၃ ပဲနီ နဲ့ ပေါင် ၂၆၈၆ ရရှိခဲ့တဲ့ ကံကောင်းလွန်းတဲ့ ၈၅ နှစ်အရွယ် အဘိုးအို

အသက်၈၅နှစ်အရွယ်အဘိုးအိုတစ်ဦးဟာ၃ပဲနီမောင်းလောင်းမှုကန

ပေါင်၂၆၀၀ ကျော်အထိရရှိခဲ့ကြောင်းသိရပါတယ်။

ဂျာနပ်စ်ဂျော့ဟာဂွန်ဘက်ဟာ၁၀ပွဲမောင်းလောင်းခဲ့တာဖြစ်ပြီ

း၉၀၀၀၀/၁ ဆအထိပေးထားတာလည်းဖြစ်ပါတယ်။

ဆပ်တန်အက်ရှ်ဖီးလ်မှာနေထိုင်တဲ့ဝါဂွန်ဘက်ဟာဒေသခံ

ဘက်ဖရက်ရဲ့အာမခံကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဒိုင်များကအနည်းဆုံး၅ပဲနီလောင်းကြေးထပ်မှုကိုသာ

လက်ခံပေမဲ့ဝါဂွန်ဘက်ကိုတော့အထူးပရိသတ်အနေဖြင့်

ခွင့်ပြုချက်ပေးထားပါတယ်။

သူဟာဆယ်ပွဲမောင်းကိုပွဲအားလုံးသရေကျမယ်ဆိုပြီး

ပြီးခဲ့တဲ့အပတ်တုန်းကလောင်းခဲ့တာလည်းဖြစ်ပါတယ်။

သူဟာကလပ်ပွဲကိုသာမကနိုင်ငံတကာပွဲများ

အပါအဝင်၁၀ပွဲမောင်းလောင်းခဲ့တာပါ။

သူရွေးချယ်ခဲ့တဲ့ပွဲတွေကတော့မီဝေါလ်-ပရက်စ်တန်၊

ဝင်ဘယ်ဒန်-ချီလ်တင်ဟမ်၊ဘရက်ဖို့ဒ်-လေတန်အိုရီယန့်၊ကိုလ်ချက်စတာ-ရော့ဒဲလ်၊

ဆွင်ဒင်-ခရော်လေ၊ဒန်ဒီး-ဒန်ဒီးယူနိုက်တက်၊ဟီဘာနီးယန်း-ဟတ်၊

ရို့စ်ကောင်တီ-အဘာဒင်း၊စိန့်မာရန်-မာသားဝဲလ်၊လက်ဘနွန်-အီရတ်ပွဲတို့ဖြစ်ပါတယ်။

ဝါဂွန်ဘက်က “ပုံမှန်ဆို၃ပဲနီထက်ပိုပြီးလောင်းတာ။ပိုက်ဆံမရှိလို့။

စကော့တလန်ပွဲတွေကိုသရေကျမယ်လို့ထင်တာ။

ဒီတော့အဲဒီကပွဲတွေအများကြီးရွေးတယ်။

နောက်တစ်နေ့စာရွက်ကြည့်တော့မှနိုင်မှန်းသိတာ။

အရမ်းပျော်သွားတယ်။အသက်ကြီးလာတာတော့သိပ်မခုန်နိုင်တော့ဘူး

။နည်းနည်းပဲခုန်နိုင်တယ်”လို့ပြောကြားသွားပါတယ်။

ဝါဂွန်ဘက်ဟာဘူဒါပက်စ်မှာမွေးဖွားသူဖြစ်ပြီး

၁၉၅၆ခုနှစ်က ဟန်ဂေရီတော်လှန်ရေးတွင်ပါဝင်ကာ

ဗြိတိန်တွင်နိုင်ငံရေးခိုလှုံခွင့်ဖြင့်နေထိုင်လာသူဖြစ်ပါတယ်။

သူဟာ Chess ကစားသမားတစ်ဦးဖြစ်ပြီး

၁၉၆၉ခုနှစ်တုန်းက Mr Nottingham ဆုရရှိခဲ့ဖူးပါတယ်။

zawgyi

၃ ပဲနီ နဲ႔ ေပါင္ ၂၆၈၆ ရရွိခဲ့တဲ့ ကံေကာင္းလြန္းတဲ့ ၈၅ ႏွစ္အ႐ြယ္ အဘိုးအို

အသက္၈၅ႏွစ္အ႐ြယ္အဘိုးအိုတစ္ဦးဟာ၃ပဲနီေမာင္းေလာင္းမႈကန

ေပါင္၂၆၀၀ ေက်ာ္အထိရရွိခဲ့ေၾကာင္းသိရပါတယ္။

ဂ်ာနပ္စ္ေဂ်ာ့ဟာဂြန္ဘက္ဟာ၁၀ပြဲေမာင္းေလာင္းခဲ့တာျဖစ္ၿပီ

း၉၀၀၀၀/၁ ဆအထိေပးထားတာလည္းျဖစ္ပါတယ္။

ဆပ္တန္အက္ရွ္ဖီးလ္မွာေနထိုင္တဲ့ဝါဂြန္ဘက္ဟာေဒသခံ

ဘက္ဖရက္ရဲ႕အာမခံကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ဒိုင္မ်ားကအနည္းဆုံး၅ပဲနီေလာင္းေၾကးထပ္မႈကိုသာ

လက္ခံေပမဲ့ဝါဂြန္ဘက္ကိုေတာ့အထူးပရိသတ္အေနျဖင့္

ခြင့္ျပဳခ်က္ေပးထားပါတယ္။

သူဟာဆယ္ပြဲေမာင္းကိုပြဲအားလုံးသေရက်မယ္ဆိုၿပီး

ၿပီးခဲ့တဲ့အပတ္တုန္းကေလာင္းခဲ့တာလည္းျဖစ္ပါတယ္။

သူဟာကလပ္ပြဲကိုသာမကႏိုင္ငံတကာပြဲမ်ား

အပါအဝင္၁၀ပြဲေမာင္းေလာင္းခဲ့တာပါ။

သူေ႐ြးခ်ယ္ခဲ့တဲ့ပြဲေတြကေတာ့မီေဝါလ္-ပရက္စ္တန္၊

ဝင္ဘယ္ဒန္-ခ်ီလ္တင္ဟမ္၊ဘရက္ဖို႔ဒ္-ေလတန္အိုရီယန႔္၊ကိုလ္ခ်က္စတာ-ေရာ့ဒဲလ္၊

ဆြင္ဒင္-ခေရာ္ေလ၊ဒန္ဒီး-ဒန္ဒီးယူႏိုက္တက္၊ဟီဘာနီးယန္း-ဟတ္၊

႐ို႕စ္ေကာင္တီ-အဘာဒင္း၊စိန႔္မာရန္-မာသားဝဲလ္၊လက္ဘႏြန္-အီရတ္ပြဲတို႔ျဖစ္ပါတယ္။

ဝါဂြန္ဘက္က “ပုံမွန္ဆို၃ပဲနီထက္ပိုၿပီးေလာင္းတာ။ပိုက္ဆံမရွိလို႔။

စေကာ့တလန္ပြဲေတြကိုသေရက်မယ္လို႔ထင္တာ။

ဒီေတာ့အဲဒီကပြဲေတြအမ်ားႀကီးေ႐ြးတယ္။

ေနာက္တစ္ေန႔စာ႐ြက္ၾကည့္ေတာ့မွႏိုင္မွန္းသိတာ။

အရမ္းေပ်ာ္သြားတယ္။အသက္ႀကီးလာတာေတာ့သိပ္မခုန္ႏိုင္ေတာ့ဘူး

။နည္းနည္းပဲခုန္ႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဝါဂြန္ဘက္ဟာဘူဒါပက္စ္မွာေမြးဖြားသူျဖစ္ၿပီး

၁၉၅၆ခုႏွစ္က ဟန္ေဂရီေတာ္လွန္ေရးတြင္ပါဝင္ကာ

ၿဗိတိန္တြင္ႏိုင္ငံေရးခိုလႈံခြင့္ျဖင့္ေနထိုင္လာသူျဖစ္ပါတယ္။

သူဟာ Chess ကစားသမားတစ္ဦးျဖစ္ၿပီး

၁၉၆၉ခုႏွစ္တုန္းက Mr Nottingham ဆုရရွိခဲ့ဖူးပါတယ္။