
ရိုးမားအသင်းဟာ ဂျူဗင်တပ်ကို ၃-၁ နဲ့ဦးဆောင်ပြီးမှ ၄-၃ နဲ့ရှုံးခဲ့တဲ့အတွက်
သူ့အသင်းသားတွေကိုဒေါသထွက်နေပြီး
စိတ်ဓာတ်မရှိသူတွေလို့ စွပ်စွဲပြောကြားလိုက်ပါတယ်။
ဒီပွဲမှာရိုးမားဟာ ၁၁ မိနစ်မှာ အေဘရာဟမ် ရဲ့သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပြီး
ဂျူဗင်တပ်ကဒိုင်ဘာလာ က ၁၈ မိနစ်မှာပြန်လည်ချေပခဲ့ပါတယ်။
ဒါပေမယ့် ၄၈ မိနစ်မှာ ခီတာရန်၊ ၅၃ မိနစ်မှာပယ်လီဂရီနီ တို့က
တစ်ဂိုးစီထပ်သွင်းခဲ့ကြလို့ ၃-၁ နဲ့ဦးဆောင်ခဲ့တာပါ။
ပွဲအခြေအနေအရ ရိုးမားကအနိုင်ရဖို့များနေတယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်
ဂျူဗင်တပ်က မယုံနိုင်စရာကောင်းလောက်အောင်ဘဲ အစွမ်းပြခဲ့ပြီး
မိနစ် ၇၀ ကနေ ၇၇ မိနစ်အတွင်းအချိန်လေးအတွင်းမှာ ၃ ဂိုးပြန်သွင်းကာ
၄-၃ ဖြစ်သွားပါတယ်။ စိတ်လှုပ်ရှားစရာထပ်ကောင်းခဲ့တာက
ဂျူဗင်တပ်နောက်ခံလူ ဒီလစ်ဟာ ပင်နယ်တီဧရိယာအတွင်းမှာ
ဘောလုံးကိုလက်နဲ့ထိလို့ ဒုတိယအဝါကတ်ပြပြီးထုတ်ပယ်ခံခဲ့ရတဲ့အပြင်
ရိုးမားကလည်း ပင်နယ်တီပါရရှိခဲ့ပါတယ်။
ဒါကိုအသင်းခေါင်းဆောင် ပယ်လီဂရီနီက ကန်သွင်းခဲ့ပေမယ့်
ဂျူဗင်တပ်ဂိုးသမား ရှက်ဇနီက ကာကွယ်နိုင်ခဲ့လို့
ရိုးမားအရမ်းကိုနစ်နာခဲ့ရပါတယ်။
ဒါကြောင့်လည်းအခုလိုပုံစံနဲ့ရှုံးသွားတာကို မော်ရင်ဟို က
အကြီးအကျယ်ပေါက်ကွဲနေပြီး စိတ်ဓာတ်အားနည်းသူတွေလို့
ပွဲအပြီးမှာပြောသွားတာဖြစ်ပါတယ်။
သူက” မိနစ် ၇၀ အထိလုံးဝကိုထိန်းချုပ်ထားတယ်ဗျာ။
အသင်းကစားပုံကလည်းကောင်းတယ်ဗျာ။
ကွင်းထဲကိုဝင်လာကတည်းကစပြီး သေချာကစားနိုင်ခဲ့တာပါ။
ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တဲ့အပြင် ပွဲအရှိန်ကိုလည်းထိန်းချုပ်ပြီး
ကိုယ်ကဘဲဦးဆောင်နိုင်ခဲ့တာ။ ဒါပေမယ့် ဒါဟာမိနစ် ၇၀ အထိဘဲဖြစ်ပြီး
နောက်ပိုင်းမှာတော့ စိတ်ဓာတ်ပြိုလဲသွားခဲ့တယ်။
ခြေစွမ်းပြပြီး ကော်ဒရာဒိုကို ထိန်းထားနိုင်တဲ့အဖီနာဂန် ကို
လူစားလဲလိုက်ပြီးနောက် သူ့နေရာအစားဝင်လာတဲ့သူက
အမှားတွေလုပ်ခဲ့တော့ ၃-၂ ဖြစ်သွားပြီး ကျုပ်တို့ကိုသတ်လိုက်သလိုဘဲ။
ဂျူဗင်တပ်လို စိတ်ဓာတ်ကောင်းတဲ့အသင်းကို ၃-၂ ဖြစ်ခွင့်ပေးလိုက်ကတည်းက
အကြောက်တရားစတော့တာဘဲ။ စိတ်ပိုင်းဆိုင်ရာ အားနည်းတာလဲပါတာပေါ့။
၃-၂ ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ပြဿနာမဟုတ်ခဲ့ဘဲ
အသင်းသားတွေကသာပြဿနာရှိခဲ့တာပါ။
အသင်းမှာက စိတ်ဓာတ်အားကောင်းလွန်းတဲ့သူတွေရှိသလို
သိပ်အားနည်းတဲ့သူတွေလည်းရှိနေပါတယ်” လို့ပြောသွားပါတယ်။
ရိုးမားဟာ ပြီးခဲ့တဲ့ကြားရက်တုန်းကလည်းအေစီမီလန်ကို ရှုံးခဲ့သေးတဲ့အတွက်
စီးရီးအေမှာ ၂ ပွဲဆက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးအဆင့်၇ ကိုရောက်ရှိနေလို့
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရဖို့ရှိနေပါပြီ။
လက်ရှိအဆင့် ၄ နေရာက အတ္တလန္တာဟာတစ်ပွဲလျော့နေတာတောင်
ရိုးမား ကို ၉ မှတ်ဖြတ်ထားနိုင်တာပါ။
zawgyi
၃-၁ နဲ႔ဦးေဆာင္ၿပီးမွ ၄-၃ နဲ႔ရႈံးခဲ့တဲ့အတြက္ ေမာ္ရင္ဟိုေဒါသေပါက္ကြဲေန
႐ိုးမားအသင္းဟာ ဂ်ဴဗင္တပ္ကို ၃-၁ နဲ႔ဦးေဆာင္ၿပီးမွ ၄-၃ နဲ႔ရႈံးခဲ့တဲ့အတြက္
သူ႔အသင္းသားေတြကိုေဒါသထြက္ေနၿပီး
စိတ္ဓာတ္မရွိသူေတြလို႔ စြပ္စြဲေျပာၾကားလိုက္ပါတယ္။
ဒီပြဲမွာ႐ိုးမားဟာ ၁၁ မိနစ္မွာ ေအဘရာဟမ္ ရဲ႕သြင္းဂိုးနဲ႔ဦးေဆာင္ခဲ့ၿပီး
ဂ်ဴဗင္တပ္ကဒိုင္ဘာလာ က ၁၈ မိနစ္မွာျပန္လည္ေခ်ပခဲ့ပါတယ္။
ဒါေပမယ့္ ၄၈ မိနစ္မွာ ခီတာရန္၊ ၅၃ မိနစ္မွာပယ္လီဂရီနီ တို႔က
တစ္ဂိုးစီထပ္သြင္းခဲ့ၾကလို႔ ၃-၁ နဲ႔ဦးေဆာင္ခဲ့တာပါ။
ပြဲအေျခအေနအရ ႐ိုးမားကအႏိုင္ရဖို႔မ်ားေနတယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္
ဂ်ဴဗင္တပ္က မယုံႏိုင္စရာေကာင္းေလာက္ေအာင္ဘဲ အစြမ္းျပခဲ့ၿပီး
မိနစ္ ၇၀ ကေန ၇၇ မိနစ္အတြင္းအခ်ိန္ေလးအတြင္းမွာ ၃ ဂိုးျပန္သြင္းကာ
၄-၃ ျဖစ္သြားပါတယ္။ စိတ္လႈပ္ရွားစရာထပ္ေကာင္းခဲ့တာက
ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလစ္ဟာ ပင္နယ္တီဧရိယာအတြင္းမွာ
ေဘာလုံးကိုလက္နဲ႔ထိလို႔ ဒုတိယအဝါကတ္ျပၿပီးထုတ္ပယ္ခံခဲ့ရတဲ့အျပင္
႐ိုးမားကလည္း ပင္နယ္တီပါရရွိခဲ့ပါတယ္။
ဒါကိုအသင္းေခါင္းေဆာင္ ပယ္လီဂရီနီက ကန္သြင္းခဲ့ေပမယ့္
ဂ်ဴဗင္တပ္ဂိုးသမား ရွက္ဇနီက ကာကြယ္ႏိုင္ခဲ့လို႔
႐ိုးမားအရမ္းကိုနစ္နာခဲ့ရပါတယ္။
ဒါေၾကာင့္လည္းအခုလိုပုံစံနဲ႔ရႈံးသြားတာကို ေမာ္ရင္ဟို က
အႀကီးအက်ယ္ေပါက္ကြဲေနၿပီး စိတ္ဓာတ္အားနည္းသူေတြလို႔
ပြဲအၿပီးမွာေျပာသြားတာျဖစ္ပါတယ္။
သူက” မိနစ္ ၇၀ အထိလုံးဝကိုထိန္းခ်ဳပ္ထားတယ္ဗ်ာ။
အသင္းကစားပုံကလည္းေကာင္းတယ္ဗ်ာ။
ကြင္းထဲကိုဝင္လာကတည္းကစၿပီး ေသခ်ာကစားႏိုင္ခဲ့တာပါ။
ၿပိဳင္ဘက္ကို ဖိအားေပးႏိုင္ခဲ့တဲ့အျပင္ ပြဲအရွိန္ကိုလည္းထိန္းခ်ဳပ္ၿပီး
ကိုယ္ကဘဲဦးေဆာင္ႏိုင္ခဲ့တာ။ ဒါေပမယ့္ ဒါဟာမိနစ္ ၇၀ အထိဘဲျဖစ္ၿပီး
ေနာက္ပိုင္းမွာေတာ့ စိတ္ဓာတ္ၿပိဳလဲသြားခဲ့တယ္။
ေျခစြမ္းျပၿပီး ေကာ္ဒရာဒိုကို ထိန္းထားႏိုင္တဲ့အဖီနာဂန္ ကို
လူစားလဲလိုက္ၿပီးေနာက္ သူ႔ေနရာအစားဝင္လာတဲ့သူက
အမွားေတြလုပ္ခဲ့ေတာ့ ၃-၂ ျဖစ္သြားၿပီး က်ဳပ္တို႔ကိုသတ္လိုက္သလိုဘဲ။
ဂ်ဴဗင္တပ္လို စိတ္ဓာတ္ေကာင္းတဲ့အသင္းကို ၃-၂ ျဖစ္ခြင့္ေပးလိုက္ကတည္းက
အေၾကာက္တရားစေတာ့တာဘဲ။ စိတ္ပိုင္းဆိုင္ရာ အားနည္းတာလဲပါတာေပါ့။
၃-၂ ျဖစ္ခ်ိန္မွာ ကြၽန္ေတာ့္အတြက္ျပႆနာမဟုတ္ခဲ့ဘဲ
အသင္းသားေတြကသာျပႆနာရွိခဲ့တာပါ။
အသင္းမွာက စိတ္ဓာတ္အားေကာင္းလြန္းတဲ့သူေတြရွိသလို
သိပ္အားနည္းတဲ့သူေတြလည္းရွိေနပါတယ္” လို႔ေျပာသြားပါတယ္။
႐ိုးမားဟာ ၿပီးခဲ့တဲ့ၾကားရက္တုန္းကလည္းေအစီမီလန္ကို ရႈံးခဲ့ေသးတဲ့အတြက္
စီးရီးေအမွာ ၂ ပြဲဆက္အရႈံးနဲ႔ရင္ဆိုင္ခဲ့ရၿပီးအဆင့္၇ ကိုေရာက္ရွိေနလို႔
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႐ုန္းကန္ရဖို႔ရွိေနပါၿပီ။
လက္ရွိအဆင့္ ၄ ေနရာက အတၱလႏၲာဟာတစ္ပြဲေလ်ာ့ေနတာေတာင္
႐ိုးမား ကို ၉ မွတ္ျဖတ္ထားႏိုင္တာပါ။