၅ နှစ်ကလေးတောင် အဲဒီလိုမျိုး လှည့်ပြတတ်တယ်ဆိုပြီး ပါလာ ဟားတိုက်နေ

ရှရစ်ဖ်နဲ့ပွဲစဉ်မှာ အန်တိုနီရဲ့ ၃၆၀ ဒီဂရီ လှည့်ဖြားမှုဟာ ၅ နှစ်အရွယ် ကလေး တွေတောင် လုပ်တတ်တယ်လို့ မဟာပြိုင်ဘက် အာဆင်နယ် ကွင်းလယ်လူဟောင်း ရေးပါလာက အပုပ်ချလိုက်ပါတယ်။

မန်ယူက ရှရစ်ဖ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက် အင်္ဂလန်ကလပ်ဟာ ယူရိုပါလိဂ် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမဲ့ အန်တိုနီရဲ့ ပြကွက်နဲ့ ပတ်သက်လို့

ဝေဖန်မှုတွေက သတင်းဝက်ဘ်ဆိုက်တွေမှာ နေရာ အပြည့်ယူခဲ့ပါတယ်။ အထူးသဖြင့် အန်တိုနီရဲ့ စကေးပြကွက်ဟာ ပြိုင်ဘက်အသင်းအပေါ် ထိရောက်တဲ့ ထိုးနှက်မှုမျိုး မရှိခဲ့သလို

အသင်းဖော် ကက်စ်မဲရိုးရဲ့ ပြေးလမ်း ထဲကို ထည့်ပေးတဲ့ နေရာမှာလည်း ဂိုးလွန်ဘော ဖြစ်သွားခဲ့တာကြောင့် မန်ယူ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ပေါလ်စခိုးနဲ့ အိုဝင်ဟားဂရေ့ဗ်တို့က

လည်း ဝေဖန်ခဲ့ကြပြီးတဲ့နောက် ပါလာက ဝေဖန်မှုတွေ ထပ်လုပ်ခဲ့ရင်းနဲ့ ဟားတိုက်ရယ်မောခဲ့တာပါ။ အန်တိုနီရဲ့ စကေးပြကွက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပါလာက Talksport

သတင်းဌာနနဲ့ ပြောဆိုခဲ့ရာမှာတော့ ‘’ခင်ဗျားက ဖိအားတွေအောက် ရောက်နေပြီဆိုရင် ဒီလို အခြေအနေမျိုးကနေ ဖောက်ထွက်ဖို့ တစ်ခုခု လုပ်တာဟာ တကယ်မိုက်တာပေါ့။

ခင်ဗျားလည်း ဘောလုံး ပွဲတွေမှာ တကယ့်ကို လက်ဖျားခါလောက်တဲ့ စကေးအကြမ်းစားတွေ မြင်ချင်တာပဲလေ။ ပါးစပ်က ထုတ်ပြောရလောက်အောင်ကို တစ်စုံတစ်ယောက်က

လုပ်ပြတာမျိုး ခင်ဗျား မြင်ချင်တာပဲ။ အဲဒီကောင်က ဘယ်လိုတွေ လုပ်ခဲ့တာလဲ။ ဒါပေမဲ့ ဒါမျိုးတွေကို ခင်ဗျား ကြည့်ချင်တဲ့ ပွဲတွေလည်း ရှိကောင်း ရှိနေမှာပါ။ ကိုယ့်ရဲ့ဘေးမှာ

တစ်ယောက်မှ မရှိဘဲနဲ့များဗျာ။

နှစ်ခါလောက် ပတ်လည်လှည့်ပြီး ဘောလုံးကို ဂိုးနောက်ဘက် ကန်ထုတ်လိုက်တာ ဘာသဘောလဲဗျာ။ ၅ နှစ်ကလေးတောင် အဲဒီလိုမျိုး လုပ်တတ်ပါတယ်’’

လို့ ပါလာက ပြောဆိုခဲ့ပါတယ်။ အန်တိုနီရဲ့ ပြကွက်ကို မြင်လိုက်ရချိန်မှာလည်း မန်ယူနည်းပြ တန်ဟတ်တစ်ယောက် အလိုမကျတဲ့ ပုံစံမျိုးရှိခဲ့ပေမဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဘရာဇီးသားဘက်ကနေပြီး ကာကွယ်ပေး သွားခဲ့ပါတယ်။

(Zawgyi)

(139) ၅ ႏွစ္ကေလးေတာင္ အဲဒီလိုမ်ိဳး လွည့္ျပတတ္တယ္ဆိုၿပီး ပါလာ ဟားတိုက္ေန
===========================
ရွရစ္ဖ္နဲ႔ပြဲစဥ္မွာ အန္တိုနီရဲ႕ ၃၆၀ ဒီဂရီ လွည့္ျဖားမႈဟာ ၅ ႏွစ္အ႐ြယ္ ကေလး ေတြေတာင္ လုပ္တတ္တယ္လို႔ မဟာၿပိဳင္ဘက္ အာဆင္နယ္ ကြင္းလယ္လူ ေဟာင္း ေရးပါလာက

အပုပ္ခ်လိုက္ပါတယ္။ မန္ယူက ရွရစ္ဖ္ကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ၿပီးတဲ့ေနာက္ အဂၤလန္ကလပ္ဟာ ယူ႐ိုပါလိဂ္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ေပမဲ့ အန္တိုနီရဲ႕ ျပကြက္နဲ႔

ပတ္ သက္လို႔ ေဝဖန္မႈေတြက သတင္းဝက္ဘ္ဆိုက္ေတြမွာ ေနရာ အျပည့္ယူခဲ့ပါ တယ္။ အထူးသျဖင့္ အန္တိုနီရဲ႕ စေကးျပကြက္ဟာ ၿပိဳင္ဘက္အသင္းအေပၚ ထိေရာက္တဲ့ ထိုးႏွက္မႈမ်ိဳး မရွိခဲ့သလို

အသင္းေဖာ္ ကက္စ္မဲ႐ိုးရဲ႕ ေျပးလမ္း ထဲကို ထည့္ေပးတဲ့ ေနရာမွာလည္း ဂိုးလြန္ေဘာ ျဖစ္သြားခဲ့တာေၾကာင့္ မန္ယူ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့

ေပါလ္စခိုးနဲ႔ အိုဝင္ဟားဂေရ႕ဗ္တို႔က လည္း ေဝဖန္ခဲ့ၾကၿပီးတဲ့ေနာက္ ပါလာက ေဝဖန္မႈေတြ ထပ္လုပ္ခဲ့ရင္းနဲ႔ ဟား တိုက္ရယ္ေမာခဲ့တာပါ။ အန္တိုနီရဲ႕ စေကးျပကြက္နဲ႔

ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္ကို ပါလာက Talksport သတင္းဌာနနဲ႔ ေျပာဆိုခဲ့ရာမွာေတာ့ ‘’ခင္ဗ်ား က ဖိအားေတြေအာက္ ေရာက္ေနၿပီဆိုရင္ ဒီလို အေျခအေနမ်ိဳးကေန

ေဖာက္ ထြက္ဖို႔ တစ္ခုခု လုပ္တာဟာ တကယ္မိုက္တာေပါ့။ ခင္ဗ်ားလည္း ေဘာလုံး ပြဲေတြမွာ တကယ့္ကို လက္ဖ်ားခါေလာက္တဲ့ စေကးအၾကမ္းစားေတြ ျမင္ခ်င္ တာပဲေလ။

ပါးစပ္က ထုတ္ေျပာရေလာက္ေအာင္ကို တစ္စုံတစ္ေယာက္က လုပ္ျပတာမ်ိဳး ခင္ဗ်ား ျမင္ခ်င္တာပဲ။ အဲဒီေကာင္က ဘယ္လိုေတြ လုပ္ခဲ့ တာလဲ။ ဒါေပမဲ့ ဒါမ်ိဳးေတြကို

ခင္ဗ်ား ၾကည့္ခ်င္တဲ့ ပြဲေတြလည္း ရွိေကာင္း ရွိေနမွာပါ။ ကိုယ့္ရဲ႕ေဘးမွာ တစ္ေယာက္မွ မရွိဘဲနဲ႔မ်ားဗ်ာ။ ႏွစ္ခါေလာက္ ပတ္လည္လွည့္ၿပီး ေဘာလုံးကို ဂိုးေနာက္ဘက္

ကန္ထုတ္လိုက္တာ ဘာ သေဘာလဲဗ်ာ။ ၅ ႏွစ္ကေလးေတာင္ အဲဒီလိုမ်ိဳး လုပ္တတ္ပါတယ္’’ လို႔ ပါလာက ေျပာဆိုခဲ့ပါတယ္။ အန္တိုနီရဲ႕ ျပကြက္ကို ျမင္လိုက္ရခ်ိန္မွာလည္း မန္ယူနည္းျပ

တန္ဟတ္တစ္ေယာက္ အလိုမက်တဲ့ ပုံစံမ်ိဳး ရွိခဲ့ေပမဲ့ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာေတာ့ ဘရာဇီးသားဘက္ကေနၿပီး ကာကြယ္ေပး သြားခဲ့ပါတယ္။