၂၇ နှစ်ကြာနေလို့ ၂၇ မိနစ်မှာ ဆန္ဒပြမယ့် အစီအစဥ်

တနလင်္္ာနေ့၊အိမ်ကွင်းဂွတ်ဒီဆင်ပါ့ခ်မှာ လက်ခံကစားရမယ့် အာဆင်နယ်နဲ့

ပရီးမီးယားလိဂ်ပွဲရဲ့ ပွဲချိန် ၂၇ မိနစ်မှာ အသင်းဘုတ်အဖွဲ့ကို ဆန္ဒပြဖို့ အဲဗာတန်

ပရိသတ်တွေက စီစဥ္ထားပါတယ်။

အဲဗာတန်ဟာ မြို့ခံခါးသီးပြိုင်ဘက် လီဗာပူးကို ဂွတ်ဒီဆင်ပါ့ခ်မှာ ၁-၄ နဲ့

ပူပူနွေးနွေးရှုံးထားကာ နောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပါတယ်။

၁၉၉၄-၉၅ ရာသီက အက်ဖ်အေဖလားရခဲ့ပြီးနောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေသလို

အသင်းအနေနဲ့ အောင်မြင်မှုနဲ့ ဝေးကွာနေတာ ၂၇ နှစ်ကြာနေပြီဖြစ်လို့လည်း

ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။

လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အဲဗာတန်ရဲ့ ဘောလုံး ဒါရိုက်တာ

မာဆယ်ဘရန်းဒ်စ်ဟာ အော်ဟစ်လှောင်ပြောင်တဲ့ အဲဗာတန် ပရိသတ်တစ်ဦးနဲ့

ပွဲကြည့်စင်မှာ စကားများခဲ့ကြတာကလည်း အဲဗာတန်ပရိသတ်တွေကို ပိုပြီး

ဒေါသထွက်စေခဲ့ပါတယ်။

အဲ့ဒိအတွက် အာဆင်နယ်နဲ့ ကစားမယ့်ပွဲရဲ့ ပဲွချိန် ၂၇ မိနစ်အရောက်မှာ ၂၇ နှစ်ကြာ

ဖလားလက်မဲ့ဖြစ်နေမှုကို ရည်ညွန်းပြီး အသင်းဘုတ်အဖွဲ့နှုတ်ထွက်ပေးကြဖို့

ပွဲကြည့်စင်ပေါ်မှာ ဆန္ဒပြကြဖို့ စီစဥ္ထားတာဖြစ်ပါတယ်။

Zawgyi


တနင်္လ်ာနေ့၊အိမ်ကွင်းဂွတ်ဒီဆင်ပါ့ခ်မှာ လက်ခံကစားရမယ့် အာဆင်နယ်နဲ့


ပရိသတ်တွေက စီစဉ္ထားပါတယ်။








ဒေါသထွက်စေခဲ့ပါတယ်။

အဲ့ဒိအတွက် အာဆင်နယ်နဲ့ ကစားမယ့်ပွဲရဲ့ ပွဲချိန် ၂၇ မိနစ်အရောက်မှာ ၂၇ နှစ်ကြာ


ပွဲကြည့်စင်ပေါ်မှာ ဆန္ဒပြကြဖို့ စီစဉ္ထားတာဖြစ်ပါတယ်။