၂၁ မှတ် အလေှျာ့ခံရပေမဲ့ ရွန်နီရှိတယ်…

ချန်ပီယံရှစ်နောက်ဆုံးပွဲမှာ ရက်ဒင်းကို အိမ်ကွင်း Pride Park မှာ

၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်မှာတော့ ဝိန်းရွန်နီဦးဆောင်နေတဲ့

ဒါဘီဟာ ချန်ပီယံရှစ်ကနေ တန်းမဆင်းရဖို့ မျှော်လင့်ချက်တွေ

ပိုမိုရှင်သန်လာခဲ့ပါပြီ။ ဒီနိုင်ပွဲဟာ ဒါဘီအတွက် ချန်ပီယံရှစ်

နောက်ဆုံး ၉ ပွဲမှာ ၅ ပွဲမြောက်နိုင်ပွဲရခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်အထက်

အဆင့် ၂၁ နေရာက ၂၂ မှတ်ရထားတဲ့ ရက်ဒင်းနဲ့ ၄ မှတ်ကွာအနေအထားကို

ရောက်လာခဲ့တာပါ။

ဒါဘီဟာ ချန်ပီယံရှစ်ပွဲစဥ္ ၈ အပြီးမှာ အဆင့်၁၂ နေရာက

ရပ်တည်ခဲ့တာပါ။ဒါပေမယ့် ဘဏ္ဍာရေးပြသာနာတွေကြောင့်

ပွဲစဥ္ ၉ မတိုင်ခင်၊ စက်တင်ဘာ ၂၂ မှာ အစိုးရထိန်းချုပ်မှုအောက်ရောက်သွားခဲ့သလို

၁၂ မှတ်လျော့ခံလိုက်ရလို့ ဇယားအောက်ဆုံးဖြစ်တဲ့ အဆင့် ၂၄ ကို

ရောက်သွားခဲ့ပါတယ်။ ဒါ့အပြင်ကစားသမားတွေကို လစာမပေးနိုင်တာ၊

ငွေကြေးမပြနိုင်တဲ့ပြသာနာတွေကြောင့်လည်း ပွဲစဥ္ ၁၇ နဲ့ ၁၈ အကြား၊

နိုဝင်ဘာ ၁၆ မှာ နောက်ထပ် ၉ မှတ်ထပ်လျော့ခံလိုက်ရပြန်ပါတယ်။

အစိုးရရဲ့ထိန်းချုပ်မှုအောက်ရောက်နေသလို စုစုပေါင်း၂၁ မှတ်လျော့ခံခဲ့ရပြီး

အသင်းရဲ့အနာဂတ်ကလည်း ဘာမှန်းမသိတော့လို့ အဆင့် ၂၄ ကနေ

ဒါဘီပြန်မလာနိုင်တော့ဘူးလို့ အားလုံးကလည်း ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ရွန်နီရဲ့ ဦးဆောင်မှုအောက် မှာ ဒါဘီဟာ ရလဒ်တွေ တဖြည်းဖြည်း

ကောင်းလာပြီး တန်းမဆင်းရမယ့် မျှော်လင့်ချက်တွေ ပိုမို ရှင်သန်လာတာပါ။

ဒါဘီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက တန်းမဆင်းရဖို့

အမှတ် ၂၀ လိုနေတဲ့အနေအထားကနေ ဖေဖောဝါရီ ၁၀ ရက်၊

၂ လတိတိအကြာမှာတော့ တန်းမဆင်းရတဲ့ အဆင့် ၂၁ က ရက်ဒင်းနဲ့

၄ မှတ်သာကွာတဲ့အခြေအနေကို ရောက်လာတာပဲဖြစ်ပါတယ်။ ဒါဘီကို

ဒီလိုအနေအထားထိရောက်လာအောင် ဆွဲတင်နိုင်ခဲ့တာကြောင့်လည်း

အဲဗာတန်ကနည်းပြခန့်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ရွန်နီကတော့

မိုးထဲရေထဲမှာ အနာဂတ်ပျောက်နေတဲ့ ဒါဘီကို သစ္စာရှိစွာဦးဆောင်ရင်းဖို့ကိုပဲ

ရွေးချယ်ခဲ့ကာ သူ့ရဲ့အသင်းဟောင်း အဲဗာတန်ကို ငြင်းဆန်ခဲ့ပါတယ်။

ချန်ပီယံရှစ် ရာသီကုန်ဖို့ ၁၆ ပွဲတောင်ကစားဖို့ ရှိသေးတာမို့ ရာသီအပြီးမှာ

ဒါဘီ တန်းမဆင်းရနိုင်တော့ဘူးလို့လည်း အားလုံးက ယုံကြည်နေကြပါပြီ။

ဒီရာသီအပြီးမှာ ဒါဘီသာ ချန်ပီယံရှစ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့မယ်ဆိုရင်တော့

ရွန်နီဟာ EFL အဖွဲ့ချုပ်က ပေးမယ့် ချန်ပီယံရှစ်တစ်နှစ်တာ

အကောင်းဆုံးနည်းပြဆုကို ရဖို့လည်း များနေပါတယ်။

Zawgyi

၂၁ မွတ္ အေလွ်ာ့ခံရေပမဲ့ ႐ြန္နီရွိတယ္…

ခ်န္ပီယံရွစ္ေနာက္ဆုံးပြဲမွာ ရက္ဒင္းကို အိမ္ကြင္း Pride Park မွာ

၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္မွာေတာ့ ဝိန္း႐ြန္နီဦးေဆာင္ေနတဲ့

ဒါဘီဟာ ခ်န္ပီယံရွစ္ကေန တန္းမဆင္းရဖို႔ ေမွ်ာ္လင့္ခ်က္ေတြ

ပိုမိုရွင္သန္လာခဲ့ပါၿပီ။ ဒီႏိုင္ပြဲဟာ ဒါဘီအတြက္ ခ်န္ပီယံရွစ္

ေနာက္ဆုံး ၉ ပြဲမွာ ၅ ပြဲေျမာက္ႏိုင္ပြဲရခဲ့တာျဖစ္ၿပီး တန္းဆင္းဇုန္အထက္

အဆင့္ ၂၁ ေနရာက ၂၂ မွတ္ရထားတဲ့ ရက္ဒင္းနဲ႔ ၄ မွတ္ကြာအေနအထားကို

ေရာက္လာခဲ့တာပါ။ ဒါဘီဟာ ခ်န္ပီယံရွစ္ပြဲစၪ္ ၈ အၿပီးမွာ အဆင့္၁၂ ေနရာက

ရပ္တည္ခဲ့တာပါ။ဒါေပမယ့္ ဘ႑ာေရးျပသာနာေတြေၾကာင့္

ပြဲစၪ္ ၉ မတိုင္ခင္၊ စက္တင္ဘာ ၂၂ မွာ အစိုးရထိန္းခ်ဳပ္မႈေအာက္ေရာက္သြားခဲ့သလို

၁၂ မွတ္ေလ်ာ့ခံလိုက္ရလို႔ ဇယားေအာက္ဆုံးျဖစ္တဲ့ အဆင့္ ၂၄ ကို

ေရာက္သြားခဲ့ပါတယ္။ ဒါ့အျပင္ကစားသမားေတြကို လစာမေပးႏိုင္တာ၊

ေငြေၾကးမျပႏိုင္တဲ့ျပသာနာေတြေၾကာင့္လည္း ပြဲစၪ္ ၁၇ နဲ႔ ၁၈ အၾကား၊

ႏိုဝင္ဘာ ၁၆ မွာ ေနာက္ထပ္ ၉ မွတ္ထပ္ေလ်ာ့ခံလိုက္ရျပန္ပါတယ္။

အစိုးရရဲ႕ထိန္းခ်ဳပ္မႈေအာက္ေရာက္ေနသလို စုစုေပါင္း၂၁ မွတ္ေလ်ာ့ခံခဲ့ရၿပီး

အသင္းရဲ႕အနာဂတ္ကလည္း ဘာမွန္းမသိေတာ့လို႔ အဆင့္ ၂၄ ကေန

ဒါဘီျပန္မလာႏိုင္ေတာ့ဘူးလို႔ အားလုံးကလည္း ထင္မွတ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ႐ြန္နီရဲ႕ ဦးေဆာင္မႈေအာက္ မွာ ဒါဘီဟာ ရလဒ္ေတြ တျဖည္းျဖည္း

ေကာင္းလာၿပီး တန္းမဆင္းရမယ့္ ေမွ်ာ္လင့္ခ်က္ေတြ ပိုမို ရွင္သန္လာတာပါ။

ဒါဘီဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၀ ရက္ေန႔တုန္းက တန္းမဆင္းရဖို႔

အမွတ္ ၂၀ လိုေနတဲ့အေနအထားကေန ေဖေဖာဝါရီ ၁၀ ရက္၊

၂ လတိတိအၾကာမွာေတာ့ တန္းမဆင္းရတဲ့ အဆင့္ ၂၁ က ရက္ဒင္းနဲ႔

၄ မွတ္သာကြာတဲ့အေျခအေနကို ေရာက္လာတာပဲျဖစ္ပါတယ္။ ဒါဘီကို

ဒီလိုအေနအထားထိေရာက္လာေအာင္ ဆြဲတင္ႏိုင္ခဲ့တာေၾကာင့္လည္း

အဲဗာတန္ကနည္းျပခန္႔ဖို႔ ကမ္းလွမ္းခဲ့ပါေသးတယ္။ ႐ြန္နီကေတာ့

မိုးထဲေရထဲမွာ အနာဂတ္ေပ်ာက္ေနတဲ့ ဒါဘီကို သစၥာရွိစြာဦးေဆာင္ရင္းဖို႔ကိုပဲ

ေ႐ြးခ်ယ္ခဲ့ကာ သူ႔ရဲ႕အသင္းေဟာင္း အဲဗာတန္ကို ျငင္းဆန္ခဲ့ပါတယ္။

ခ်န္ပီယံရွစ္ ရာသီကုန္ဖို႔ ၁၆ ပြဲေတာင္ကစားဖို႔ ရွိေသးတာမို႔ ရာသီအၿပီးမွာ

ဒါဘီ တန္းမဆင္းရႏိုင္ေတာ့ဘူးလို႔လည္း အားလုံးက ယုံၾကည္ေနၾကပါၿပီ။

ဒီရာသီအၿပီးမွာ ဒါဘီသာ ခ်န္ပီယံရွစ္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့

႐ြန္နီဟာ EFL အဖြဲ႕ခ်ဳပ္က ေပးမယ့္ ခ်န္ပီယံရွစ္တစ္ႏွစ္တာ

အေကာင္းဆုံးနည္းျပဆုကို ရဖို႔လည္း မ်ားေနပါတယ္။