
ထရစ်ပီယာဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာ အက်သလက်တီကိုနဲ့အတူ
လာလီဂါမှာချန်ပီယံဆုရတဲ့အထိအောင်မြင်ခဲ့ပေမယ့်
အိမ်ပြန်လာသင့်ပြီလို့ယုံကြည်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းက ထရစ်ပီယာရဲ့အိပ်မက်တွေကို
ဖြည့်ဆည်းပေးခဲ့တာဖြစ်ပြီး ယခုလအစောပိုင်းမှာ
ပေါင်၁၅သန်းဝန်းကျင်နဲ့ပြောင်းရွှေ့လာခဲ့တဲ့နောက်
စိန့်ဂျိမ်းစ်ပါ့ခ်မှာခြေစွမ်းပြသနေတာပါ။
အက်သလက်တီကိုမက်ဒရစ်နဲ့ ထရစ်ပီယာတို့အကြား
ချုပ်ဆိုထားတဲ့စာချုပ်မှာပါရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ
ပေါင်သန်း-၃၀လောက်ရှိခဲ့တာပါ။
ဇန်နဝါရီအပြောင်းအရွှေ့မှာမှ နယူးကာဆယ်အသင်းကို
၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ထရစ်ပီယာက
အသင်းပိုင်ရှင်သစ်တွေကြောင့် အသင်းအနေနဲ့
ပရီးမီးယားလိဂချန်ပီယံဆုကို ၂ နှစ်အတွင်း ရရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ထရစ်ပီယာအနေနဲ့ ၂၀၀၈ ခုနှစ်မှာ မန်စီးတီးအသင်းပိုင်ရှင်
အပြောင်းအလဲဖြစ်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို
၄ ကြိမ်ရရှိခဲ့သလိုမျိုး နယူးကာဆယ်လည်း လုပ်ဆောင်နိုင်မယ်လို့
ယုံကြည်ချက်ရှိနေတာပဲ ဖြစ်ပါတယ်။
The Athletic ကနေတစ်ဆင့် ထရစ်ပီယာက ” ကျွန်တော်အနေနဲ့
ချန်ပီယံလိဂ်ပုံမှန်ကစားနေရတဲ့ အက်သလက်တီကိုလို
ဥရောပထိပ်သီးအသင်းကနေ နယူးကာဆယ်ကို ပြန်လာတာက
အင်္ဂလန်မြေကို ချစ်သလို အသင်းရဲ့ ရည်မှန်းချက်ကို သဘောကျလို့ပါ။
အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက်မှာ နယူးကာဆယ်ဟာ
မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ရောက်နေပါပြီ။
အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားတွေကိုလည်း
အချိန်ကိုက်ခေါ်ယူနိုင်ခဲ့တာကြောင့် လာမယ့် ၂ နှစ်အတွင်းမှာ
ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
zawgyi
၂ ႏွစ္အတြင္း ပရီးမီးယားခ်န္ပီယံဆုကို ရရွိႏိုင္မယ္လို႔ နယူးကာဆယ္ေနာက္ခံလူ ထရစ္ပီယာ ဆို
ထရစ္ပီယာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ အက္သလက္တီကိုနဲ႔အတူ
လာလီဂါမွာခ်န္ပီယံဆုရတဲ့အထိေအာင္ျမင္ခဲ့ေပမယ့္
အိမ္ျပန္လာသင့္ၿပီလို႔ယုံၾကည္ခဲ့ပါတယ္။
နယူးကာဆယ္အသင္းက ထရစ္ပီယာရဲ႕အိပ္မက္ေတြကို
ျဖည့္ဆည္းေပးခဲ့တာျဖစ္ၿပီး ယခုလအေစာပိုင္းမွာ
ေပါင္၁၅သန္းဝန္းက်င္နဲ႔ေျပာင္းေ႐ႊ႕လာခဲ့တဲ့ေနာက္
စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာေျခစြမ္းျပသေနတာပါ။
အက္သလက္တီကိုမက္ဒရစ္နဲ႔ ထရစ္ပီယာတို႔အၾကား
ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္မွာပါရွိတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ
ေပါင္သန္း-၃၀ေလာက္ရွိခဲ့တာပါ။
ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာမွ နယူးကာဆယ္အသင္းကို
၂ ႏွစ္ခြဲ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ ထရစ္ပီယာက
အသင္းပိုင္ရွင္သစ္ေတြေၾကာင့္ အသင္းအေနနဲ႔
ပရီးမီးယားလိဂခ်န္ပီယံဆုကို ၂ ႏွစ္အတြင္း ရရွိႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ထရစ္ပီယာအေနနဲ႔ ၂၀၀၈ ခုႏွစ္မွာ မန္စီးတီးအသင္းပိုင္ရွင္
အေျပာင္းအလဲျဖစ္ၿပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို
၄ ႀကိမ္ရရွိခဲ့သလိုမ်ိဳး နယူးကာဆယ္လည္း လုပ္ေဆာင္ႏိုင္မယ္လို႔
ယုံၾကည္ခ်က္ရွိေနတာပဲ ျဖစ္ပါတယ္။
The Athletic ကေနတစ္ဆင့္ ထရစ္ပီယာက ” ကြၽန္ေတာ္အေနနဲ႔
ခ်န္ပီယံလိဂ္ပုံမွန္ကစားေနရတဲ့ အက္သလက္တီကိုလို
ဥေရာပထိပ္သီးအသင္းကေန နယူးကာဆယ္ကို ျပန္လာတာက
အဂၤလန္ေျမကို ခ်စ္သလို အသင္းရဲ႕ ရည္မွန္းခ်က္ကို သေဘာက်လို႔ပါ။
အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္ၿပီးေနာက္မွာ နယူးကာဆယ္ဟာ
မွန္ကန္တဲ့လမ္းေၾကာင္းေပၚကို ျပန္ေရာက္ေနပါၿပီ။
အသင္းအတြက္ လိုအပ္ေနတဲ့ ကစားသမားေတြကိုလည္း
အခ်ိန္ကိုက္ေခၚယူႏိုင္ခဲ့တာေၾကာင့္ လာမယ့္ ၂ ႏွစ္အတြင္းမွာ
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ဖို႔ ရွိေနပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။