၂၀၂၄ ရောက်ရင် လီဗာပူးက ထွက်ခွာဖို့ ရည်ရွယ်ထားကြောင်း နည်းပြဂျာဂင်ကလော့ပ်

၂၀၂၄ ရောက်ရင် လီဗာပူးက ထွက်ခွာဖို့ ရည်ရွယ်ထားကြောင်း

နည်းပြဂျာဂင်ကလော့ပ်က အတည်ပြုလိုက်ပြီး စိန်ခေါ်မှုအတွင်

အားအင်ရှိမှသာ ဆက်နေဖို့ စဉ်းစားမယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီဂျာမန်သားနည်းပြဟာ ကလပ်မှာရှိတဲ့ ၆ နှစ်ခွဲကြာကာလအတွင်း

လီဗာပူးကို အပြောင်းအလဲများစွာလုပ်ခဲ့ပြီး ကာရာဘောင်းဖလားမှာ

ဗိုလ်စွဲပြီးနောက် နောက်ထပ်ဆုဖလားအောင်မြင်မှုတွေကို ပိုမိုဆာလောင်နေတာပါ။

ကလော့ပ်ဟာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ

အကောင်းဆုံးအနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့စာချုပ်သက်တမ်းကုန်မယ့် ၂ နှစ်အတွင်း ခံစားရတဲ့အပေါ်မူတည်ပြီး

ဆက်နေသွားဖို့ ရှိ၊မရှိ စဉ်းစားမယ်လို့ ဆိုခဲ့တာပါ။

သူဟာ ၂၀၁၉ ဒီဇင်ဘာက လီဗာပူးနဲ့စာချုပ်ချုပ်မှု နောက်ဆုံးလုပ်ခဲ့တာဖြစ်ပြီး

အခုချိန်ထိတော့ ထပ်တိုးသွားမယ့်ပုံမရှိပါဘူး။

”ကျွန်တော့်မှာ အားအင်တွေရှိသေးလားဆိုတာက အရေးကြီးပါတယ်။

ကျွန်တော်လုပ်တဲ့အလုပ်ကို နှစ်သက်ပါတယ်။

လက်ရှိအချိန်မှာလည်း အားအင်အပြည့်နဲ့ပါ။

ဒါပေမဲ့ အဲဒါက အနာဂါတ်ကျရင် ဘယ်လိုနေမလဲဆိုတာ

မသိပါဘူး”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ကနဦးအစီအစဉ်က မိန့်ဇ်နဲ့ ဒေါ့မန်တုန်းကလို လီဗာပူးမှာ ၇ နှစ်နေဖို့ဖြစ်ပါတယ်။

ဒါပေမဲ့ ၆ ကြိမ်မြောက် ဥရောပချန်ပီယံဆုဖလားကို

လီဗာပူးကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၂၀၁၉ မှာ သူဟာ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။

အဲဒါက လာမယ့် ၂၀၂၄ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီအတိုင်းဆို

ကလော့ပ်ဟာ အသင်းဂန္ထနည်းပြဟောင်း ဘော့ပိုင်စလေနောက်ပိုင်း

လီဗာပူးရဲ့သက်တမ်းအရှည်ကြာဆုံးနည်းပြဖြစ်လာမှာပါ။

”ကျွန်တော်မရှိတော့ရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် လီဗာပူးက

အဆင်ပြေပြေလျှောက်လှမ်းနိုင်မှာပါ။

ကျွန်တော်ထွက်ဖို့ စီစဉ်ထားတာကတော့ ၂၀၂၄ ပေါ့”လို့

ကလော့ပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

zawgyi

၂၀၂၄ ေရာက္ရင္ လီဗာပူးက ထြက္ခြာဖို႔ ရည္႐ြယ္ထားေၾကာင္း နည္းျပဂ်ာဂင္ကေလာ့ပ္

၂၀၂၄ ေရာက္ရင္ လီဗာပူးက ထြက္ခြာဖို႔ ရည္႐ြယ္ထားေၾကာင္း

နည္းျပဂ်ာဂင္ကေလာ့ပ္က အတည္ျပဳလိုက္ၿပီး စိန္ေခၚမႈအတြင္

အားအင္ရွိမွသာ ဆက္ေနဖို႔ စဥ္းစားမယ္လို႔ ဆိုခဲ့ပါတယ္။

အဲဒီဂ်ာမန္သားနည္းျပဟာ ကလပ္မွာရွိတဲ့ ၆ ႏွစ္ခြဲၾကာကာလအတြင္း

လီဗာပူးကို အေျပာင္းအလဲမ်ားစြာလုပ္ခဲ့ၿပီး ကာရာေဘာင္းဖလားမွာ

ဗိုလ္စြဲၿပီးေနာက္ ေနာက္ထပ္ဆုဖလားေအာင္ျမင္မႈေတြကို ပိုမိုဆာေလာင္ေနတာပါ။

ကေလာ့ပ္ဟာ ႐ုပ္ပိုင္းဆိုင္ရာအရေရာ စိတ္ပိုင္းဆိုင္ရာအရပါ

အေကာင္းဆုံးအေနအထားမွာ ရွိေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကုန္မယ့္ ၂ ႏွစ္အတြင္း ခံစားရတဲ့အေပၚမူတည္ၿပီး

ဆက္ေနသြားဖို႔ ရွိ၊မရွိ စဥ္းစားမယ္လို႔ ဆိုခဲ့တာပါ။

သူဟာ ၂၀၁၉ ဒီဇင္ဘာက လီဗာပူးနဲ႔စာခ်ဳပ္ခ်ဳပ္မႈ ေနာက္ဆုံးလုပ္ခဲ့တာျဖစ္ၿပီး

အခုခ်ိန္ထိေတာ့ ထပ္တိုးသြားမယ့္ပုံမရွိပါဘူး။

”ကြၽန္ေတာ့္မွာ အားအင္ေတြရွိေသးလားဆိုတာက အေရးႀကီးပါတယ္။

ကြၽန္ေတာ္လုပ္တဲ့အလုပ္ကို ႏွစ္သက္ပါတယ္။

လက္ရွိအခ်ိန္မွာလည္း အားအင္အျပည့္နဲ႔ပါ။

ဒါေပမဲ့ အဲဒါက အနာဂါတ္က်ရင္ ဘယ္လိုေနမလဲဆိုတာ

မသိပါဘူး”လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ကနဦးအစီအစဥ္က မိန႔္ဇ္နဲ႔ ေဒါ့မန္တုန္းကလို လီဗာပူးမွာ ၇ ႏွစ္ေနဖို႔ျဖစ္ပါတယ္။

ဒါေပမဲ့ ၆ ႀကိမ္ေျမာက္ ဥေရာပခ်န္ပီယံဆုဖလားကို

လီဗာပူးကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ ၂၀၁၉ မွာ သူဟာ ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာပါ။

အဲဒါက လာမယ့္ ၂၀၂၄ ဇြန္လမွာ ကုန္ဆုံးမွာျဖစ္ၿပီး အဲဒီအတိုင္းဆို

ကေလာ့ပ္ဟာ အသင္းဂႏၴနည္းျပေဟာင္း ေဘာ့ပိုင္စေလေနာက္ပိုင္း

လီဗာပူးရဲ႕သက္တမ္းအရွည္ၾကာဆုံးနည္းျပျဖစ္လာမွာပါ။

”ကြၽန္ေတာ္မရွိေတာ့ရင္လည္း ဘယ္လိုပဲျဖစ္ျဖစ္ လီဗာပူးက

အဆင္ေျပေျပေလွ်ာက္လွမ္းႏိုင္မွာပါ။

ကြၽန္ေတာ္ထြက္ဖို႔ စီစဥ္ထားတာကေတာ့ ၂၀၂၄ ေပါ့”လို႔

ကေလာ့ပ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။