၃၅ ကိုက်အကွာကနေ ရော့ကတ်ဖရီးကစ်ဂိုးသွင်းပြလိုက်တဲ့ ဘီဘီ

တကယ်လို့ ယူနိုက်တက်မှာ တောင်ပံကစားသမား

ဘီဘီ ဘယ်လိုနစ်မြုပ်ခဲ့ရတာလဲဆိုတာ တွေးမိရင်
ဗယ်လက်ကာနိုအတွက် ၂၀၀၈ ရောနယ်ဒို သွင်းဂိုးပုံစံမျိုး
ရူးလောက်တဲ့ ဖရီးကစ်သွင်းပြလိုက်တာ သိရင်
အရမ်းကို အံ့အားသင့်သွားပါလိမ့်မယ်။
ဗယ်လက်ကာနိုဟာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်

ဒု-အကျော့ပွဲစဉ်အဖြစ် ဘက်တစ်နဲ့ကစားခဲ့တဲ့ပွဲမှာ
ပေါ်တူဂီနိုင်ငံသား ဘီဘီက နှစ်ကျော့ပေါင်း
သရေကျစေတဲ့ ဦးဆောင်ဂိုးကို ပွဲချိန်မိနစ် ၈၀ မှာ
သွင်းယူနိုင်ခဲ့တာာဖြစ်ပြီး ပွဲပြီးခါနီးမှာ
အိမ်ရှင်အသင်းကို ချေပဂိုးပေးလိုက်ရလို့သာ

နှစ်ကျော့ပေါင်း ၃-၂ ဂိုးရလဒ်နဲ့ ဗယ်လက်ကာနိုအသင်း
စပိန်ဘုရင့်ဖလားပြိုင်ပွဲကနေ ထွက်လိုက်ရတာဖြစ်ပါတယ်။


ဘီဘီဟာ ၃၅ ကိုက်အကွာကနေ

ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို ရော်နယ်ဒို
ကန်သွင်းတဲ့ပုံစံအတိုင်း ခြေခုံနဲ့
အုပ်ပြီး ပြိုင်ဘက်ဂိုးသမား ဘောလုံးလမ်းကြောင်း
မှန်းလို့မရအောင် Twist ထည့်ကန်သွင်းလိုက်တာဖြစ်ပါတယ်။
ဘောလုံးကလည်း ဂိုးသမားဆီ တည့်တည့်လာမလိုဖြစ်နေရာကနေ

သူ့နားရောက်မှ ဂိုးသမားရဲ့ဘယ်ဘက်
အပေါ်ထောင့်ထဲ ဝင်သွားတာဖြစ်ပြီး
ဘက်တစ်ဂိုးသမားလည်း ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။
ယူနိုက်တက်ကစားသမားဘဝမှာ ဘောလုံးတောင်
မှန်အောင် ကန်နိုင်ဖို့ ရုန်းကန်ခဲ့ရသူတစ်ယောက်က

အခုလို ရူးလောက်တဲ့ဖရီးကစ်မျိုး
သွင်းပြနိုင်တယ်ဆိုတာ တော်ရုံတန်ရုံ
လက်သင့်ခံနိုင်ဖို့ ခက်ပါတယ်။

ဘီဘီဟာ ၂၀၁၀ ခုနှစ်က ဘီဘီကို
ပေါင် ၇သန်းနဲ့ ခေါ်ယူခဲ့ရာမှာ နည်းပြကြီး
ဖာဂူဆန်တောင် သူ့ရဲ့ကစားပုံကို မကြည့်ဖူးခဲ့ဘဲ
ဘီဘီလည်း လက်မှတ်ထိုးကြေး
ပေါင် ၅၀၀၀၀၀ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ တောင်ပံကစားသမား ဘီဘီဟာ
ယူနိုက်တက်အတွက် ၇ပွဲပဲ ကစားခွင့်ရခဲ့ပြီး
အသင်းအတွက် ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
”ရော်နယ်ဒိုအနေနဲ့ မနက်ဖြန်လုပ်မယ့်
ထရိန်နင်မှာ ဘီဘီရဲ့ဒီကန်ချက်ကို

ဗီဒီယိုကနေ ပြန်ကြည့်ပြီး လေ့ကျင့်သင့်တယ်”
”ပါးစပ်အဟောင်းသားဖြစ်သွားရုံပဲ တတ်နိုင်ပါတော့တယ်”
”ယူနိုက်တက်ဂန္ထဝင်ကြီး”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ဘီဘီနဲ့ ဗယ်လက်ကာနိုတို့အတွက်

ကံမကောင်းတာက ပွဲချိန် ၉၂ မိနစ်မှာ
အစ်ဂလီစီယပ်စ်က ဘက်တစ်အတွက်
ချေပဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဘက်တစ်လည်း
စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် ဧပြီလ ၂၃ရက်နေ့မှာ
ဗလန်စီယာနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။