၃-၁ ကနေ ၃-၄ ဖြစ်သွားတဲ့ ရိုးမားနဲ့ မော်ရင်ညိုတို့ရဲ့ရူးလောက်တဲ့ အိမ်ကွင်းအရှုံး

ရိုးမားအသင်းဟာ ယမန်နေ့ကကစားခဲ့တဲ့ပွဲမှာ

ဂျူဗင်တပ်စ်ကို ၃-၁ ဂိုးနဲ့ ဦးဆောင်နေရာကနေ
ပွဲအပြီးမှာတော့ ၃-၄ ဂိုးနဲ့ အမှတ်ပြည့်ပါ ဆုံးရှုံးခဲ့ရပါတယ်။
ရိုးမားဟာ အေဘရာဟမ်ရဲ့သွင်းဂိုးကြောင့်
ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒီဘားလားက ဂျူဗင်တပ်စ်အတွက်
ပွဲချိန် ၁၈ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။


အဲဒီနောက် ရိုးမားဟာ ဒုတိယပိုင်းပြန်စလို့
သိပ်မကြာခင် ကွင်းလယ်တိုက်စစ်သမားတွေဖြစ်တဲ့
မစ်ခီတာယန်နဲ့ ပယ်လီဂရီနီတို့ရဲ့ဂိုးတွေကြောင့်

၃-၁ ဂိုးနဲ့ အေးဆေးဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂျူဗင်တပ်စ်က မထင်မှတ်တဲ့ပုံစံနဲ့
ပြန်လာနိုင်ခဲ့ပြီး ၇မိနစ်အတွင်း ၃ ဂိုး
ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်က မိနစ် ၇၀ ကနေ

၇၇ မိနစ်အတွင်း ၃ဂိုးဆက်တိုက်
သွင်းယူနိုင်ခဲ့ပြီး အဲဒီပွဲရဲ့ဒရာမာက ပြီးဆုံးမသွားသေးပါဘူး။
ပွဲချိန် ၈၁ မိနစ်မှာ ပင်နယ်တီဧရိယာအတွင်း
လက်ထိခဲ့လို့ ဂျူဗင်တပ်စ်နောက်ခံလူ
ဒီလစ်ဂျ် ထုတ်ပယ်ခံခဲ့ရပြီး ရိုးမားလည်း ပင်နယ်တီရခဲ့ပါတယ်။


ဒါပေမဲ့ တိတိယမြောက်ဂိုးကို ဖရီးကစ်ကနေ
လှလှပပသွင်းယူနိုင်ခဲ့တဲ့ ပယ်လီဂရီနီဟာ
ပင်နယ်တီကိုတော့ ဝင်အောင် မကန်နိုင်ခဲ့ဘဲ

ရှက်ဇနီက ကာကွယ်ခဲ့သလို ပြန်ထွက်လာတာကို
ပိတ်သွင်းတာလည်း ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။


ရိုးမားဟာ အဲဒီပွဲအရှုံးကြောင့် အဆင့် ၇နေရာမှာ

ရပ်တည်နေရပြီး ဂျူဗင်တပ်စ်ကတော့
အဆင့် ၄ နေရာက အတ္တလန္တာနဲ့ ၃ မှတ်အကွာ
အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။