၂ ပွဲဆက် ဟက်ထရစ်နဲ့ အဂွဲရိုးရဲ့မှတ်တမ်းကို ချိုးဖျက်သွားတဲ့ ဟာလန်း

တိုက်စစ်မှူးတစ်ယောက်ဟာ နယ်မြေအသစ်မှာ ချက်ချင်းခြေစွမ်းပြနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။

ဒါပေမယ့် ဒီလိုသတ်မှတ်ရမယ့်သူတွေရဲ့စာရ်ငးမှာ ဟာလန်းကတော့ ကင်းလွတ်နေတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။

သူ့ရဲ့ဂိုးသွင်းနိုင်တဲ့ အဆုံးသတ်ကောင်းမွန်မှုတွေဟာ ရပ်တန့်လို့မရနိုင်အောင်ဖြစ်နေပြီဆိုတာကို

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဆက်လက်ပြသသွားနိုင်ခဲ့ပါတယ်။

စပါးကို အိမ်ကွင်းမှာရှုံးထားတဲ့ တန်းတက်အသင်းဟာ မန်စီးတီးရဲ့ကစားအားကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ဂိုးဒါဇင်ဝက်ပေးပြီး ရှုံးနိမ့်ခဲ့ရတာပါ။

နယူးကာဆယ်နဲ့သရေကျပြီး အမှတ်လျော့ထားတဲ့ ဂွါဒီယိုလာရဲ့အသင်း

ဖိအားကင်းကင်းနဲ့ကစားနိုင်အောင် ဂိုးတွေသွင်းပေးခဲ့သူကတော့ ဟာလန်းပဲဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပထမပိုင်း ၃၈ မိနစ်အတွင်းမှာတင် ၃ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။

တနည်းအားဖြင့် မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၅ ပွဲမှာ ၉ ဂိုးသွင်းပြီး ပေါင် ၅၁ သန်းနဲ့ထိုက်တန်သူဆိုတာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာမြို့ရဲ့မိုးပြာရောင်အသင်းအတွက် နောက်ထပ်ပျော်စရာကောင်းတာကတော့ ဟာလန်းနဲ့ဖိုဒန်တို့ ခပ်မြန်မြန်ပဲ နားလည်မှုရသွားတာပါ။

နော်ဝေတိုက်စစ်မှူးရဲ့ ပထမဂိုး ၂ ဂိုးလုံးမှာ ဖိုဒန်ကပတ်သက်ပေးခဲ့ပါတယ်။

ပြိုင်ဘက်နောက်ခံလူတွေကတော့ ဂျွန်စတုန်းလှမ်းမပေးတာကို နော်တင်ဟမ်နောက်ခံလူထက်ဦးအောင်

ကန်သွင်းသွားတဲ့ဟာလန်းကိုကြည့်ပြီး ထိတ်လန့်နေလောက်ပါပြီ။

နော်ဝေသားဟာ မြင့်မားတဲ့အရပ်အမောင်းနဲ့လျင်မြန်မှုကို အကောင်းဆုံးအသုံးချနေလို့ပါ။

ဒီပွဲက ဟက်ထရစ်ကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သြဂုတ်လအတွင်း

ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်စိုက်ထူနိုင်ခဲ့သလို မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုးရဲ့မှတ်တမ်းကောင်းကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပြီးချိန်အထိ အာဂျင်တီးနားကြယ်ပွင့်နဲ့

ဂိုးအရေအတွက်တူနေပေမယ့် ပွဲစဉ် ၅ မှာ ၂ ဂိုးသာသွင်းနိုင်ခဲ့တဲ့ အဂွဲရိုးကို နောက်ကောက်ချနိုင်ခဲ့တာပါ။

မန်စီတီးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ပွဲမှာ မန်စီးတီးအသင်းဘက်ကသာ သွင်းဂိုးတွေရယူခဲ့ပြီး (၆-ဝ)ရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဟာလန်း ၁၂မိနစ် ၂၃မိနစ် ၃၉မိနစ်၊ ကန်ဆယ်လို ၅၀မိနစ် နဲ့ အဂွဲရိုး လက်သစ်

အဲလ်ဗာရက်ဇ်က ၆၅မိနစ် ၈၈မိနစ်တို့မှာ မန်စီးတီးအတွက် ဂိုးတွေသွင်းယူပေးသွားခဲ့ပါတယ်။

zawgyi

၂ ပြဲဆက္ ဟက္ထရစ္နဲ႔ အဂြဲ႐ိုးရဲ႕မွတ္တမ္းကို ခ်ိဳးဖ်က္သြားတဲ့ ဟာလန္း

တိုက္စစ္မႉးတစ္ေယာက္ဟာ နယ္ေျမအသစ္မွာ ခ်က္ခ်င္းေျခစြမ္းျပႏိုင္ဖို႔ဆိုတာ လြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။

ဒါေပမယ့္ ဒီလိုသတ္မွတ္ရမယ့္သူေတြရဲ႕စာရ္ငးမွာ ဟာလန္းကေတာ့ ကင္းလြတ္ေနတဲ့သူတစ္ေယာက္ျဖစ္ေနပါၿပီ။

သူ႔ရဲ႕ဂိုးသြင္းႏိုင္တဲ့ အဆုံးသတ္ေကာင္းမြန္မႈေတြဟာ ရပ္တန႔္လို႔မရႏိုင္ေအာင္ျဖစ္ေနၿပီဆိုတာကို

ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ဆက္လက္ျပသသြားႏိုင္ခဲ့ပါတယ္။

စပါးကို အိမ္ကြင္းမွာရႈံးထားတဲ့ တန္းတက္အသင္းဟာ မန္စီးတီးရဲ႕ကစားအားကို ဘယ္လိုမွမယွဥ္ႏိုင္ခဲ့ဘဲ ဂိုးဒါဇင္ဝက္ေပးၿပီး ရႈံးနိမ့္ခဲ့ရတာပါ။

နယူးကာဆယ္နဲ႔သေရက်ၿပီး အမွတ္ေလ်ာ့ထားတဲ့ ဂြါဒီယိုလာရဲ႕အသင္း

ဖိအားကင္းကင္းနဲ႔ကစားႏိုင္ေအာင္ ဂိုးေတြသြင္းေပးခဲ့သူကေတာ့ ဟာလန္းပဲျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ပထမပိုင္း ၃၈ မိနစ္အတြင္းမွာတင္ ၃ ဂိုးသြင္းေပးႏိုင္ခဲ့တာပါ။

တနည္းအားျဖင့္ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၉ ဂိုးသြင္းၿပီး ေပါင္ ၅၁ သန္းနဲ႔ထိုက္တန္သူဆိုတာ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာၿမိဳ႕ရဲ႕မိုးျပာေရာင္အသင္းအတြက္ ေနာက္ထပ္ေပ်ာ္စရာေကာင္းတာကေတာ့ ဟာလန္းနဲ႔ဖိုဒန္တို႔ ခပ္ျမန္ျမန္ပဲ နားလည္မႈရသြားတာပါ။

ေနာ္ေဝတိုက္စစ္မႉးရဲ႕ ပထမဂိုး ၂ ဂိုးလုံးမွာ ဖိုဒန္ကပတ္သက္ေပးခဲ့ပါတယ္။

ၿပိဳင္ဘက္ေနာက္ခံလူေတြကေတာ့ ဂြၽန္စတုန္းလွမ္းမေပးတာကို ေနာ္တင္ဟမ္ေနာက္ခံလူထက္ဦးေအာင္

ကန္သြင္းသြားတဲ့ဟာလန္းကိုၾကည့္ၿပီး ထိတ္လန႔္ေနေလာက္ပါၿပီ။

ေနာ္ေဝသားဟာ ျမင့္မားတဲ့အရပ္အေမာင္းနဲ႔လ်င္ျမန္မႈကို အေကာင္းဆုံးအသုံးခ်ေနလို႔ပါ။

ဒီပြဲက ဟက္ထရစ္ေၾကာင့္ ဟာလန္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ၾသဂုတ္လအတြင္း

ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္သစ္စိုက္ထူႏိုင္ခဲ့သလို မန္စီးတီးဂႏၴဝင္တိုက္စစ္မႉး အဂြဲ႐ိုးရဲ႕မွတ္တမ္းေကာင္းကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ၿပီးခ်ိန္အထိ အာဂ်င္တီးနားၾကယ္ပြင့္နဲ႔

ဂိုးအေရအတြက္တူေနေပမယ့္ ပြဲစဥ္ ၅ မွာ ၂ ဂိုးသာသြင္းႏိုင္ခဲ့တဲ့ အဂြဲ႐ိုးကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တာပါ။

မန္စီတီးနဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္တို႔ပြဲမွာ မန္စီးတီးအသင္းဘက္ကသာ သြင္းဂိုးေတြရယူခဲ့ၿပီး (၆-ဝ)ရလဒ္နဲ႔ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ဟာလန္း ၁၂မိနစ္ ၂၃မိနစ္ ၃၉မိနစ္၊ ကန္ဆယ္လို ၅၀မိနစ္ နဲ႔ အဂြဲ႐ိုး လက္သစ္

အဲလ္ဗာရက္ဇ္က ၆၅မိနစ္ ၈၈မိနစ္တို႔မွာ မန္စီးတီးအတြက္ ဂိုးေတြသြင္းယူေပးသြားခဲ့ပါတယ္။