
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ဂျာမန်ပိုကယ်ဖလား
ဒုတိယအဆင့်မှာ ဂလက်ဘတ်အသင်းကို မယုံနိုင်ဖွယ်အဖြစ် ၅ ဂိုးပြတ်နဲ့
ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
ဒီလိုမျိုး ၅ ဂိုးပြတ်နဲ့ရှုံးတာဟာ သူတို့ရဲ့ပိုကယ်ဖလားပြိုင်ပွဲသမိုင်းမှာ
အဆိုးရွားဆုံးရှုံးနိမ့်မှုလည်း ဖြစ်သွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အဲဒီပွဲမှာ လီဝါဒေါစကီး၊ မူလာ၊ ကင်မစ်ချ်၊ ဂနာဘရီနဲ့
နူအာတို့လို ပထမဦးစားပေးကစားသမားတွေနဲ့ လူစုံအသုံးပြုခဲ့ပေမယ့်လည်း
၄၃ နှစ်အတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ဂလက်ဘတ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ အိမ်ရှင်အသင်းက ၂ မိနစ်အတွင်းမှာပဲ
စတင်ဦးဆောင်နိုင်ခဲ့ပြီး ၂၁ မိနစ်အရောက်မှာတော့ ၃ ဂိုးပြတ်နဲ့ရှုံးနေခဲ့ပါတယ်။
ဂျာမန်ရှုံးထွက်ဖလားပွဲတစ်ပွဲမှာ အခုလိုမျိုး စောစောစီးစီး ၃ ဂိုးပေးရတာဟာ
ဘိုင်ယန်အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ပွဲအပြီးမှာ ဘိုင်ယန်အားကစားဒါရိုက်တာ
ဆာလီဟာမစ်ဒစ်က”ကျွန်တော် အရမ်းကို ရှော့ခ်ရသွားပါတယ်။ အဲဒီပွဲမှာ
ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အခြေအနေတိုင်းမှာ သူတို့က
ကျွန်တော်တို့ထက် ပိုကြမ်းတမ်းပါတယ်။ အရိုးသားဆုံးပြောရရင် ဒီပွဲက
ရှင်းပြဖို့ ခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆာလီဟာမစ်ဒစ်က ကိုဗစ်ကြောင့် နည်းပြနာဂယ်စမန်
ပွဲမကြီးကြပ်နိုင်တာကြောင့်ဆိုတာကို ငြင်းဆန်လိုက်ပါတယ်။
”ကျွန်တော်တို့ကတော့ နာဂယ်စမန်ကို ဒီမှာရှိစေချင်တာပေါ့။ ဒါပေမဲ့
အခုရှုံးပွဲက သူ့အစား ခဏကိုင်ပေးတဲ့သူနဲ့ မဆိုင်ပါဘူး”လို့ ဟာမစ်ဒစ်က ပြောကြားခဲ့တာပါ။
ဘိုင်ယန်ဟာ ပိုကယ်ဖလား ၃၂ သင်းအဆင့်ကနေ နှစ်ရာသီ
ဆက်တိုက်ထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၆ နောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ပိုကယ်ဖလားမှာ ၁၆ သင်းအဆင့်ကို ၂ ရာသီဆက်
မတက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပြီး ပွဲတစ်ပွဲကို
အနည်းဆုံး ၅ ဂိုးပြတ်နဲ့ရှုံးတာဟာ ၁၉၇၈ က ဒက်ဆယ်ဒေ့ါဖ်ကို ၇-၁ နဲ့
ရှုံးပြီးနောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
zawgyi
၄၃ ႏွစ္အတြင္း အဆိုး႐ြားဆုံးရႈံးနိမ့္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ ဘိုင္ယန္
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပီးခဲ့ဲတဲ့ဗုဒၶဟူးညက ဂ်ာမန္ပိုကယ္ဖလား
ဒုတိယအဆင့္မွာ ဂလက္ဘတ္အသင္းကို မယုံႏိုင္ဖြယ္အျဖစ္ ၅ ဂိုးျပတ္နဲ႔
ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
ဒီလိုမ်ိဳး ၅ ဂိုးျပတ္နဲ႔ရႈံးတာဟာ သူတို႔ရဲ႕ပိုကယ္ဖလားၿပိဳင္ပြဲသမိုင္းမွာ
အဆိုး႐ြားဆုံးရႈံးနိမ့္မႈလည္း ျဖစ္သြားခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ အဲဒီပြဲမွာ လီဝါေဒါစကီး၊ မူလာ၊ ကင္မစ္ခ်္၊ ဂနာဘရီနဲ႔
ႏူအာတို႔လို ပထမဦးစားေပးကစားသမားေတြနဲ႔ လူစုံအသုံးျပဳခဲ့ေပမယ့္လည္း
၄၃ ႏွစ္အတြင္း အဆိုး႐ြားဆုံးရႈံးနိမ့္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။
ဂလက္ဘတ္ကြင္းမွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ အိမ္ရွင္အသင္းက ၂ မိနစ္အတြင္းမွာပဲ
စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ၂၁ မိနစ္အေရာက္မွာေတာ့ ၃ ဂိုးျပတ္နဲ႔ရႈံးေနခဲ့ပါတယ္။
ဂ်ာမန္ရႈံးထြက္ဖလားပြဲတစ္ပြဲမွာ အခုလိုမ်ိဳး ေစာေစာစီးစီး ၃ ဂိုးေပးရတာဟာ
ဘိုင္ယန္အတြက္ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။
အဲဒါေၾကာင့္လည္း ပြဲအၿပီးမွာ ဘိုင္ယန္အားကစားဒါ႐ိုက္တာ
ဆာလီဟာမစ္ဒစ္က”ကြၽန္ေတာ္ အရမ္းကို ေရွာ့ခ္ရသြားပါတယ္။ အဲဒီပြဲမွာ
ကြၽန္ေတာ္တို႔ ဘာမွ မလုပ္ႏိုင္ခဲ့ဘူး။ အေျခအေနတိုင္းမွာ သူတို႔က
ကြၽန္ေတာ္တို႔ထက္ ပိုၾကမ္းတမ္းပါတယ္။ အ႐ိုးသားဆုံးေျပာရရင္ ဒီပြဲက
ရွင္းျပဖို႔ ခက္ခဲပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဆာလီဟာမစ္ဒစ္က ကိုဗစ္ေၾကာင့္ နည္းျပနာဂယ္စမန္
ပြဲမႀကီးၾကပ္ႏိုင္တာေၾကာင့္ဆိုတာကို ျငင္းဆန္လိုက္ပါတယ္။
”ကြၽန္ေတာ္တို႔ကေတာ့ နာဂယ္စမန္ကို ဒီမွာရွိေစခ်င္တာေပါ့။ ဒါေပမဲ့
အခုရႈံးပြဲက သူ႔အစား ခဏကိုင္ေပးတဲ့သူနဲ႔ မဆိုင္ပါဘူး”လို႔ ဟာမစ္ဒစ္က ေျပာၾကားခဲ့တာပါ။
ဘိုင္ယန္ဟာ ပိုကယ္ဖလား ၃၂ သင္းအဆင့္ကေန ႏွစ္ရာသီ
ဆက္တိုက္ထြက္ခဲ့ရတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ၁၉၉၆ ေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ပိုကယ္ဖလားမွာ ၁၆ သင္းအဆင့္ကို ၂ ရာသီဆက္
မတက္ေရာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး ပြဲတစ္ပြဲကို
အနည္းဆုံး ၅ ဂိုးျပတ္နဲ႔ရႈံးတာဟာ ၁၉၇၈ က ဒက္ဆယ္ေဒ့ါဖ္ကို ၇-၁ နဲ႔
ရႈံးၿပီးေနာက္ပိုင္း ဒါ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။