၄၈ နာရီအတွင်း အဖြေထွက်ဖို့ရှိနေတဲ့ စီရော်နယ်ဒိုရဲ့ ကတ္တီပါလမ်းခွဲ

မန်ယူအသင်းဟာ ရော်နယ်ဒိုရဲ့ပြဿနာကို လာမယ့် ၄၈နာရီအတွင်းအဖြေထုတ်ဖို့ရှိ နေပါတယ်။

Sunday World ရဲ့ဖော်ပြချက်အရတော့ ရော်နယ်ဒိုဟာအိုးလ်ထရက်ဖို့ဒ် ကထွက်ခွာနိုင်မယ့်အကောင်းဆုံးနည်းလမ်းတစ်ခုရထားပြီး သူ့ကိုဇန်နဝါရီမှာ ချဲလ် ဆီးကခေါ်ယူမယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ဘိုလီဟာ ပြီးခဲ့တဲ့နွေဈေး ကွက်ကတည်း ပေါ်တူဂီဂန္တဝင်ကို စတမ်းဖို့ဒ်ဘရစ်ချ်အရောက်ခေါ်ယူချင်ခဲ့ပေမဲ့

နည်းပြတူချယ်ကတားဆီးခဲ့ လို့အထမမြောက်ခဲဘူးလို့ Sunday World ကဖော်ပြလိုက်တာပါ။ လက်ရှိမှ ာနည်းပြအပြောင်းအလဲလုပ်ထားသလို ဂရေဟမ်ပေါ်တာအနေအထားက ဘိုလီဆုံးဖြတ်ချက်ကိုလက်ခံလာဖို့ရှိနေပါတယ်။

ယူနိုက်တက်ကစားသမားဂယ်ရီနဗီးလ်က “တန်ဟတ်ရွေးချယ်စရာမရှိပါဘူး။ ရော်နယ်ဒိုဟာ အသင်းဖော်တွေ အဝတ်လဲခန်းထဲမဝင်ခင် ဒုတိယအကြိမ်ကွင်းထဲကထွက်ခဲ့တာပါ။

လက်ခံနိုင်စရာမဟုတ်သလို ဒါကို တန်ဟတ်ကိုယ်တိုင်သိပါတယ်။ သူလုပ် ရမှာက လာမယ့်အပါတ်မှာ ရော်နယ်ဒိုနဲ့ပြန်ပေါင်းမလား၊ ဇာတ်လမ်းဖြတ်မလားပဲ ရှိပါတယ်။

ကလပ်ကရှေ့ဆက်သွားဖို့တွေရှိနေသေးတယ်” လို့ တိုက်တွန်းပြောဆို ထားပါတယ်။ ရော်နယ်ဒိုဘက်က မန်ယူကိုကျောခိုင်းပြီး ပြိုင်ဘက်ချဲလ်ဆီးနဲ့ လက်တွဲချင်စိတ်ရှိ၊ မရှိကိုပဲ အဓိကစောင့်ကြည့်ရတော့မှာပါ။

(Zawgyi)

၄၈ နာရီအတြင္း အေျဖထြက္ဖုိ့ရွိေနတဲ့ စီေရာ္နယ္ဒုိရဲ့ ကတၱီပါလမ္းခြဲ

မန္ယူအသင္းဟာ ေရာ္နယ္ဒိုရဲ႕ျပႆနာကို လာမယ့္ ၄၈နာရီအတြင္းအေျဖထုတ္ဖို႔ရွိ ေနပါတယ္။

Sunday World ရဲ႕ေဖာ္ျပခ်က္အရေတာ့ ေရာ္နယ္ဒိုဟာအိုးလ္ထရက္ဖို႔ဒ္ ကထြက္ခြာႏိုင္မယ့္အေကာင္းဆုံးနည္းလမ္းတစ္ခုရထားၿပီး သူ႔ကိုဇန္နဝါရီမွာ ခ်ဲလ္ ဆီးကေခၚယူမယ္လို႔သိရပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ဘိုလီဟာ ၿပီးခဲ့တဲ့ေႏြေစ်း ကြက္ကတည္း ေပၚတူဂီဂႏၲဝင္ကို စတမ္းဖို႔ဒ္ဘရစ္ခ်္အေရာက္ေခၚယူခ်င္ခဲ့ေပမဲ့ နည္းျပတူခ်ယ္ကတားဆီးခဲ့လို႔အထမေျမာက္ခဲဘူးလို႔ Sunday World ကေဖာ္ျပလိုက္တာပါ။ လက္ရွိမွာနည္းျပအေျပာင္းအလဲလုပ္ထားသလို ဂေရဟမ္ေပၚတာအေနအထားက ဘိုလီဆုံးျဖတ္ခ်က္ကိုလက္ခံလာဖို႔ရွိေနပါတယ္။

ယူႏိုက္တက္ကစားသမားဂယ္ရီနဗီးလ္က “တန္ဟတ္ေ႐ြးခ်ယ္စရာမရွိပါဘူး။ ေရာ္ နယ္ဒိုဟာ အသင္းေဖာ္ေတြအဝတ္လဲခန္းထဲမဝင္ခင္ ဒုတိယအႀကိမ္ကြင္းထဲကထြက္ ခဲ့တာပါ။

လက္ခံႏိုင္စရာမဟုတ္သလို ဒါကို တန္ဟတ္ကိုယ္တိုင္သိပါတယ္။ သူလုပ္ ရမွာက လာမယ့္အပါတ္မွာ ေရာ္နယ္ဒိုနဲ႔ျပန္ေပါင္းမလား၊ ဇာတ္လမ္းျဖတ္မလားပဲ ရွိပါတယ္။

ကလပ္ကေရွ႕ဆက္သြားဖို႔ေတြရွိေနေသးတယ္” လို႔ တိုက္တြန္းေျပာဆို ထားပါတယ္။ ေရာ္နယ္ဒိုဘက္က မန္ယူကိုေက်ာခိုင္းၿပီး ၿပိဳင္ဘက္ခ်ဲလ္ဆီးနဲ႔ လက္တြဲခ်င္စိတ္ရွိ၊ မရွိကိုပဲ အဓိကေစာင့္ၾကည့္ရေတာ့မွာပါ။