၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကနေဒါ

ကနေဒါအသင်းဟာ ယနေ့နံနက်ပိုင်းမှာ ဂျမေကာကို ၄-၀ ဂိုးနဲ့အနိုင်ယူကာ

အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ်
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၃၆ နှစ်ကြာ
ကမ္ဘာ့ဖလားနဲ့ ကင်းကွာနေရတာကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ကနေဒါဟာ ကြာသပတေးနေ့က အဝေးကွင်းမှာ
ကော်စတာရီကာကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ကာ ခြေစစ်ပွဲစောစောအောင်ခွင့်

ဆုံးရှုံးခဲ့ရပြီးနောက် ပရိသတ် ၃၀၀၀၀ ဆံ့ BMO ကွင်းအတွင်း
ကွင်းလုံးပြည့်နီးပါး လာအားပေးခဲ့ကြတဲ့ အိမ်ရှင်ပရိသတ်တွေရှေ့
ခြေစစ်ပွဲအောင်မြင်ဖို့ ပွဲစကတည်းက ဖိအားပေးကစားခဲ့ပါတယ်။
ဒါကြောင့်လည်း ကနေဒါအသင်းဟာ ပထမပိုင်းမှာ ၂ဂိုးနဲ့
ဒုတိယပိုင်းမှာ ၂ဂိုးသွင်းယူကာ ဂျမေကာကို

၄-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ၁၉၈၆ မက္ကဆီကို
ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ကနေဒါအသင်းဟာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
အုပ်စုတွင်း ၃ပွဲစလုံး အရေးနိမ့်ကာ တိုက်စစ်ကလည်း

တစ်ဂိုးမှ မသွင်းနိုင်ဘဲ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ရပါတယ်။
ခြေစစ်ပွဲပြီးဆုံးဖို့ ၁ပွဲပဲ လိုတော့ချိန်မှာ ကနေဒါအသင်းဟာ
၂၈ မှတ်နဲ့ ထိပ်ဆုံးကနေ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး
ကွန်ကာကပ်ဖ်ဒေသတွင်း အင်အားကြီးအသင်းတွေဖြစ်တဲ့
အမေရိကန်နဲ့ မက္ကဆီကိုတို့က အုပ်စု ဒုတိယနဲ့ တတိယအဖြစ်

တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
အမေရိကန်က ပနားမားကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့သလို
မက္ကဆီကိုလည်း အဝေးကွင်းမှာ ဟွန်ဒူးရပ်စ်ကို
ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့လို့ ကနေဒါနဲ့အတူ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
အယ်လ်ဆာဗေးဒိုးကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကော်စတာရီကာကတော့

တစ်ပွဲအလိုမှာ အဆင့် ၅ နေရာက ပနားမားကို
၄ မှတ်အထိ ဖြတ်နိုင်ခဲ့လို့ ပလေးအော့ဖ်ကစားခွင့်
သေချာသွားခဲ့ပြီး သမုဒ္ဒရာပိုင်းဇုန်က အသင်းနဲ့
ပလေးအော့ဖ်ကစားရဦးမှာဖြစ်ပါတယ်။

Zawgyi

၃၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ ကေနဒါ
ကေနဒါအသင္းဟာ ယေန႔နံနက္ပိုင္းမွာ ဂ်ေမကာကုိ ၄-၀ ဂိုးနဲ႔အႏိုင္ယူကာ
အသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္အျဖစ္

ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး ၃၆ ႏွစ္ၾကာ
ကမၻာ့ဖလားနဲ႔ ကင္းကြာေနရတာကိုလည္း အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ကေနဒါဟာ ၾကာသပေတးေန႔က အေ၀းကြင္းမွာ
ေကာ္စတာရီကာကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ကာ ေျခစစ္ပြဲေစာေစာေအာင္ခြင့္
ဆုံးရံႈးခဲ့ရၿပီးေနာက္ ပရိသတ္ ၃၀၀၀၀ ဆံ့ BMO ကြင္းအတြင္း

ကြင္းလုံးျပည့္နီးပါး လာအားေပးခဲ့ၾကတဲ့ အိမ္ရွင္ပရိသတ္ေတြေရွ႕
ေျခစစ္ပြဲေအာင္ျမင္ဖို႔ ပြဲစကတည္းက ဖိအားေပးကစားခဲ့ပါတယ္။
ဒါေၾကာင့္လည္း ကေနဒါအသင္းဟာ ပထမပိုင္းမွာ ၂ဂိုးနဲ႔
ဒုတိယပိုင္းမွာ ၂ဂိုးသြင္းယူကာ ဂ်ေမကာကုိ
၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး ၁၉၈၆ မကၠဆီကို

ကမၻာ့ဖလားၿပိဳင္ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္
ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။
ကေနဒါအသင္းဟာ ၁၉၈၆ ကမၻာ့ဖလားၿပိဳင္ပြဲမွာေတာ့
အုပ္စုတြင္း ၃ပဲြစလုံး အေရးနိမ့္ကာ တုိက္စစ္ကလည္း
တစ္ဂိုးမွ မသြင္းႏိုင္ဘဲ အုပ္စုေနာက္ဆုံးေနရာမွာ ရပ္တည္ခဲ့ရပါတယ္။

ေျခစစ္ပြဲၿပီးဆုံးဖုိ႔ ၁ပြဲပဲ လုိေတာ့ခ်ိန္မွာ ကေနဒါအသင္းဟာ
၂၈ မွတ္နဲ႔ ထိပ္ဆုံးကေန ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး
ကြန္ကာကပ္ဖ္ေဒသတြင္း အင္အားႀကီးအသင္းေတြျဖစ္တဲ့
အေမရိကန္နဲ႔ မကၠဆီကိုတုိ႔က အုပ္စု ဒုတိယနဲ႔ တတိယအျဖစ္
တုိက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။

အေမရိကန္က ပနားမားကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့သလုိ
မကၠဆီကိုလည္း အေ၀းကြင္းမွာ ဟြန္ဒူးရပ္စ္ကို
၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့လို႔ ကေနဒါနဲ႔အတူ တုိက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့တာပါ။
အယ္လ္ဆာေဗးဒိုးကို ၁-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ေကာ္စတာရီကာကေတာ့
တစ္ပြဲအလိုမွာ အဆင့္ ၅ ေနရာက ပနားမားကို

၄ မွတ္အထိ ျဖတ္ႏိုင္ခဲ့လုိ႔ ပေလးေအာ့ဖ္ကစားခြင့္
ေသခ်ာသြားခဲ့ၿပီး သမုဒၵရာပိုင္းဇုန္က အသင္းနဲ႔
ပေလးေအာ့ဖ္ကစားရဦးမွာျဖစ္ပါတယ္။