၄ ဂိုးတည်းပေးရလို့ ဂျူဗင်တပ် ပျော်နေမှာပါလို့ အပီဖဲ့လိုက်တဲ့ ဂျိုးကိုး

ဂျူဗင်တပ်စ်အသင်းကို (၄-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ

ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူချယ်လ် အတွက် ချယ်လ်ဆီးနည်းပြဘ၀

ပြိုင်ပွဲစုံပွဲ (၅၀)ပြည့်မြောက်တဲ့ ပွဲဖြစ်လာခဲ့ပြီး (၃၂)ပွဲနိုင်၊

(၁၁)ပွဲသရေ၊ (၇)ပွဲရှုံးရလဒ်ကိုရရှိထားပါတယ်။

ဂျိုးကိုးကတော့ ဂျူဗင်တပ်စ်ဟာ လန်ဒန်မြေမှာ ၄ ဂိုးပြတ်ပဲ ရှုံးခဲ့တာအတွက်တောင်

ကျေနပ်နေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်ဟာ

ဘောလုံးကစားခွင့်တွေ ရပေမယ့်လို့ ချယ်လ်ဆီးရဲ့ ဧရိယာထဲကို

ခြိမ်းခြောက်မှုကြီးတွေ လုပ်ပြဖို့ ရုန်းကန်ခဲ့ရပြီး ချယ်လ်ဆီးရဲ့

ကစားကွက်နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

တူချယ်လ်ရဲ့ အသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂျူဗင်တပ်စ်ကို အသာစီး ကစားကာ

ချာလိုဘာ့ ရိစ်ဂျိမ်း ဟတ်ဆန်အိုဒိုအီ ၊ တီမိုဗာနာ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးဟာ လက်ရှိမှာ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်ကို

တက်ရောက်သွားခဲ့ပြီ ဖြစ်တဲ့အပြင် အုပ်စု H မှာ ဂျူဗီကို ကျော်ကာ

အုပ်စု ပထမနေရာနဲ့ အဆုံးသတ်ဖို့ ကောင်းမွန်တဲ့ အခြေအနေကို ပိုင်ဆိုင်နေပါတယ်။

ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဂျိုးကိုးက ” ဂျူဗင်တပ်စ်က

အိမ်ပြန်ဖို့ လေယာဉ်ပေါ်ရောက်တဲ့အခါ သူတို့ သွင်းဂိုး ၄ ဂိုးပဲ

ခွင့်ပြုခဲ့ရတယ်ဆိုတာအတွက် ပျော်ရွှင်နေမှာပါ။ ကျွန်တော် မြင်ခဲ့သလောက်တော့

စနေနေ့က လက်စတာကို ရင်ဆိုင်ကစားတာထက်တောင်

ချယ်လ်ဆီးက တစ်ဆင့် ပိုမြင့်နေပါသေးတယ်။”

“လူကာကူနဲ့ ဗာနာက ပွဲထွက်လူစာရင်းကတောင် မပါသေးဘူးဆိုတာကိုလည်း

သတိရဖို့ လိုပါတယ်။ သူတို့က ပေါင် သန်း ၁၅၀ လောက်တန်တဲ့

အရည်အချင်းကောင်းတွေလေ။ သူတို့ နှစ်ဦး မပါတာတောင် ချယ်လ်ဆီးက

ဂျူဗင်တပ်စ်ကို ၄ ဂိုးပြတ် သွင်းခဲ့ပါတယ်။ ပြောစရာ

စကားလုံးတောင် မရှိတော့အောင်ပါပဲ။”လို့ ဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ၂၀၀၄ ခုနှစ်က စီးရီးအေပြိုင်ပွဲတွင်

ရိုးမားအသင်းအား (ဝ-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နောက်ဆုံး (၁၇)နှစ်အတွင်း

ပြိုင်ပွဲစုံတွင် ပြိုင်ဘက်အသင်းတစ်သင်းအား (ဝ-၄)ဂိုးနဲ့

ပထမဆုံးအကြိမ် ပြန်လည်အရေးနိမ့်တာ ဖြစ်ပါတယ်။

zawgyi

၄ ဂိုးတည္းေပးရလို႔ ဂ်ဴဗင္တပ္ ေပ်ာ္ေနမွာပါလို႔ အပီဖဲ့လိုက္တဲ့ ဂ်ိဳးကိုး

ဂ်ဴဗင္တပ္စ္အသင္းကို (၄-ဝ)ဂိုးနဲ႔ အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ

ဂ်ာမန္လူမ်ိဳးနည္းျပ ေသာမတ္စ္တူခ်ယ္လ္ အတြက္ ခ်ယ္လ္ဆီးနည္းျပဘ၀

ၿပိဳင္ပြဲစုံပြဲ (၅၀)ျပည့္ေျမာက္တဲ့ ပြဲျဖစ္လာခဲ့ၿပီး (၃၂)ပြဲႏိုင္၊

(၁၁)ပြဲသေရ၊ (၇)ပြဲရႈံးရလဒ္ကိုရရွိထားပါတယ္။

ဂ်ိဳးကိုးကေတာ့ ဂ်ဴဗင္တပ္စ္ဟာ လန္ဒန္ေျမမွာ ၄ ဂိုးျပတ္ပဲ ရႈံးခဲ့တာအတြက္ေတာင္

ေက်နပ္ေနလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီပြဲမွာ ဂ်ဴဗင္တပ္စ္ဟာ

ေဘာလုံးကစားခြင့္ေတြ ရေပမယ့္လို႔ ခ်ယ္လ္ဆီးရဲ႕ ဧရိယာထဲကို

ၿခိမ္းေျခာက္မႈႀကီးေတြ လုပ္ျပဖို႔ ႐ုန္းကန္ခဲ့ရၿပီး ခ်ယ္လ္ဆီးရဲ႕

ကစားကြက္ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။တူခ်ယ္လ္ရဲ႕

အသင္းဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ဂ်ဴဗင္တပ္စ္ကို အသာစီး ကစားကာ

ခ်ာလိုဘာ့ ရိစ္ဂ်ိမ္း ဟတ္ဆန္အိုဒိုအီ ၊ တီမိုဗာနာ တို႔ရဲ႕ ဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ခ်ယ္လ္ဆီးဟာ လက္ရွိမွာ ခ်န္ပီယံလိဂ္ရဲ႕ ရႈံးထြက္အဆင့္ကို

တက္ေရာက္သြားခဲ့ၿပီ ျဖစ္တဲ့အျပင္ အုပ္စု H မွာ ဂ်ဴဗီကို ေက်ာ္ကာ

အုပ္စု ပထမေနရာနဲ႔ အဆုံးသတ္ဖို႔ ေကာင္းမြန္တဲ့ အေျခအေနကို ပိုင္ဆိုင္ေနပါတယ္။

ခ်ယ္လ္ဆီးရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ ဂ်ိဳးကိုးက ” ဂ်ဴဗင္တပ္စ္က

အိမ္ျပန္ဖို႔ ေလယာဥ္ေပၚေရာက္တဲ့အခါ သူတို႔ သြင္းဂိုး ၄ ဂိုးပဲ

ခြင့္ျပဳခဲ့ရတယ္ဆိုတာအတြက္ ေပ်ာ္႐ႊင္ေနမွာပါ။ ကြၽန္ေတာ္ ျမင္ခဲ့သေလာက္ေတာ့

စေနေန႔က လက္စတာကို ရင္ဆိုင္ကစားတာထက္ေတာင္

ခ်ယ္လ္ဆီးက တစ္ဆင့္ ပိုျမင့္ေနပါေသးတယ္။”

“လူကာကူနဲ႔ ဗာနာက ပြဲထြက္လူစာရင္းကေတာင္ မပါေသးဘူးဆိုတာကိုလည္း

သတိရဖို႔ လိုပါတယ္။ သူတို႔က ေပါင္ သန္း ၁၅၀ ေလာက္တန္တဲ့

အရည္အခ်င္းေကာင္းေတြေလ။ သူတို႔ ႏွစ္ဦး မပါတာေတာင္ ခ်ယ္လ္ဆီးက

ဂ်ဴဗင္တပ္စ္ကို ၄ ဂိုးျပတ္ သြင္းခဲ့ပါတယ္။ ေျပာစရာ

စကားလုံးေတာင္ မရွိေတာ့ေအာင္ပါပဲ။”လို႔ ဆိုပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ၂၀၀၄ ခုႏွစ္က စီးရီးေအၿပိဳင္ပြဲတြင္

႐ိုးမားအသင္းအား (ဝ-၄)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ေနာက္ဆုံး (၁၇)ႏွစ္အတြင္း

ၿပိဳင္ပြဲစုံတြင္ ၿပိဳင္ဘက္အသင္းတစ္သင္းအား (ဝ-၄)ဂိုးနဲ႔

ပထမဆုံးအႀကိမ္ ျပန္လည္အေရးနိမ့္တာ ျဖစ္ပါတယ္။