၅ ဂိုး သွင်းနိုင်ဖို့အတွက် ၁၆ နာရီ ပျော်ပါးခွင့်နဲ့ မက်လုံးပေးခဲ့တဲ့ အပြာသရုပ်ဆောင်မယ်

ရုရှားတိုက်စစ်မှူးတစ်ယောက်ဟာ ဘောလုံးရာသီတစ်ခု မပြီးခင်မှာ ၅ ဂိုး သွင်းပြနိုင်ခဲ့မယ်ဆိုရင် သူမနဲ့ ၁၆ နာရီကြာ အတူရှိနေခွင့်ရမယ်ဆိုတဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို

အပြာကားသရုပ်ဆောင်ဖြစ်တဲ့ အလီနာက ကမ်းလှမ်းခဲ့ဖူး တယ်လို့ သိရပါတယ်။ သရုပ်ဆောင်နာမည် အလီနာ ဟန်နဆီလို့ အမည်ရ ပြီး နာမည်ရင်းက အလီနာ

ယီရီမန်ကိုလို့ နာမည်ရတဲ့ သရုပ်ဆောင်တစ် ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အခုလိုမျိုး ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ ပါတယ်။ အဲဒီအချိန်တုန်းက တိုက်စစ်မှူး ကိုကိုရင်ဟာ

ရုရှားကလပ် ဒိုင်နမို မော်စကိုအသင်းမှာ ကစားနေသူဖြစ်ပြီး သူမ စတင် ကမ်းလှမ်းခဲ့တဲ့ အချိန်က နေပြီး ရာသီအဆုံးမှာ ၅ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ၁၆ နာရီ ပျော်ပါးခွင့်နဲ့ ကမ်းလှမ်းခဲ့တယ်လို့

သိရပါတယ်။ ရုရှား ယူရိုစပေါ့ သတင်းအစီအစဉ်နဲ့ စကား ပြောဆိုခဲ့တဲ့ နေရာမှာတော့ အလီနာက ‘’ရုရှားစူပါလိဂ် မပြီးခင် ကိုကိုရင်ဟာ ၅ ဂိုး သွင်းနိုင်ခဲ့မယ်ဆိုရင် သူ့ကို ၁၆ နာရီကြာ

ချစ်တင်းနှောခွင့်ကို ကျွန်မ ပေးမယ်လို့ နှစ်ကိုယ်ကြား မက်ဆေ့ချ်ကနေတစ်ဆင့် အသိပေးခဲ့တာပါ’’ လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒိုင်နမိုမော်စကိုအသင်းဟာ ရာသီအပြီးအထိ

ကစားဖို့က ၁၀ ပွဲအထိ ကျန်နေသေးတာပါ။ ဒါပေမဲ့ တိုက်စစ်မှူး ကိုကိုရင်က တော့ အဲဒီ ၁၀ ပွဲမှာ တစ်ဂိုးပဲ ထပ်သွင်းနိုင်ခဲ့လို့ နတ်မိမယ်လေးနဲ့ ၁၆ နာရီ ကြာ ပျော်ပါးခွင့်ကို ဆုံးရှုံးခဲ့ရတဲ့

ကစားသမားဖြစ်ပါတယ်။ အဲဒီရာသီပြီး နောပ်ထပ် ဘောလုံးရာသီမှာလည်း ကိုကိုရင်ဟာ ဒိုင်နမိုမော်စကိုမှာပဲ ဆက် ရှိနေခဲ့ပြီးတဲ့နောက် ဇင်းနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အခုတော့ ရုရှားတိုက်စစ်မှူးဟာ ဆိုက်ပရပ်စ်ကလပ် အေးရိစ်လီမာဆိုးလ်အသင်းနဲ့ ကစားနေပြီး စီးရီးအေကလပ် ဖီအိုရင်တီးနားကနေ အငှားနဲ့ သွားကစားနေတာလည်း ဖြစ်ပါတယ်။

အီတလီမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖု့ိ ရုန်းကန်ခဲ့ရပြီးတဲ့နောက် ကိုကိုရင်ဟာ ဆိုက်ပရပ်စ်မှာတော့ ၉ ပွဲကစားပြီး ၄ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

(Zawgyi)

၅ ဂိုး သြင္းႏိုင္ဖို႔အတြက္ ၁၆ နာရီ ေပ်ာ္ပါးခြင့္နဲ႔ မက္လုံးေပးခဲ့တဲ့ အျပာသ႐ုပ္ေဆာင္မယ္

႐ုရွားတိုက္စစ္မႉးတစ္ေယာက္ဟာ ေဘာလုံးရာသီတစ္ခု မၿပီးခင္မွာ ၅ ဂိုး သြင္းျပႏိုင္ခဲ့မယ္ဆိုရင္ သူမနဲ႔ ၁၆ နာရီၾကာ အတူရွိေနခြင့္ရမယ္ဆိုတဲ့ ကမ္း လွမ္းမႈတစ္ရပ္ကို

အျပာကားသ႐ုပ္ေဆာင္ျဖစ္တဲ့ အလီနာက ကမ္းလွမ္းခဲ့ဖူး တယ္လို႔ သိရပါတယ္။ သ႐ုပ္ေဆာင္နာမည္ အလီနာ ဟန္နဆီလို႔ အမည္ရ ၿပီး နာမည္ရင္းက အလီနာ ယီရီမန္ကိုလို႔ နာမည္ရတဲ့

သ႐ုပ္ေဆာင္တစ္ ေယာက္ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္မွာ အခုလိုမ်ိဳး ကမ္းလွမ္းမႈတစ္ရပ္ ျပဳလုပ္ခဲ့ ပါတယ္။ အဲဒီအခ်ိန္တုန္းက တိုက္စစ္မႉး ကိုကိုရင္ဟာ ႐ုရွားကလပ္ ဒိုင္နမို ေမာ္စကိုအသင္းမွာ

ကစားေနသူျဖစ္ၿပီး သူမ စတင္ ကမ္းလွမ္းခဲ့တဲ့ အခ်ိန္က ေနၿပီး ရာသီအဆုံးမွာ ၅ ဂိုးသြင္းႏိုင္ခဲ့မယ္ဆိုရင္ ၁၆ နာရီ ေပ်ာ္ပါးခြင့္နဲ႔ ကမ္း လွမ္းခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွား ယူ႐ိုစေပါ့

သတင္းအစီအစဥ္နဲ႔ စကား ေျပာဆိုခဲ့တဲ့ ေနရာမွာေတာ့ အလီနာက ‘’႐ုရွားစူပါလိဂ္ မၿပီးခင္ ကိုကိုရင္ဟာ ၅ ဂိုး သြင္းႏိုင္ခဲ့မယ္ဆိုရင္ သူ႔ကို ၁၆ နာရီၾကာ

ခ်စ္တင္းေႏွာခြင့္ကို ကြၽန္မ ေပးမယ္လို႔ ႏွစ္ကိုယ္ၾကား မက္ေဆ့ခ်္ကေနတစ္ဆင့္ အသိေပးခဲ့တာပါ’’ လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဒိုင္နမိုေမာ္စကိုအသင္းဟာ

ရာသီအၿပီးအထိ ကစားဖို႔က ၁၀ ပြဲအထိ က်န္ေနေသးတာပါ။ ဒါေပမဲ့ တိုက္စစ္မႉး ကိုကိုရင္က ေတာ့ အဲဒီ ၁၀ ပြဲမွာ တစ္ဂိုးပဲ ထပ္သြင္းႏိုင္ခဲ့လို႔ နတ္မိမယ္ေလးနဲ႔ ၁၆ နာရီ ၾကာ

ေပ်ာ္ပါးခြင့္ကို ဆုံးရႈံးခဲ့ရတဲ့ ကစားသမားျဖစ္ပါတယ္။ အဲဒီရာသီၿပီး ေနာပ္ထပ္ ေဘာလုံးရာသီမွာလည္း ကိုကိုရင္ဟာ ဒိုင္နမို ေမာ္စကိုမွာပဲ ဆက္ ရွိေနခဲ့ၿပီးတဲ့ေနာက္

ဇင္းနစ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ အခုေတာ့ ႐ုရွားတိုက္စစ္မႉးဟာ ဆိုက္ပရပ္စ္ကလပ္ ေအးရိစ္လီမာဆိုးလ္အသင္းနဲ႔ ကစားေနၿပီး စီးရီးေအ ကလပ္

ဖီအိုရင္တီးနားကေန အငွားနဲ႔ သြားကစား ေနတာလည္း ျဖစ္ပါတယ္။ အီတလီမွာ ပုံမွန္ေျခစြမ္းျပႏိုင္ဖု႔ိ ႐ုန္းကန္ခဲ့ရၿပီးတဲ့ ေနာက္ ကိုကိုရင္ဟာ ဆိုက္ပရပ္စ္မွာေတာ့ ၉ ပြဲကစားၿပီး ၄ ဂိုးအထိ

သြင္း ထားႏိုင္ၿပီျဖစ္ပါတယ္။