၄၁ နှစ်အတွင်း ပထမဆုံးလိဂ်အဝေးကွင်း ၄ပွဲဆက်အရှုံးနဲ့အတူ ရာသီမြန်မြန်သိမ်းပါစေလို့ပဲ ဆုတောင်းရတော့မယ့် ယူနိုက်တက်

ယူနိုက်တက်ဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့

အရေးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်း ၄၁ နှစ်အတွင်း
ပထမဆုံးအကြိမ်အဖြစ် လိဂ်အဝေးကွင်း ၄ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ၁၉၈၀ ဒီဇင်ဘာကနေ ၁၉၈၁ မတ်လအတွင်း
လိဂ်အဝေးကွင်း ၆ပွဲဆက် အရေးနိမ့်ခဲ့ရပြီးနောက်
၄၁နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ်

လိဂ်အဝေးကွင်း ၄ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး
မန်စီးတီးကို ၄-၁၊ အဲဗာတန်ကို ၁-ဝ၊ လီဗာပူးကို
၄-ဝ၊ အခု အာဆင်နယ်ကို ၃-၁ ဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာပါ။
နောက်ထပ် ထူးခြားတဲ့အချက်ကတော့
ယူနိုက်တက်ဟာ လန်ဒန်လာကစားခဲ့တဲ့

ပရီးမီးယားလိဂ်နောက်ဆုံး ၁၅ပွဲမှာ
အစနဲ့ အဆုံးမှာ အာဆင်နယ်ကို
အရေးနိမ့်ခဲ့ရပြီး ကျန်ကြားထဲ ၁၃ ပွဲကို ရှုံးပွဲမရှိကစားနိုင်ခဲ့တာပါပဲ။
ဒီပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော
ချေပဂိုးသွင်းယူသွားတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ

၂၀၁၇ နောက်ပိုင်း အမ်းမရိတ်စ်မှာ ပရီးမီးယားလိဂ်ဂိုး
သွင်းယူနိုင်တဲ့ ပထမဆုံးယူနိုက်တက်ကစားသမားဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တွေဟာ ပွဲချိန် ၇မိနစ်အရောက်မှာ
မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့
မွေးကင်းစသားဖြစ်သူအတွက် ရော်နယ်ဒိုကို အားပေးနှစ်သိမ့်တဲ့အနေနဲ့

၁မိနစ်ကြာ လက်ခုပ်တီး နှစ်သိမ့်ပေးခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဆိုးရွားတဲ့နောက်ထပ်
အချက်တစ်ချက်ကတော့ ယခုရာသီ ဥရောပထိပ်တန်းလိဂ် ၅ခုရှိ
အသင်းပေါင်း ၉၇ သင်းအနက် ၅၂ ဂိုးအထိ ပေးထားရတဲ့
ယူနိုက်တက်ထက် ပေးဂိုးပိုများတဲ့အသင်းအရေအတွက်

၂၇ သင်းပဲ ရှိတဲ့အချက်ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ရာသီကုန်ဖို့ ၄ပွဲအလိုမှာပဲ
ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်က
မိမိတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်
ရတော့မှာမဟုတ်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

Zawgyi

၄၁ ႏွစ္အတြင္း ပထမဆုံးလိဂ္အေ၀းကြင္း ၄ပြဲဆက္အရႈံးနဲ႔အတူ ရာသီျမန္ျမန္သိမ္းပါေစလို႔ပဲ ဆုေတာင္းရေတာ့မယ့္ ယူႏိုက္တက္
ယူႏုိက္တက္ဟာ အာဆင္နယ္ကို ၃-၁ ဂိုးနဲ႔

အေရးနိမ့္ခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၄၁ ႏွစ္အတြင္း
ပထမဆုံးအႀကိမ္အျဖစ္ လိဂ္အေ၀းကြင္း ၄ပြဲဆက္အရံႈးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ယူႏိုက္တက္ဟာ ၁၉၈၀ ဒီဇင္ဘာကေန ၁၉၈၁ မတ္လအတြင္း
လိဂ္အေ၀းကြင္း ၆ပြဲဆက္ အေရးနိမ့္ခဲ့ရၿပီးေနာက္
၄၁ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္

လိဂ္အေ၀းကြင္း ၄ပြဲဆက္အရံႈးနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္ၿပီး
မန္စီးတီးကို ၄-၁၊ အဲဗာတန္ကို ၁-၀၊ လီဗာပူးကို
၄-၀၊ အခု အာဆင္နယ္ကို ၃-၁ ဂိုးေတြနဲ႔ အေရးနိမ့္ခဲ့တာပါ။
ေနာက္ထပ္ ထူးျခားတဲ့အခ်က္ကေတာ့
ယူႏုိက္တက္ဟာ လန္ဒန္လာကစားခဲ့တဲ့

ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၅ပြဲမွာ
အစနဲ႔ အဆုံးမွာ အာဆင္နယ္ကို
အေရးနိမ့္ခဲ့ရၿပီး က်န္ၾကားထဲ ၁၃ ပြဲကို ရံႈးပြဲမရွိကစားႏုိင္ခဲ့တာပါပဲ။
ဒီပြဲမွာ အသင္းအတြက္ တစ္လုံးတည္းေသာ
ေခ်ပဂိုးသြင္းယူသြားတဲ့ တုိက္စစ္မွဴး စီေရာ္နယ္ဒိုဟာ

၂၀၁၇ ေနာက္ပိုင္း အမ္းမရိတ္စ္မွာ ပရီးမီးယားလိဂ္ဂိုး
သြင္းယူနုိင္တဲ့ ပထမဆုံးယူႏုိက္တက္ကစားသမားျဖစ္လာခဲ့ပါတယ္။
အာဆင္နယ္ပရိသတ္ေတြဟာ ပြဲခ်ိန္ ၇မိနစ္အေရာက္မွာ
မၾကာေသးခင္ကမွ ကြယ္လြန္သြားခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕
ေမြးကင္းစသားျဖစ္သူအတြက္ ေရာ္နယ္ဒိုကို အားေပးႏွစ္သိမ့္တဲ့အေနနဲ႔

၁မိနစ္ၾကာ လက္ခုပ္တီး ႏွစ္သိမ့္ေပးခဲ့ပါတယ္။
ယူႏုိက္တက္အတြက္ ဆုိးရြားတဲ့ေနာက္ထပ္
အခ်က္တစ္ခ်က္ကေတာ့ ယခုရာသီ ဥေရာပထိပ္တန္းလိဂ္ ၅ခုရွိ
အသင္းေပါင္း ၉၇ သင္းအနက္ ၅၂ ဂိုးအထိ ေပးထားရတဲ့
ယူႏုိက္တက္ထက္ ေပးဂိုးပိုမ်ားတဲ့အသင္းအေရအတြက္

၂၇ သင္းပဲ ရွိတ့ဲ့အခ်က္ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ရာသီကုန္ဖို႔ ၄ပြဲအလုိမွာပဲ
ယူႏုိက္တက္ယာယီနည္းျပ ရန္းနစ္က
မိမိတုိ႔အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္
ရေတာ့မွာမဟုတ္ဘူးလို႔ ၀န္ခံသြားခဲ့ပါတယ္။