၂ ရက်လောက် မအိပ်ဘဲနေခဲ့ရလည်း စပါးလောက်ကတော အေးဆေးပဲဆိုတဲ့ ဂွီမာရက်စ်

ကာဆယ်ကွင်းလယ်လူဂွီမာရက်စ်က စပါးပွဲစဉ်မတိုင်ခင်မှာ ၂ရက်လောက်အထိအိပ် မပျော်ခဲ့ဘူးလို့ပြန်လည်ဖွင့်လိုက်ပါတယ်။

ဘရာဇီးကွင်းလယ်လူဟာ အဲဒီပွဲမှာ ထိပ်တန်းစွမ်းဆောင်ရည်ပြသခဲ့ပြီး ငှက်ကျားတွေကနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားအဆင့် ၄ နေရာရပ်တည်ခွင့်ရခဲ့ပါတယ်။

လိုင်ယွန်ကနေ ပေါင်သန်း ၄၀ နဲ့ပြောင်းရွှေ့လာတဲ့ ဂွီမာရက်စ်ရဲ့ခြေစွမ်းဟာအချိန်နဲ့အမျှတိုးတက်လာသလို ကာဆယ်အတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ပေးနေသူဖြစ်တယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာစွမ်းဆောင်ရည်အကောင်ဆုံးဖြစ်နေတဲ့ ဂွီမာရက်စ်က

“ကလေး အတွက်ပါ။ နှစ်ရက်လုံးလုံး အိမ်မှာမအိပ်ဘဲနေခဲ့ပေမဲ့ ငါကမင်းတို့နဲ့အတူအမြဲရှိနေချင်ခဲ့တာပါ။

ထောက်ပံ့ပေးခဲ့သူတွေကိုကျေးဇူးတင်သလို မက်တီယိုဆီကအနမ်း တစ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ သူကဘရာဇီးသား Geordie ပါ” လို့တွစ်တာ မှာရေးသားခဲ့ပါတယ်။

စပါးပွဲစဉ်အတွက် နှစ်ရက်လောက်မအိပ်ဘဲပြင်ဆင်ခဲ့တဲ့ ဘရာဇီးသားနဲ့ပတ်သတ်လို့ နည်းပြဟိုဝီက “သူနဲ့သူ့မိသားစုအတွက် အံ့အားသင့်စရာအခိုက်အတန့်လေးမို့ ဝမ်းသာပါတယ်။

သူ့ရဲ့သားလေးမွေးတဲ့ခံစားချက်က တော်တော်မှန်ကန်တယ်လို့ထင်ပါတယ်” လို့ဆိုခဲ့ပါတယ်။

စပါးနဲ့ပွဲအပြီးမှာ ဂွီမာရက်စ် ကအလွန်ပင်ပန်းနွမ်းနယ်ခဲ့ဟန်ရှိပြီး သူ့ရဲ့သားလေးမက်ဆီယိုမွေးဖွားခဲ့ပုံကိုဆိုရှယ် မီဒီယာမှာပြသကာ ၂ရက်မအိပ်ဘဲ ကစားခဲ့ရပုံကိုရှင်းပြသွားခဲ့တာ ဖြစ်တယ်။

(Zawgyi)

၂ ရက္ေလာက္ မအိပ္ဘဲေနခဲ့ရလည္း စပါးေလာက္ကေတာ ေအးေဆးပဲဆိုတဲ့ ဂြီမာရက္စ္

ကာဆယ္ကြင္းလယ္လူဂြီမာရက္စ္က စပါးပြဲစဥ္မတိုင္ခင္မွာ ၂ရက္ေလာက္အထိအိပ္ မေပ်ာ္ခဲ့ဘူးလို႔ျပန္လည္ဖြင့္လိုက္ပါတယ္။

ဘရာဇီးကြင္းလယ္လူဟာ အဲဒီပြဲမွာ ထိပ္ တန္းစြမ္းေဆာင္ရည္ျပသခဲ့ၿပီး ငွက္က်ားေတြကႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားအဆင့္ ၄ ေနရာရပ္တည္ခြင့္ရခဲ့ပါတယ္။

လိုင္ယြန္ကေန ေပါင္သန္း ၄၀ နဲ႔ေျပာင္းေ႐ႊ႕လာတဲ့ ဂြီမာရက္စ္ရဲ႕ေျခစြမ္းဟာအခ်ိန္နဲ႔အမွ်တိုးတက္လာသလို ကာဆယ္အတြက္ အဓိကက်တဲ့အခန္းက႑ကေနပါဝင္ေပးေနသူျဖစ္တယ္။

လက္ရွိ ပရီးမီးယားလိဂ္မွာစြမ္းေဆာင္ရည္အေကာင္ဆုံးျဖစ္ေနတဲ့ ဂြီမာရက္စ္က “ကေလး အတြက္ပါ။ ႏွစ္ရက္လုံးလုံးအိမ္မွာမအိပ္ဘဲေနခဲ့ေပမဲ့ ငါကမင္းတို႔နဲ႔အတူအၿမဲရွိေန ခ်င္ခဲ့တာပါ။ ေထာက္ပံ့ေပးခဲ့သူေတြကိုေက်းဇူးတင္သလို မက္တီယိုဆီကအနမ္း တစ္ခ်က္အတြက္ေက်းဇူးတင္ပါတယ္။ သူကဘရာဇီးသား Geordie ပါ” လို႔တြစ္တာ မွာေရးသားခဲ့ပါတယ္။

စပါးပြဲစဥ္အတြက္ ႏွစ္ရက္ေလာက္မအိပ္ဘဲျပင္ဆင္ခဲ့တဲ့ ဘရာဇီးသားနဲ႔ပတ္သတ္လို႔ နည္းျပဟိုဝီက “သူနဲ႔သူ႔မိသားစုအတြက္ အံ့အားသင့္စ ရာအခိုက္အတန႔္ေလးမို႔ ဝမ္းသာပါတယ္။

သူ႔ရဲ႕သားေလးေမြးတဲ့ခံစားခ်က္က ေတာ္ ေတာ္မွန္ကန္တယ္လို႔ထင္ပါတယ္” လို႔ဆိုခဲ့ပါတယ္။ စပါးနဲ႔ပြဲအၿပီးမွာ ဂြီမာရက္စ္ ကအလြန္ပင္ပန္းႏြမ္းနယ္ခဲ့ဟန္ရွိၿပီး သူ႔ရဲ႕သားေလးမက္ဆီယိုေမြးဖြားခဲ့ပုံကိုဆိုရွယ္ မီဒီယာမွာျပသကာ ၂ရက္မအိပ္ဘဲကစားခဲ့ရပုံကိုရွင္းျပသြားခဲ့တာျဖစ္တယ္။