၂၆)သန်းသုံးစွဲခေါ်ယူခဲ့ပြီး အသင်းက ဆုဖလားအောင်မြင်မှုတွေ
ရယူနိုင်ဖို့အသင့်ရှိနေပြီလို့ ပရိသတ်တွေက ယူဆခဲ့ကြပေမယ့် အခုအချိန်မှာ
ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်က စောစောစီးစီး
ထွက်ခွာရမယ့်အနေအထားဖြစ်နေသလို ချန်ပီယံလိဂ်မှာလည်း
အုပ်စုကတက်ဖို့ရုန်းကန်နေရတာကြောင့် နည်းပြဆိုးလ်ရှားတစ်ယောက်
ဖိအားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်အများစုကတော့ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းအတွက်
ဆုဖလားတွေရယူပေးနိုင်မယ့် အရည်အချင်းမရှိဘူးလို့ ယုံကြည်နေတဲ့အပြင် ရာထူးကထုတ်ပယ်ခံရဖို့
ဆန္ဒရှိနေကြတာပါ။ ဗြိတိန်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ The Athletic က
ဆိုးလ်ရှားအပေါ် သဘောထားနဲ့ပတ်သက်လို့ ယူနိုက်တက်ပရိသတ်(၄၀၀၀)
ကျော်ဆီကနေ မဲဆန္ဒကောက်ခံခဲ့ချိန်မှာ (၆၉%)က ဆိုးလ်ရှားကို
ရာထူးကထုတ်ပယ်ဖို့မဲပေးခဲ့ကြတာဖြစ်ပါတယ်။
The Athletic က သူတို့ဝက်ဘ်ဆိုက်မှာ မေးခွန်းတွေထုတ်ပြန်ခဲ့ပြီး
‘မော်ရင်ဟိုနေရာမှာ အစားဝင်ပြီးကတည်းက ဆိုးလ်ရှားဟာ
အကောင်းဆုံးလုပ်ဆောင်နိုင်သလား၊ အဆိုးဆုံးလုပ်ဆောင်နိုင်သလား’ဆိုတဲ့
မေးခွန်းကို (၅၁%)က အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ မဲပေးခဲ့ပြီး (၄%)က
အရမ်းကောင်းအဖြစ်မဲပေးခဲ့သလို (၁%)က အဆိုးရွားဆုံးအဖြစ်မဲပေးခဲ့ကြပါတယ်။
ဒုတိယမေးခွန်းအဖြစ် လက်ရှိဆိုးလ်ရှားရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့
မဲဆန္ဒကောက်ခံချိန်မှာ (၄၇%)က ဆိုးရွားတယ်လို့မဲပေးခဲ့ပြီး (၄၄%)ကတော့
အရမ်းဆိုးရွားတယ်လို့ မဲပေးခဲ့တာကြောင့် ပရိသတ်(၉၁%)ဟာ ဆိုးလ်ရှားရဲ့
လက်ရှိစွမ်းဆောင်ရည်က အဆိုးဆုံးနဲ့အဆိုးရွားဆုံးအနေအထားမှာရှိနေတယ်လို့
ယူဆနေကြတာဖြစ်ပါတယ်။
နောက်ဆုံးမေးခွန်းဖြစ်တဲ့ ဆိုးလ်ရှားကို
ရာထူးကထုတ်ပယ်သင့်လားဆိုတဲ့မေးခွန်းမှာတော့ (၆၉%)က ထောက်ခံခဲ့ပြီး
(၁၃%)က ရာသီကုန်အထိအချိန်ပေးဖို့နဲ့ (၃%)သာ နည်းပြရာထူးမှာ
ဆိုးလ်ရှား နှစ်ရှည်ဆက်ရှိသင့်တယ်လို့ ထောက်ခံခဲ့တာပါ။ အခုလောလောဆယ်
ဆိုးလ်ရှားနေရာမှာအစားထိုးခံဖို့ရှိနေတဲ့ နည်းပြတွေနဲ့ပတ်သက်လို့
သတင်းတွေအမျိုးမျိုးထွက်နေပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ကတော့
အခုအချိန်အထိ ဘာမှလှုပ်ရှားမှုမရှိသေးတာကြောင့် ဆိုးလ်ရှားနဲ့
ဆက်ပြီးလက်တွဲသွားမယ့်အခြေအနေပါပဲ။
zawgyi
(၆၉%) ေသာ ယူႏိုက္တက္ပရိသတ္မ်ားက နည္းျပရာထူးကေန ဆိုးလ္ရွားထုတ္ပယ္ခံရဖို႔ ဆႏၵရွိေန
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုေနာက္ပိုင္းပြဲေတြမွ
ာ ရလဒ္ဆိုးေတြနဲ႔႐ုန္းကန္ေနရတာေၾကာင့္ ပရိသတ္(၆၉%)က
နည္းျပဆိုးလ္ရွား ရာထူးကထုတ္ပယ္ခံရဖို႔ဆႏၵရွိေနၾကပါတယ္။
ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း
စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းစတဲ့ထိပ္တန္းကစားသမားေတြအတြက္
ေပါင္(၁၂၆)သန္းသုံးစြဲေခၚယူခဲ့ၿပီး အသင္းက ဆုဖလားေအာင္ျမင္မႈေတြ
ရယူႏိုင္ဖို႔အသင့္ရွိေနၿပီလို႔ ပရိသတ္ေတြက ယူဆခဲ့ၾကေပမယ့္ အခုအခ်ိန္မွာ
ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚက ေစာေစာစီးစီး
ထြက္ခြာရမယ့္အေနအထားျဖစ္ေနသလို ခ်န္ပီယံလိဂ္မွာလည္း
အုပ္စုကတက္ဖို႔႐ုန္းကန္ေနရတာေၾကာင့္ နည္းျပဆိုးလ္ရွားတစ္ေယာက္
ဖိအားေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္အမ်ားစုကေတာ့
ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းအတြက္ ဆုဖလားေတြရယူေပးႏိုင္မယ့္
အရည္အခ်င္းမရွိဘူးလို႔ ယုံၾကည္ေနတဲ့အျပင္ ရာထူးကထုတ္ပယ္ခံရဖို႔
ဆႏၵရွိေနၾကတာပါ။ ၿဗိတိန္အားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ The Athletic က
ဆိုးလ္ရွားအေပၚ သေဘာထားနဲ႔ပတ္သက္လို႔ ယူႏိုက္တက္ပရိသတ္(၄၀၀၀)
ေက်ာ္ဆီကေန မဲဆႏၵေကာက္ခံခဲ့ခ်ိန္မွာ (၆၉%)က ဆိုးလ္ရွားကို
ရာထူးကထုတ္ပယ္ဖို႔မဲေပးခဲ့ၾကတာျဖစ္ပါတယ္။
The Athletic က သူတို႔ဝက္ဘ္ဆိုက္မွာ ေမးခြန္းေတြထုတ္ျပန္ခဲ့ၿပီး
‘ေမာ္ရင္ဟိုေနရာမွာ အစားဝင္ၿပီးကတည္းက ဆိုးလ္ရွားဟာ
အေကာင္းဆုံးလုပ္ေဆာင္ႏိုင္သလား၊ အဆိုးဆုံးလုပ္ေဆာင္ႏိုင္သလား’ဆိုတဲ့
ေမးခြန္းကို (၅၁%)က အေကာင္းဆုံးလုပ္ေဆာင္ႏိုင္တယ္လို႔ မဲေပးခဲ့ၿပီး (၄%)က
အရမ္းေကာင္းအျဖစ္မဲေပးခဲ့သလို (၁%)က အဆိုး႐ြားဆုံးအျဖစ္မဲေပးခဲ့ၾကပါတယ္။
ဒုတိယေမးခြန္းအျဖစ္ လက္ရွိဆိုးလ္ရွားရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔
မဲဆႏၵေကာက္ခံခ်ိန္မွာ (၄၇%)က ဆိုး႐ြားတယ္လို႔မဲေပးခဲ့ၿပီး (၄၄%)ကေတာ့
အရမ္းဆိုး႐ြားတယ္လို႔ မဲေပးခဲ့တာေၾကာင့္ ပရိသတ္(၉၁%)ဟာ ဆိုးလ္ရွားရဲ႕
လက္ရွိစြမ္းေဆာင္ရည္က အဆိုးဆုံးနဲ႔အဆိုး႐ြားဆုံးအေနအထားမွာရွိေနတယ္လို႔
ယူဆေနၾကတာျဖစ္ပါတယ္။ ေနာက္ဆုံးေမးခြန္းျဖစ္တဲ့ ဆိုးလ္ရွားကို
ရာထူးကထုတ္ပယ္သင့္လားဆိုတဲ့ေမးခြန္းမွာေတာ့ (၆၉%)က ေထာက္ခံခဲ့ၿပီး
(၁၃%)က ရာသီကုန္အထိအခ်ိန္ေပးဖို႔နဲ႔ (၃%)သာ နည္းျပရာထူးမွာ
ဆိုးလ္ရွား ႏွစ္ရွည္ဆက္ရွိသင့္တယ္လို႔ ေထာက္ခံခဲ့တာပါ။ အခုေလာေလာဆယ္
ဆိုးလ္ရွားေနရာမွာအစားထိုးခံဖို႔ရွိေနတဲ့ နည္းျပေတြနဲ႔ပတ္သက္လို႔
သတင္းေတြအမ်ိဳးမ်ိဳးထြက္ေနေပမယ့္ ယူႏိုက္တက္ဘုတ္အဖြဲ႕ကေတာ့
အခုအခ်ိန္အထိ ဘာမွလႈပ္ရွားမႈမရွိေသးတာေၾကာင့္ ဆိုးလ္ရွားနဲ႔
ဆက္ၿပီးလက္တြဲသြားမယ့္အေျခအေနပါပဲ။