၂ ယောက်တည်းပြိုင်တဲ့ပွဲမှာ အနိုင်ရလို့ ဥက္ကဋ္ဌဖြစ်လာတဲ့ အီတူး

ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့

ဆမ်မြူရယ်အီတူး ဟာပြီးခဲ့တဲ့စနေနေ့က ကျင်း ပခဲ့တဲ့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်

ဥက္ကဌရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်အသက် ၄၀ အရွယ်ရှိ တဲ့

အီတူးဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ကို ၄ နှစ်ကြာဦးဆောင်ရတော့မှာဖြစ်ပါတယ်။

သူဟာ ကင်မရွန်းအသင်းအတွက် ၁၁၈ ပွဲကစားပြီး ၅၆ ဂိုးသွင်းခဲ့လို့

နိုင်ငံရဲ့အကြီးကျယ်ဆုံးသော လက်ရွေးစင်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

သူဟာ သူ့ပြိုင်ဘက်ဖြစ်တဲ့ ဆီဒူအမ်ဘိုဘိုအန်ဂျိုယာ ကို ၄၃ မဲ ၃၁ မဲနဲ့

အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုဥက္ကဌရွေးပွဲမှာ ကိုယ်စားလှယ် လောင်း ၇ ယောက်

ပါဝင်ဖို့စာရင်းပေးထားပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်မနက်မှာ ၅ ဦးက

နုတ်ထွက်သွားခဲ့လို့ အီတူးနဲ့ အန်ဂျိုယာ တို့နှစ်ဦးတည်းသာယှဥ်ပြိုင်ခဲ့ရတာပါ။

ရွေးကောက်ပွဲမှာသူအနိုင်ရပြီးနောက် အင်စတာဂရမ်ကနေတစ်ဆင့်

အီတူးက”ကျွန်တော့်ဘဝရဲ့ဂုဏ်အယူရဆုံးအခိုက်အတန့် ကိုအမြဲတမ်း သတိရနေမှာပါ။

အခုလိုရွေးကောက်ခံခဲ့ရတဲ့အတွက်လည်း အရမ်းကိုဂုဏ်ယူရပါတယ်။

အခုကျွန်တော့်အတွက် ပေးတဲ့မဲတိုင်းမှာ ကင်မရွန်းအသင်းသမိုင်းမှာ

ဘယ်တုန်းကမှမမြင်ခဲ့ရတဲ့ အဆင့်ကိုရောက်ဖို့အတွက် ဘောလုံးမိသားစုရဲ့

ရည်မှန်းချက်ထားမှုနဲ့ စွမ်းအားတွေပါဝင်နေခဲ့ပါတယ်” လို့ပြောသွားပါတယ်။

အီတူး ဟာကင်မရွန်းဘောလုံးလောကကိုပြုပြင် ပြောင်းလဲဖို့အပြင်

အနည်းဆုံးကစားကွင်း ၁၀ ခုအထိဆောက်လုပ်ပေးဖို့လည်း ကတိပြုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ သူဝင်ပြိုင် ခဲ့တာကို အာရုံစိုက်သူများပြားခဲ့ပြီး

မဲပေးမှုအဆင့်ဆင့်ကိုလည်းနိုင်ငံရဲ့အမျိုးသားရုပ်သံဌာနကနေ

တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ တယ်လို့လည်း သိရပါတယ်။ ကင်မရွန်းဟာ

လာမယ့်ဇန်နဝါရီကနေ ဖေ‌ဖေါ်ဝါရီအထိ ကျင်းပမယ့်အာဖရိကနိုင်ငံများဖလား

ပြိုင်ပွဲရဲ့အိမ်ရှင်လည်းဖြစ်ပြီး ဒီပြိုင်ပွဲကိုအကောင်းဆုံးဖြစ်စေရမယ်လို့လည်း အီတူးကဆိုခဲ့ပါတယ်။

zawgyi

၂ ေယာက္တည္းၿပိဳင္တဲ့ပြဲမွာ အႏိုင္ရလို႔ ဥကၠ႒ျဖစ္လာတဲ့ အီတူး

ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ကစားသမားေဟာင္းျဖစ္တဲ့

ဆမ္ျမဴရယ္အီတူး ဟာၿပီးခဲ့တဲ့စေနေန႔က က်င္း ပခဲ့တဲ့ ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္

ဥကၠဌေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တယ္လို႔သိရပါတယ္။ ဒါေၾကာင့္အသက္ ၄၀ အ႐ြယ္ရွိ တဲ့

အီတူးဟာ ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ကို ၄ ႏွစ္ၾကာဦးေဆာင္ရေတာ့မွာျဖစ္ပါတယ္။

သူဟာ ကင္မ႐ြန္းအသင္းအတြက္ ၁၁၈ ပြဲကစားၿပီး ၅၆ ဂိုးသြင္းခဲ့လို႔

ႏိုင္ငံရဲ႕အႀကီးက်ယ္ဆုံးေသာ လက္ေ႐ြးစင္ေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

သူဟာ သူ႔ၿပိဳင္ဘက္ျဖစ္တဲ့ ဆီဒူအမ္ဘိုဘိုအန္ဂ်ိဳယာ ကို ၄၃ မဲ ၃၁ မဲနဲ႔

အႏိုင္ရခဲ့တာျဖစ္ပါတယ္။ အခုဥကၠဌေ႐ြးပြဲမွာ ကိုယ္စားလွယ္ ေလာင္း ၇ ေယာက္

ပါဝင္ဖို႔စာရင္းေပးထားေပမယ့္ ေ႐ြးေကာက္ပြဲက်င္းပမယ့္မနက္မွာ ၅ ဦးက

ႏုတ္ထြက္သြားခဲ့လို႔ အီတူးနဲ႔ အန္ဂ်ိဳယာ တို႔ႏွစ္ဦးတည္းသာယွဥ္ၿပိဳင္ခဲ့ရတာပါ။

ေ႐ြးေကာက္ပြဲမွာသူအႏိုင္ရၿပီးေနာက္ အင္စတာဂရမ္ကေနတစ္ဆင့္

အီတူးက”ကြၽန္ေတာ့္ဘဝရဲ႕ဂုဏ္အယူရဆုံးအခိုက္အတန႔္ ကိုအၿမဲတမ္း သတိရေနမွာပါ။

အခုလိုေ႐ြးေကာက္ခံခဲ့ရတဲ့အတြက္လည္း အရမ္းကိုဂုဏ္ယူရပါတယ္။

အခုကြၽန္ေတာ့္အတြက္ ေပးတဲ့မဲတိုင္းမွာ ကင္မ႐ြန္းအသင္းသမိုင္းမွာ

ဘယ္တုန္းကမွမျမင္ခဲ့ရတဲ့ အဆင့္ကိုေရာက္ဖို႔အတြက္ ေဘာလုံးမိသားစုရဲ႕

ရည္မွန္းခ်က္ထားမႈနဲ႔ စြမ္းအားေတြပါဝင္ေနခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။

အီတူး ဟာကင္မ႐ြန္းေဘာလုံးေလာကကိုျပဳျပင္ ေျပာင္းလဲဖို႔အျပင္

အနည္းဆုံးကစားကြင္း ၁၀ ခုအထိေဆာက္လုပ္ေပးဖို႔လည္း ကတိျပဳခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲမွာ သူဝင္ၿပိဳင္ ခဲ့တာကို အာ႐ုံစိုက္သူမ်ားျပားခဲ့ၿပီး

မဲေပးမႈအဆင့္ဆင့္ကိုလည္းႏိုင္ငံရဲ႕အမ်ိဳးသား႐ုပ္သံဌာနကေန

တိုက္႐ိုက္ထုတ္လႊင့္ေပးခဲ့ တယ္လို႔လည္း သိရပါတယ္။ ကင္မ႐ြန္းဟာ

လာမယ့္ဇန္နဝါရီကေန ေဖ‌ေဖၚဝါရီအထိ က်င္းပမယ့္အာဖရိကႏိုင္ငံမ်ားဖလား

ၿပိဳင္ပြဲရဲ႕အိမ္ရွင္လည္းျဖစ္ၿပီး ဒီၿပိဳင္ပြဲကိုအေကာင္းဆုံးျဖစ္ေစရမယ္လို႔လည္း အီတူးကဆိုခဲ့ပါတယ္။