၄၈ နာရီအတွင်း အမှုတွေတိုးလာတဲ့ ဂရင်းဝုဒ်

ယူနိုက်တက်တိုက်စစ်မှူးဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်

ကျူးလွန်မှု၊ သတ်ဖြတ်ဖို့ခြိမ်းခြောက်မှုတွေကြောင့် ထပ်မံစွဲချက်တင်ခံရပါတယ်။

အင်္ဂလန်တိုက်စစ်မှူးကို စစ်ဆေးမေးမြန်းဖို့အတွက် စုံထောက်တွေကို

အချိန်ထပ်မံပေးထားတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရပြီး ၄၈ နာရီအကြာမှာပဲ နောက်ထပ်ပြစ်မှုတွေထပ်မံတိုးပွား

လာတာလည်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့

“အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်တဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့

အသက် ၂၀အရွယ် အမျိုးသားတစ်ဦးကို ထပ်မံစုံစမ်းဖို့အတွက် စုံစမ်းစစ်ဆေးသူတွေကို

အချိန်ပေးထားပါတယ်။ မနက်ဖြန်အထိ သက်တမ်းတိုးပေးဖို့ တရားသူကြီးတွေက

ခွင့်ပြုပြီး ဆက်လက်မေးမြန်းစုံစမ်းသွားမှာပါ”

“အခုချိန်ထိ စုံစမ်းမေးမြန်းမှုတွေအရ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ သတ်ပစ်မယ်လို့

ခြိမ်းခြောက်ခဲ့မှုတွေကြောင့်သူ့ကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။

ဆက်လက်လုပ်ဆောင်မှုတွေရှိနေပြီး ကျူးလွန်ခံရသူအပေါ် ကျွမ်းကျင်သူတွေက

ပံ့ပိုးကူညီမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်” လို့ ပါရှိပါတယ်။

FIFA 22 ကို PlayStation ၊Xbox ၊PC တို့တွင် Update ပေးခဲ့ရာ

ယူနိုက်တက်အသင်းမှမေဆင်ဂရင်းဝုဒ်ကိုဖယ်ရှားလိုက်ပါတယ်။

Zawgyi

၄၈ နာရီအတြင္း အမႈေတြတိုးလာတဲ့ ဂရင္းဝုဒ္

ယူႏိုက္တက္တိုက္စစ္မႉးဂရင္းဝုဒ္ဟာ လိင္ပိုင္းဆိုင္ရာကိုယ္ထိလက္ေရာက္

က်ဴးလြန္မႈ၊ သတ္ျဖတ္ဖို႔ၿခိမ္းေျခာက္မႈေတြေၾကာင့္ ထပ္မံစြဲခ်က္တင္ခံရပါတယ္။

အဂၤလန္တိုက္စစ္မႉးကို စစ္ေဆးေမးျမန္းဖို႔အတြက္ စုံေထာက္ေတြကို

အခ်ိန္ထပ္မံေပးထားတယ္လို႔လည္း သိရပါတယ္။

 

ဖမ္းဆီးထိန္းသိမ္းခံရၿပီး ၄၈ နာရီအၾကာမွာပဲ ေနာက္ထပ္ျပစ္မႈေတြထပ္မံတိုးပြား

လာတာလည္းျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့

“အမ်ိဳးသမီးတစ္ဦးကို မုဒိမ္းမႈက်ဴးလြန္တဲ့ သံသယနဲ႔ ဖမ္းဆီးခံထားရတဲ့

အသက္ ၂၀အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ထပ္မံစုံစမ္းဖို႔အတြက္ စုံစမ္းစစ္ေဆးသူေတြကို

အခ်ိန္ေပးထားပါတယ္။ မနက္ျဖန္အထိ သက္တမ္းတိုးေပးဖို႔ တရားသူႀကီးေတြက

ခြင့္ျပဳၿပီး ဆက္လက္ေမးျမန္းစုံစမ္းသြားမွာပါ”

 

“အခုခ်ိန္ထိ စုံစမ္းေမးျမန္းမႈေတြအရ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ သတ္ပစ္မယ္လို႔

ၿခိမ္းေျခာက္ခဲ့မႈေတြေၾကာင့္သူ႔ကို ထပ္မံဖမ္းဆီးလိုက္ပါတယ္။

ဆက္လက္လုပ္ေဆာင္မႈေတြရွိေနၿပီး က်ဴးလြန္ခံရသူအေပၚ ကြၽမ္းက်င္သူေတြက

ပံ့ပိုးကူညီမႈေတြ ဆက္လက္လုပ္ေဆာင္ေပးေနပါတယ္” လို႔ ပါရွိပါတယ္။

FIFA 22 ကို PlayStation ၊Xbox ၊PC တို႔တြင္ Update ေပးခဲ့ရာ

ယူႏိုက္တက္အသင္းမွေမဆင္ဂရင္းဝုဒ္ကိုဖယ္ရွားလိုက္ပါတယ္။