၄ နှစ်ကြာ ထိန်းထားခဲ့တဲ့စံချိန်ကို ဆုံးရှုံးခဲ့ရတဲ့ ဗန်ဒိုက်

လိဒ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ ၄ နှစ်တာ မပြိုလဲအောင် ထိန်းသိမ်းထားခဲ့တဲ့ စံချိန်ကောင်းတစ်ရပ်ကို ဆုံးရှုံးလိုက်ရပါတယ်။

အဲဒီစံချိန်ကတော့ ဒီနယ်သာလန်နောက်ခံလူဟာ လီဗာပူးအိမ်ကွင်းမှာ လုံးဝကို ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ စံချိန်ဖြစ်ပြီး လိဒ်နဲ့ပွဲစဉ်မှာတော့ ကျိုးပျက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ လီဗာပူး အသင်းကို စတင်ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ သူပါဝင်ကစားခွင့်ရခဲ့တဲ့ အန်ဖီးလ်ပွဲစဉ်အားလုံးကို ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ သူဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန်ကနေပြီး လီဗာပူးကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် အိမ်ကွင်းပွဲစဉ်ပေါင်း ၇၀ အထိ ကစားပေးထားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အဲဒီကစားခဲ့တဲ့ ပွဲပေါင်း ၇၀ အတွင်းမှာ ဗန်ဒိုက် ဟာ လီဗာပူးကို ၅၉ ပွဲ အနိုင်ရအောင် ကူညီပေးထားခဲ့သူဖြစ်ပြီး ၁၁ ပွဲ သရေ ရလဒ်ရအောင် ကစားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ၇၁ ကြိမ်မြောက် အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့လီဗာပူးနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရပြီး ၄ နှစ်ကြာ ထိန်းသိမ်း ထားတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ရပ် ကျိုးပျက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

လိဒ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကတော့ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ် ရရှိထားပြီး ရမှတ်က ၁၆ မှတ် ရရှိထားပါတယ်။

ဒါ့အပြင် လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် ပခုံးချင်းယှဉ်နေရတဲ့ အာဆင်နယ်နဲ့ မန်ယူတို့ကိုလည်း ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်

အားစိုက်ရတော့မယ့် အခြေ အနေမျိုး ရှိနေပါပြီ။ ဒါ့အပြင် လီဗာပူးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယား လိဂ် ၅ ပွဲမှာ မန်စီးတီးနဲ့ ဝက်စ်ဟမ်းကိုပဲ အနိုင်ရခဲ့တာဖြစ်ပြီး

အာဆင်နယ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်တို့ကို ရှုံးခဲ့ရတာဖြစ်ပါတယ်။

(Zawgyi)

၄ ႏွစ္ၾကာ ထိန္းထားခဲ့တဲ့စံခ်ိန္ကို ဆုံးရႈံးခဲ့ရတဲ့ ဗန္ဒိုက္

လိဒ္အသင္းကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ဟာ ၄ ႏွစ္တာ မၿပိဳလဲေအာင္ ထိန္းသိမ္းထားခဲ့တဲ့ စံခ်ိန္ေကာင္းတစ္ရပ္ကို ဆုံးရႈံး လိုက္ရပါတယ္။

အဲဒီစံခ်ိန္ကေတာ့ ဒီနယ္သာလန္ေနာက္ခံလူဟာ လီဗာပူးအိမ္ကြင္းမွာ လုံးဝကို ရႈံးပြဲမရွိေအာင္ ကစားထားႏိုင္တဲ့ စံခ်ိန္ျဖစ္ၿပီး လိဒ္နဲ႔ပြဲစဥ္မွာေတာ့ က်ိဳးပ်က္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ လီဗာပူး အသင္းကို စတင္ေရာက္ရွိလာခဲ့တဲ့ ဗန္ဒိုက္ဟာ သူပါဝင္ကစားခြင့္ရခဲ့တဲ့ အန္ ဖီးလ္ပြဲစဥ္အားလုံးကို ရႈံးပြဲမရွိေအာင္ ကစားထားႏိုင္တဲ့ သူျဖစ္ပါတယ္။

ဗန္ ဒိုက္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ ေဆာက္သမ္တန္ကေနၿပီး လီဗာပူးကို ေရာက္ရွိလာခဲ့ၿပီးတဲ့ေနာက္ အိမ္ကြင္းပြဲစဥ္ေပါင္း ၇၀ အထိ ကစားေပးထားခဲ့ တဲ့ ကစားသမားျဖစ္ပါတယ္။

အဲဒီကစားခဲ့တဲ့ ပြဲေပါင္း ၇၀ အတြင္းမွာ ဗန္ဒိုက္ ဟာ လီဗာပူးကို ၅၉ ပြဲ အႏိုင္ရေအာင္ ကူညီေပးထားခဲ့သူျဖစ္ၿပီး ၁၁ ပြဲ သေရ ရလဒ္ ရေအာင္ ကစားႏိုင္ခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕ ၇၁ ႀကိမ္ေျမာက္ အိမ္ကြင္းပြဲစဥ္ျဖစ္တဲ့ လီဗာပူးနဲ႔ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ရၿပီး ၄ ႏွစ္ၾကာ ထိန္းသိမ္း ထားတဲ့ စံခ်ိန္မွတ္တမ္းေကာင္းတစ္ရပ္ က်ိဳးပ်က္သြားခဲ့တာပဲ

ျဖစ္ပါတယ္။ လိဒ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ ၁၂ ပြဲ ကစားၿပီးခ်ိန္မွာ ၄ ပြဲႏိုင္၊ ၄ ပြဲသေရ၊ ၄ ပြဲရႈံး ရလဒ္ ရရွိထားၿပီး ရမွတ္က ၁၆ မွတ္ ရရွိထားပါတယ္။

ဒါ့အျပင္ လီဗာပူးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေနရာ အတြက္ ပခုံးခ်င္းယွဥ္ေနရတဲ့ အာဆင္နယ္နဲ႔ မန္ယူတို႔ကိုလည္း ရႈံးနိမ့္ခဲ့ရ တာေၾကာင့္ ခ်န္ပီယံလိဂ္

ဝင္ခြင့္ေနရာအတြက္ အားစိုက္ရေတာ့မယ့္ အေျခ အေနမ်ိဳး ရွိေနပါၿပီ။ ဒါ့အျပင္ လီဗာပူးဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယား လိဂ္ ၅ ပြဲမွာ မန္စီးတီးနဲ႔

ဝက္စ္ဟမ္းကိုပဲ အႏိုင္ရခဲ့တာျဖစ္ၿပီး အာဆင္နယ္၊ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ လိဒ္တို႔ကို ရႈံးခဲ့ရတာျဖစ္ပါတယ္။