၆၃ နှစ်အတွင်းမှာပြင်သစ်အတွက်ပထမဆုံး ၄ ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဘာပေ

ပြင်သစ်အသင်းဟာမနေ့ညက ကာဇက်စတန်ကို ၈-၀ နဲ့အနိုင်ရရှိခဲ့ပြီး

ဒီပွဲမှာတစ်ဦးတည်း ၄ ဂိုးသွင်းယူခဲ့တဲ့တိုက်စစ်မှူး ဘာပေ ဟာ

၆၃ နှစ်အတွင်းမှာပြင်သစ်အတွက်ပထမဆုံး ၄ ဂိုးသွင်းသူအဖြစ်

မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးဖြစ်တဲ့

ဘာပေ ဟာပြင်သစ်ကအလွယ်တကူနိုင်ခဲ့တဲ့အဲဒီပွဲမှာပထမပိုင်းကတည်းက

၃ ဂိုးသွင်းထားခဲ့ပြီး ဒုတိယပိုင်းမှာတစ်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

ပြင်သစ်အတွက်နောက်ထပ်ဂိုးတွေကိုတော့ ဘင်ဇီမာက ၂ ဂိုး၊ ဂရစ်ဇ်မန်းနဲ့

ရာဘီယော့တို့ကတစ်ဂိုးစီသွင်းယူခဲ့ကြတာပါ။

ဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာလည်း ကာတာမှာကျင်းပမယ့်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

အရင်ကပြင်သစ်အတွက် ၄ ဂိုးသွင်းယူခဲ့သူက ဂျက်စ်ဖောင်တိန်ဖြစ်ပြီး

၁၉၅၈ ဇွန်လတုန်းကအနောက်ဂျာမနီနဲ့ယှဥ်ပြိုင်ခဲ့တဲ့ပွဲမှာ ၄ ဂိုး

သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းဘယ်သူကမှ ပြင်သစ်အတွက်

၄ ဂိုးသွင်းယူခဲ့တာမရှိတော့ဘဲ ၆၃ နှစ်ကြာမှ ဘာပေက

ပြန်လည်သွင်းယူကာ မှတ်တမ်းကောင်းရရှိခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းမှာဟက်ထရစ်သွင်းယူနိုင်သူလည်းရှားပါးခဲ့ပြီး

နောက်ဆုံးအကြိမ်ဟက်ထရစ်ရရှိခဲ့သူက ဒိုမင်နစ်ရိုချီတူ ဖြစ်ပြီး

၁၉၈၅ တုန်းက လူဇင်ဘတ်နဲ့ပွဲမှာ ၃ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာဘာပေက” ပွဲစဥ်ဘောလုံးကတော့အဝတ်လဲခန်းထဲမှာရောက်နေပြီဗျ။

အရေးအကြီးဆုံးကတော့ ခြေစစ်ပွဲအောင်ဖို့ဘဲလေ။

ထပ်ဆောင်းပြောရမယ်ဆိုရင်တော့ ခြေစစ်ပွဲအုပ်စုထဲမှာ

ကမ္ဘာ့ဖလားမကစားဘူးတဲ့သူတွေအများကြီးဘဲ။ ကျွန်တော့်လိုမျိုး

ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ကစားရမယ့်သူအဖို့ကတော့ တကယ့်အိပ်မက်ပါဘဲ။

ကျွန်တော်ထင်ပါတယ် ဒီကနေ့ညမှာပရိသတ်တွေပျော်ကြမယ်လို့လေ။

ဒီတော့ကျွန်တော်တို့လည်းပျော်ရတာပေါ့။ ပြိုင်ဘက်ကိုလေးစားတဲ့အတွက်လည်း

ပွဲနောက်ဆုံးအချိန်အထိကြိုးစားခဲ့လို့ ဂိုးပြတ်ခဲ့တာပါ။ ကျွန်တော့်နေနဲ့

ခြေစွမ်းမပြနိုင်တဲ့ပွဲတွေရှိခဲ့တာကတော့အမှန်ပါဘဲ။ ဒါပေမယ့်ဒီနှစ်ထဲမှာ

ကျွန်တော်တိုးတက်လာပြီး ကျွန်တော်ဖြစ်တဲ့ရည်မှန်းချက်ကိုစတင်နေပြီလို့

ဆိုရပါမယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာပြင်သစ်ဗိုလ်စွဲခဲ့သလို ၂၀၂၂ မှာလည်း

ဗိုလ်စွဲဖို့သာရည်ရွယ်ထားပါတယ်” လို့ပြောသွားပါတယ်။

zawgyi

၆၃ ႏွစ္အတြင္းမွာျပင္သစ္အတြက္ပထမဆုံး ၄ ဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ဘာေပ

ျပင္သစ္အသင္းဟာမေန႔ညက ကာဇက္စတန္ကို ၈-၀ နဲ႔အႏိုင္ရရွိခဲ့ၿပီး

ဒီပြဲမွာတစ္ဦးတည္း ၄ ဂိုးသြင္းယူခဲ့တဲ့တိုက္စစ္မႉး ဘာေပ ဟာ

၆၃ ႏွစ္အတြင္းမွာျပင္သစ္အတြက္ပထမဆုံး ၄ ဂိုးသြင္းသူအျဖစ္

မွတ္တမ္းဝင္ခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီတိုက္စစ္မႉးျဖစ္တဲ့

ဘာေပ ဟာျပင္သစ္ကအလြယ္တကူႏိုင္ခဲ့တဲ့အဲဒီပြဲမွာပထမပိုင္းကတည္းက

၃ ဂိုးသြင္းထားခဲ့ၿပီး ဒုတိယပိုင္းမွာတစ္ဂိုးထပ္မံသြင္းယူခဲ့ပါတယ္။

ျပင္သစ္အတြက္ေနာက္ထပ္ဂိုးေတြကိုေတာ့ ဘင္ဇီမာက ၂ ဂိုး၊ ဂရစ္ဇ္မန္းနဲ႔

ရာဘီေယာ့တို႔ကတစ္ဂိုးစီသြင္းယူခဲ့ၾကတာပါ။

ဒီႏိုင္ပြဲေၾကာင့္ ျပင္သစ္အသင္းဟာလည္း ကာတာမွာက်င္းပမယ့္

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။

အရင္ကျပင္သစ္အတြက္ ၄ ဂိုးသြင္းယူခဲ့သူက ဂ်က္စ္ေဖာင္တိန္ျဖစ္ၿပီး

၁၉၅၈ ဇြန္လတုန္းကအေနာက္ဂ်ာမနီနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ ၄ ဂိုး

သြင္းယူခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းဘယ္သူကမွ ျပင္သစ္အတြက္

၄ ဂိုးသြင္းယူခဲ့တာမရွိေတာ့ဘဲ ၆၃ ႏွစ္ၾကာမွ ဘာေပက

ျပန္လည္သြင္းယူကာ မွတ္တမ္းေကာင္းရရွိခဲ့တာျဖစ္ပါတယ္။

ျပင္သစ္အသင္းမွာဟက္ထရစ္သြင္းယူႏိုင္သူလည္းရွားပါးခဲ့ၿပီး

ေနာက္ဆုံးအႀကိမ္ဟက္ထရစ္ရရွိခဲ့သူက ဒိုမင္နစ္႐ိုခ်ီတူ ျဖစ္ၿပီး

၁၉၈၅ တုန္းက လူဇင္ဘတ္နဲ႔ပြဲမွာ ၃ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာဘာေပက” ပြဲစဥ္ေဘာလုံးကေတာ့အဝတ္လဲခန္းထဲမွာေရာက္ေနၿပီဗ်။

အေရးအႀကီးဆုံးကေတာ့ ေျခစစ္ပြဲေအာင္ဖို႔ဘဲေလ။

ထပ္ေဆာင္းေျပာရမယ္ဆိုရင္ေတာ့ ေျခစစ္ပြဲအုပ္စုထဲမွာ

ကမာၻ႔ဖလားမကစားဘူးတဲ့သူေတြအမ်ားႀကီးဘဲ။ ကြၽန္ေတာ့္လိုမ်ိဳး

ကမာၻ႔ဖလားကို ဒုတိယအႀကိမ္ကစားရမယ့္သူအဖို႔ကေတာ့ တကယ့္အိပ္မက္ပါဘဲ။

ကြၽန္ေတာ္ထင္ပါတယ္ ဒီကေန႔ညမွာပရိသတ္ေတြေပ်ာ္ၾကမယ္လို႔ေလ။

ဒီေတာ့ကြၽန္ေတာ္တို႔လည္းေပ်ာ္ရတာေပါ့။ ၿပိဳင္ဘက္ကိုေလးစားတဲ့အတြက္လည္း

ပြဲေနာက္ဆုံးအခ်ိန္အထိႀကိဳးစားခဲ့လို႔ ဂိုးျပတ္ခဲ့တာပါ။ ကြၽန္ေတာ့္ေနနဲ႔

ေျခစြမ္းမျပႏိုင္တဲ့ပြဲေတြရွိခဲ့တာကေတာ့အမွန္ပါဘဲ။ ဒါေပမယ့္ဒီႏွစ္ထဲမွာ

ကြၽန္ေတာ္တိုးတက္လာၿပီး ကြၽန္ေတာ္ျဖစ္တဲ့ရည္မွန္းခ်က္ကိုစတင္ေနၿပီလို႔

ဆိုရပါမယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားမွာျပင္သစ္ဗိုလ္စြဲခဲ့သလို ၂၀၂၂ မွာလည္း

ဗိုလ္စြဲဖို႔သာရည္႐ြယ္ထားပါတယ္” လို႔ေျပာသြားပါတယ္။