





အေစီမီလန်တိုက်စစ်မှူးဂီရောက်ဟာ ပြင်သစ်အသင်းနဲ့အတူ
ကမ္ဘာ့ချန်ပီယံဆုကိုနှစ်ကြိမ်ဆက်ရယူနိုင်ဖို့အတွက် နောက်ဆုံး





ခြေတစ်လှမ်းသာကျန်ပါတော့တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာပြင်သစ်
ချန်ပီယံဖြစ်ခဲ့စဉ်ကတည်း အထောင်တိုက်စစ်မှူးနေရာမှာ ပီပီပြင်ပြင်
သရုပ်ဆောင်နိုင်ခဲ့ပေမဲ့ အသင်းကသာဆုဖလားရပြီး တစ်ဂိုးတောင်





မသွင်းနိုင်ခဲ့တာက တကယ်ကိုအံ့အားသင့်စရာဖြစ်တယ်။
အခြားသောတိုက်စစ်မှူးတွေလိုလျင်မြန်မှုမရှိတဲ့ ဂီရောက်ဟာ





ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံးမှာ လူအများရဲ့
အာရုံစိုက်ခြင်းမခံခဲ့ရပါဘူး။ ဒီလိုအနေအထားမှာတော့ ၁၈ ကိုက်
စည်းထဲကမြေခွေးတစ်ကောင်ဟာ သူ့စိတ်ကြိုက်လှုပ်ရှားခွင့်တွေရခဲ့ပါတယ်။





ကာတာကမ္ဘာ့ဖလားမှာ ၄ဂိုးသွင်းထားသလို ပြင်သစ်သမိုင်းတစ်လျှောက်
ထာဝရဂိုးသွင်းအများဆုံးဆိုတဲ့ဂုဏ်ကခပ်ပေါ့ပေါ့တော့မဟုတ်ပါဘူး။





ပြင်သစ်နိုင်ငံ ချမ်ဘာရီမှာမွေးခဲ့တဲ့ ဂီရောက်ဟာ ကစားသမားဘဝကို
တတိယတန်းလိဂ်ကနေအစပြုခဲ့ရတာပါ။ ဆယ်ကျော်သက်အရွယ်မှာ
ဘောလုံးကွင်းထဲကိုဝင်မတိုးနိုင်သေးတဲ့ ဂီရောက်ရဲ့ ကစားသမားဘဝက





၂၁နှစ်အရွယ်မှာ စတင်ခဲ့တာဖြစ်တယ်။ ၂၄ နှစ်အရောက်မှာတော့
သူ့ဘဝရဲ့အလှည့်အပြောင်းတစ်ခုလို့ဆိုရမှာဖြစ်ပြီး မောင့်ပယ်လီယာအသင်းမှာ





ကစားခွင့်ရခဲ့ပါတယ်။ လီဂူး-၁ ကိုတန်းတက်လာနိုင်တဲ့ မောင့်ပယ်လီယာနဲ့အတူ
အသက် ၂၅နှစ်အရွယ်မှာ ပြင်သစ်လီဂူးရဲ့ရွှေဖိနပ်ဆုကို သိမ်းပိုက်လိုက်ပြီး
ပြင်သစ်သားဆိုရင်ဆွဲစားလေ့ရှိတဲ့ အာစင်ဝင်းဂါးရဲ့ရေဒါထဲရောက်သွားပါတယ်။





၂၆ နှစ်မှာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ကိုခြေချခွင့်ရခဲ့ပြီး
လိုအပ်တဲ့သွင်းဂိုးတွေရယူပေးခဲ့ပေမဲ့ ပရိသတ်တွေကတော့ ဂီရောက်ရဲ့





စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့ ရှင်းရှင်းလင်းလင်းမဆုံးဖြတ်နိုင်ခဲ့ကြပါဘူး။
ရုပ်ပိုင်းဆိုင်ရာကိုအားပြုကစားတတ်တဲ့ ဂီရောက်ဟာ ကစားကွက်ထဲကို
ဝင်ရောက်ဖို့အားနည်းချက်ရှိပေမဲ့ သူ့ရဲ့နောက်ဆုံးထိချက်တွေက





ဂိုးပေါက်နဲ့မိတ်ဆက်ခဲ့တာများပါတယ်။ ၃၁ နှစ်အရွယ်မှာတော့
သူ့ရဲ့ကင်းမြီးကောက်ကန်ချက်က Puskas Award ကိုသိမ်းပိုက်





နိုင်ခဲ့ပါတယ်။ ဒီဆုရပြီး တစ်နှစ်အကြာမှာတော့ ကစားသမားတိုင်း
တက်မက်ကြတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးကို ခဏတာပြောင်းရွှေ့ချိန်မှာ ယူရိုပါလိဂ်ဆုဖလားအရယူပြခဲ့ပြီး





ဗိုလ်လုပွဲမှာအသင်းဟောင်း အာဆင်နယ်ကို ဂိုးသွင်းပြီးပုံစံပြန်ပေးခဲ့ပါတယ်။
အသက် ၃၄နှစ်အရွယ်မှာတော့ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်





ဆုဖလားရယူနိုင်ခဲ့ပြန်ပါတယ်။ အေစီမီလန်ကိုပြောင်းရွှေ့ပြီးတဲ့နောက်
အသက် ၃၅နှစ်အရွယ်မှာ စီးရီးအေကလပ်ကို စကူဒက်တိုဖလား
တစ်ကျော့ပြန်ရယူဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။ ၃၆ နှစ်အရွယ်မှာတော့





အွန်နရီကိုကျော်ဖြတ်ပြီး ပြင်သစ်ရဲ့ထာဝရဂိုးသွင်းအများဆုံး
ကစားသမားဖြစ်လာပါတယ်။ အသက် ၂၁နှစ်အရွယ်မှ ကစားသမားဘဝ





စတင်ခဲ့တဲ့ ဂီရောက်ဟာ ကြာလေလေပိုကောင်းလာလေလေဖြစ်တဲ့
နှစ်ချို့ဝိုင်တစ်လုံးလိုဖြစ်နေပြီး သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ပြင်သစ်ကိုနှစ်ကြိမ်ဆက်ချန်ပီယံဖြစ်အောင်စွမ်းဆောင်





ပေးသွားဦးမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။





zawgyi
၂၁ႏွစ္မွဘဝစၿပီး ျပင္သစ္ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္လာတဲ့ ခ်မ္ဘာရီႏွစ္ခ်ိဳ႕ဝိုင္တစ္လုံး (သို႔) အိုလီဗီယာဂီေရာက္
ေအစီမီလန္တိုက္စစ္မႉးဂီေရာက္ဟာ ျပင္သစ္အသင္းနဲ႔အတူ





ကမာၻ႔ခ်န္ပီယံဆုကိုႏွစ္ႀကိမ္ဆက္ရယူႏိုင္ဖို႔အတြက္ ေနာက္ဆုံး
ေျခတစ္လွမ္းသာက်န္ပါေတာ့တယ္။ ၂၀၁၈ ကမာၻ႔ဖလားမွာျပင္သစ္





ခ်န္ပီယံျဖစ္ခဲ့စဥ္ကတည္း အေထာင္တိုက္စစ္မႉးေနရာမွာ ပီပီျပင္ျပင္
သ႐ုပ္ေဆာင္ႏိုင္ခဲ့ေပမဲ့ အသင္းကသာဆုဖလားရၿပီး တစ္ဂိုးေတာင္
မသြင္းႏိုင္ခဲ့တာက တကယ္ကိုအံ့အားသင့္စရာျဖစ္တယ္။





အျခားေသာတိုက္စစ္မႉးေတြလိုလ်င္ျမန္မႈမရွိတဲ့ ဂီေရာက္ဟာ
ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ လူအမ်ားရဲ႕





အာ႐ုံစိုက္ျခင္းမခံခဲ့ရပါဘူး။ ဒီလိုအေနအထားမွာေတာ့ ၁၈ ကိုက္
စည္းထဲကေျမေခြးတစ္ေကာင္ဟာ သူ႔စိတ္ႀကိဳက္လႈပ္ရွားခြင့္ေတြရခဲ့ပါတယ္။
ကာတာကမာၻ႔ဖလားမွာ ၄ဂိုးသြင္းထားသလို ျပင္သစ္သမိုင္းတစ္ေလွ်ာက္





ထာဝရဂိုးသြင္းအမ်ားဆုံးဆိုတဲ့ဂုဏ္ကခပ္ေပါ့ေပါ့ေတာ့မဟုတ္ပါဘူး။
ျပင္သစ္ႏိုင္ငံ ခ်မ္ဘာရီမွာေမြးခဲ့တဲ့ ဂီေရာက္ဟာ ကစားသမားဘဝကို





တတိယတန္းလိဂ္ကေနအစျပဳခဲ့ရတာပါ။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ
ေဘာလုံးကြင္းထဲကိုဝင္မတိုးႏိုင္ေသးတဲ့ ဂီေရာက္ရဲ႕ ကစားသမားဘဝက
၂၁ႏွစ္အ႐ြယ္မွာ စတင္ခဲ့တာျဖစ္တယ္။ ၂၄ ႏွစ္အေရာက္မွာေတာ့





သူ႔ဘဝရဲ႕အလွည့္အေျပာင္းတစ္ခုလို႔ဆိုရမွာျဖစ္ၿပီး ေမာင့္ပယ္လီယာအသင္းမွာ
ကစားခြင့္ရခဲ့ပါတယ္။ လီဂူး-၁ ကိုတန္းတက္လာႏိုင္တဲ့ ေမာင့္ပယ္လီယာနဲ႔အတူ





အသက္ ၂၅ႏွစ္အ႐ြယ္မွာ ျပင္သစ္လီဂူးရဲ႕ေ႐ႊဖိနပ္ဆုကို သိမ္းပိုက္လိုက္ၿပီး
ျပင္သစ္သားဆိုရင္ဆြဲစားေလ့ရွိတဲ့ အာစင္ဝင္းဂါးရဲ႕ေရဒါထဲေရာက္သြားပါတယ္။
၂၆ ႏွစ္မွာ အာဆင္နယ္နဲ႔အတူ ပရီးမီးယားလိဂ္ကိုေျခခ်ခြင့္ရခဲ့ၿပီး





လိုအပ္တဲ့သြင္းဂိုးေတြရယူေပးခဲ့ေပမဲ့ ပရိသတ္ေတြကေတာ့ ဂီေရာက္ရဲ႕
စြမ္းေဆာင္ရည္နဲ႔ပတ္သတ္လို႔ ရွင္းရွင္းလင္းလင္းမဆုံးျဖတ္ႏိုင္ခဲ့ၾကပါဘူး။





႐ုပ္ပိုင္းဆိုင္ရာကိုအားျပဳကစားတတ္တဲ့ ဂီေရာက္ဟာ ကစားကြက္ထဲကို
ဝင္ေရာက္ဖို႔အားနည္းခ်က္ရွိေပမဲ့ သူ႔ရဲ႕ေနာက္ဆုံးထိခ်က္ေတြက
ဂိုးေပါက္နဲ႔မိတ္ဆက္ခဲ့တာမ်ားပါတယ္။ ၃၁ ႏွစ္အ႐ြယ္မွာေတာ့





သူ႔ရဲ႕ကင္းၿမီးေကာက္ကန္ခ်က္က Puskas Award ကိုသိမ္းပိုက္
ႏိုင္ခဲ့ပါတယ္။ ဒီဆုရၿပီး တစ္ႏွစ္အၾကာမွာေတာ့ ကစားသမားတိုင္း





တက္မက္ၾကတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးကို ခဏတာေျပာင္းေ႐ႊ႕ခ်ိန္မွာ ယူ႐ိုပါလိဂ္ဆုဖလားအရယူျပခဲ့ၿပီး
ဗိုလ္လုပြဲမွာအသင္းေဟာင္း အာဆင္နယ္ကို ဂိုးသြင္းၿပီးပုံစံျပန္ေပးခဲ့ပါတယ္။





အသက္ ၃၄ႏွစ္အ႐ြယ္မွာေတာ့ ခ်ဲလ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္
ဆုဖလားရယူႏိုင္ခဲ့ျပန္ပါတယ္။ ေအစီမီလန္ကိုေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္





အသက္ ၃၅ႏွစ္အ႐ြယ္မွာ စီးရီးေအကလပ္ကို စကူဒက္တိုဖလား
တစ္ေက်ာ့ျပန္ရယူဖို႔အတြက္ ကူညီေပးႏိုင္ခဲ့ပါတယ္။ ၃၆ ႏွစ္အ႐ြယ္မွာေတာ့
အြန္နရီကိုေက်ာ္ျဖတ္ၿပီး ျပင္သစ္ရဲ႕ထာဝရဂိုးသြင္းအမ်ားဆုံး





ကစားသမားျဖစ္လာပါတယ္။ အသက္ ၂၁ႏွစ္အ႐ြယ္မွ ကစားသမားဘဝ
စတင္ခဲ့တဲ့ ဂီေရာက္ဟာ ၾကာေလေလပိုေကာင္းလာေလေလျဖစ္တဲ့





ႏွစ္ခ်ိဳ႕ဝိုင္တစ္လုံးလိုျဖစ္ေနၿပီး သူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲမွာ
ျပင္သစ္ကိုႏွစ္ႀကိမ္ဆက္ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္
ေပးသြားဦးမလားဆိုတာက စိတ္ဝင္စားဖို႔ေကာင္းေနျပန္ပါတယ္။




