၂၁ ရက်အတွင်း ၇ ပွဲကစားရမယ့် စပါးအတွက် ကွန်တီခေါင်းစားနေပြီ

ချန်ပီယံလိဂ်အုပ်စုပွဲတွေထွက်ပေါ်လာပြီးနောက် ၂၁ ရက်အတွင်း ၇ ပွဲကစားရမယ့် အခြေအနေကိုဖြေရှင်းနိုင်ဖို့ သူဟာ မှော်ဆရာတစ်ယောက်မဟုတ်ဘူးလို့ စပါးနည်းပြ ကွန်တီက ငြီးညူသွားခဲ့ပါတယ်။ နည်းပြကွန်တီအနေနဲ့ ပွဲထွက်စာရင်းကနေချန်လှပ်လေ့မရှိတဲ့

ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ကို ပထမဆုံးအကြိမ် အရန်စာရင်းမှာ ထားပြီး ကစားရတော့မယ့် အခြေအနေဖြစ်နေပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းဟာ အရန်ခုံမှာထိုင်ဖို့ ဘယ်တုန်း ကမှလက်မခံခဲ့တဲ့ ကစားသမားဖြစ်နေတာကြောင့် နည်းပြ ကွန်တီအတွက်

ပိုပြီးခေါင်းစားရဖို့လည်းရှိနေပါတယ်။ ကွန်တီကတော့ ၂၁ ရက်အတွင်းမှာ ကစားသမားတစ်ယောက်တည်းကို ၇ ပွဲလုံးကစားခိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ဆိုထားပါတယ်။ အဲဒီပွဲကျပ်ကာလဖြတ်သန်းဖို့ဆိုရင် နည်းပြကွန်တီအနေနဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ကို

အလှည့်ကျအနားပေးပြီး တိုက်စစ်မှူးသစ် ရစ်ချာလီဆန်ကိုပွဲထုတ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီတစ်ပတ် နော်တင်ဟမ်နဲ့ပွဲစဉ်ကစပြီး စက်တင်ဘာ(၁၇)ရက်မှာကစားမယ့် လက်စတာနဲ့အိမ်ကွင်းပွဲစဉ်အထိ ချန်ပီယံလိဂ် နှစ်ပွဲအပါအဝင် စုစုပေါင်း(၇)ပွဲ

ကစားသွားရမှာဖြစ်ပါတယ်။ အဲဒီကာလအတွင်း ကစားသမားတွေ ဟာပွဲပန်းမှုတွေရှိလာနိုင်သလို ဒဏ်ရာပြဿနာတွေလည်းကြုံရနိုင်တဲ့အပြင် ကစားသမားတစ်ယောက်တည်းက ပွဲစဉ်ပြည့်အကုန်ကစားနိုင်ဖို့ကလည်း မဖြစ်နိုင်ဘူးလို့ ကွန်တီကဆိုခဲ့ပါတယ်။

ဒါ့အပြင် သူဟာမှော်ဆရာ တစ်ယောက်မဟုတ်ပေမယ့် အသင်းနဲ့ကစားသမားတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချတွေ ချနိုင်အောင် ကြိုး စားပေးသွားမယ်လို့လည်းပြောခဲ့ပါတယ်။ လက်ရှိမှာ တိုက်စစ်မှူး ဆွန်ဟောင်မင် အနေနဲ့ ဂိုးပေါက်ပျောက်နေ ပေမယ့် ကွန်တီကတော့

သူ့ရဲ့ခြေစွမ်းဟာ အသင်းအတွက်စိုးရိမ်စရာမရှိဘူးလို့ ဆိုထားပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ ဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြပေးနေတဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် နည်းပြကွန်တီဟာ နော်တင်ဟမ်နဲ့ပွဲစဉ်ကစပြီး သူ့ရဲ့အစီအစဉ်တွေကို အကောင်အထည် ဖော်လာဖို့တော့ရှိနေပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္အုပ္စုပြဲေတြထြက္ေပၚလာၿပီးေနာက္ ၂၁ ရက္အတြင္း ၇ ပြဲကစားရမယ့္ အေျခအေနကိုေျဖရွင္းႏိုင္ဖို႔ သူဟာ ေမွာ္ဆရာတစ္ေယာက္မဟုတ္ဘူးလို႔ စပါးနည္းျပ ကြန္တီက ၿငီးညဴသြားခဲ့ပါတယ္။ နည္းျပကြန္တီအေနနဲ႔ ပြဲထြက္စာရင္းကေနခ်န္လွပ္ေလ့မရွိတဲ့

ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို ပထမဆုံးအႀကိမ္ အရန္စာရင္းမွာ ထားၿပီး ကစားရေတာ့မယ့္ အေျခအေနျဖစ္ေနပါတယ္။ ဒါေပမယ့္ ဟယ္ရီကိန္းဟာ အရန္ခုံမွာထိုင္ဖို႔ ဘယ္တုန္း ကမွလက္မခံခဲ့တဲ့ ကစားသမားျဖစ္ေနတာေၾကာင့္ နည္းျပ ကြန္တီအတြက္

ပိုၿပီးေခါင္းစားရဖို႔လည္းရွိေနပါတယ္။ ကြန္တီကေတာ့ ၂၁ ရက္အတြင္းမွာ ကစားသမားတစ္ေယာက္တည္းကို ၇ ပြဲလုံးကစားခိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး လို႔ဆိုထားပါတယ္။ အဲဒီပြဲက်ပ္ကာလျဖတ္သန္းဖို႔ဆိုရင္ နည္းျပကြန္တီအေနနဲ႔ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို

အလွည့္က်အနားေပးၿပီး တိုက္စစ္မႉးသစ္ ရစ္ခ်ာလီဆန္ကိုပြဲထုတ္ဖို႔လိုအပ္ေနတာျဖစ္ပါတယ္။ စပါးအသင္းဟာ ဒီတစ္ပတ္ ေနာ္တင္ဟမ္နဲ႔ပြဲစဥ္ကစၿပီး စက္တင္ဘာ(၁၇)ရက္မွာကစားမယ့္ လက္စတာနဲ႔အိမ္ကြင္းပြဲစဥ္အထိ ခ်န္ပီယံလိဂ္ ႏွစ္ပြဲအပါအဝင္ စုစုေပါင္း(၇)ပြဲ

ကစားသြားရမွာျဖစ္ပါတယ္။ အဲဒီကာလအတြင္း ကစားသမားေတြ ဟာပြဲပန္းမႈေတြရွိလာႏိုင္သလို ဒဏ္ရာျပႆနာေတြလည္းႀကဳံရႏိုင္တဲ့အျပင္ ကစားသမားတစ္ေယာက္တည္းက ပြဲစဥ္ျပည့္အကုန္ကစားႏိုင္ဖို႔ကလည္း မျဖစ္ႏိုင္ဘူးလို႔ ကြန္တီကဆိုခဲ့ပါတယ္။ ဒါ့အျပင္

သူဟာေမွာ္ဆရာ တစ္ေယာက္မဟုတ္ေပမယ့္ အသင္းနဲ႔ကစားသမားေတြအတြက္ အေကာင္းဆုံး ဆုံးျဖတ္ခ်ေတြ ခ်ႏိုင္ေအာင္ ႀကိဳး စားေပးသြားမယ္လို႔လည္းေျပာခဲ့ပါတယ္။ လက္ရွိမွာ တိုက္စစ္မႉး ဆြန္ေဟာင္မင္ အေနနဲ႔ ဂိုးေပါက္ေပ်ာက္ေန ေပမယ့္

ကြန္တီကေတာ့ သူ႔ရဲ႕ေျခစြမ္းဟာ အသင္းအတြက္စိုးရိမ္စရာမရွိဘူးလို႔ ဆိုထားပါတယ္။ ဆြန္ေဟာင္မင္ အေနနဲ႔ ဂိုးမသြင္းႏိုင္ေပမယ့္ အသင္းအတြက္အေကာင္းဆုံးေျခစြမ္းျပေပးေနတဲ့

တိုက္စစ္မႉးျဖစ္တယ္လို႔ ေျပာခဲ့ ပါတယ္။ ဒါေပမယ့္ နည္းျပကြန္တီဟာ ေနာ္တင္ဟမ္နဲ႔ပြဲစဥ္ကစၿပီး သူ႔ရဲ႕အစီအစဥ္ေတြကို အေကာင္အထည္ ေဖာ္လာဖို႔ေတာ့ရွိေနပါတယ္။