၂၀၂၄ မှာဟာလန်းကိုဘာနေဗျူးအရောက်ခေါ်ယူဖို့ ရီးရဲလ်တာဝန်ရှိသူတွေအစီအစဉ်ဆွဲနေပြီ

ရီးရဲလ်အသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့အစီအစဉ် တွေချမှတ်နေပြီဖြစ်တယ်။ တော်ဝင်ကလပ်ဟာ လာမယ့် ၁၈လ ကျော်အချိန်တစ်ခုအတွင်း

နော်ဝေသားကိုဘာနေဗျူးအရောက်ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်တယ်။ မန်စီးတီးအနေနဲ့ ဟာလန်းရဲ့အသင်းဟောင်း ဒေါ့တ်မန်ကို စာချုပ်ဖျက်ကြေးအတိုင်း ပေးချေခဲ့မယ်ဆိုရင်

အကျော်ကြားဆုံးပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်လာနိုင်ပေမဲ့ သူ့ကိုခေါ်ယူခဲ့စဉ်မှာတော့ ပုံမှန်ထက်နည်းပါးတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ကိုသာ သုံးစွဲခဲ့တာဖြစ်တယ်။

မန်ချက်စတာအခြေစိုက်ကလပ်ဟာ နော်ဝေသားအတွက် ပေါင် ၅၂သန်း ဝန်းကျင်သာပေးခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၁၃ပွဲ မှာ ၁၈ဂိုး သွင်းထားတဲ့ခြေစွမ်းက

အမြင့်ဆုံးမှာရှိနေခဲ့တာဖြစ်တယ်။ အခြားတစ်ဖက်မှာတော့ အမ်ဘာပီကိုခေါ်ယူဖို့အဆင်မပြေခဲ့တဲ့ ရီးရဲလ်ဟာ အသက် ၂၂နှစ်အရွယ် ဟာလန်းကို ပစ်မှတ်ထားလာခဲ့ပြီး ၂၀၂၄မှာ

အပြီးသတ်ခေါ်ယူနိုင်ဖို့ မျက်စိကျလာတာဖြစ်တယ်။ စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရတော့ ရီးရဲလ်ဟာအခက်ခဲဆုံးအနေအထားတစ်ရပ်နဲ့ ဟာလန်းကိုအီတီဟတ်

ကသေချာပေါက်ဆွဲထုတ်လိမ့်မယ်လို့သိရပါတယ်။ ဥရောပချန်ပီယံဆု ၁၄ကြိမ် ပိုင်ဆိုင်ထားပြီး အစဉ်အလာကြီးမားလွန်းတဲ့ ရီးရဲလ်ဟာ နော်ဝေကြယ်ပွင့်အတွက်

စာချုပ်ဖျက်ကြေး ယူရိုသန်း ၁၈၀ ကိုပေးချေသွားဖို့အတွက် သူ့တို့ ဘဏ်တိုက်ကို ဖောက်ဖို့ရှိနေတာဖြစ်တယ်။ သတင်းတွေအရတော့

ပရီးမီးယားလိဂ် ပြင်ပကလပ်တွေအနေနဲ့ ၂၀၂၃-၂၄ ရာသီကုန်ဆုံးချိန်မှသာ ဟာလန်းကိုမန်စီးတီးက ဆွဲထုတ်နိုင်မယ့် အချက်အလက်တွေရှိနေတယ်လို့ သိရပါတယ်။

(Zawgyi)

၂၀၂၄ မွာဟာလန္းကိုဘာေနဗ်ဴးအေရာက္ေခၚယူဖို႔ ရီးရဲလ္တာဝန္ရွိသူေတြအစီအစဥ္ဆြဲေနၿပီ

ရီးရဲလ္အသင္းဟာ မန္စီးတီးတိုက္စစ္မႉးဟာလန္းကိုေခၚယူဖို႔အစီအစဥ္ေတြခ်မွတ္ေနၿပီျဖစ္တယ္။ ေတာ္ဝင္ကလပ္ဟာ လာမယ့္ ၁၈လ ေက်ာ္အခ်ိန္တစ္ခုအတြင္း

ေနာ္ေဝသားကိုဘာေနဗ်ဴးအေရာက္ေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္တယ္။ မန္စီးတီးအေနနဲ႔ ဟာလန္းရဲ႕အသင္းေဟာင္းေဒါ့တ္မန္ကို

စာခ်ဳပ္ဖ်က္ေၾကးအတိုင္းေပးေခ်ခဲ့မယ္ဆိုရင္ အေက်ာ္ၾကားဆုံးပိုင္ဆိုင္မႈေတြထဲကတစ္ခုျဖစ္လာႏိုင္ေပမဲ့ သူ႔ကိုေခၚယူခဲ့စဥ္မွာေတာ့

ပုံမွန္ထက္နည္းပါးတဲ့ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ကိုသာသုံးစြဲခဲ့တာျဖစ္တယ္။ မန္ခ်က္စတာအေျခစိုက္ကလပ္ဟာ ေနာ္ေဝသားအတြက္

ေပါင္ ၅၂သန္း ဝန္းက်င္သာေပးခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္ ၁၃ပြဲ မွာ ၁၈ဂိုး သြင္းထားတဲ့ေျခစြမ္းကအျမင့္ဆုံးမွာရွိေနခဲ့တာျဖစ္တယ္။

အျခားတစ္ဖက္မွာေတာ့ အမ္ဘာပီကိုေခၚယူဖို႔အဆင္မေျပခဲ့တဲ့ ရီးရဲလ္ဟာ အသက္ ၂၂ႏွစ္အ႐ြယ္ ဟာလန္းကို ပစ္မွတ္ထားလာခဲ့ၿပီး ၂၀၂၄မွာ အၿပီးသတ္ေခၚယူႏိုင္ဖို႔မ်က္စိက်လာတာျဖစ္တယ္။

စပိန္သတင္းစာ AS ရဲ႕ေဖာ္ျပခ်က္အရေတာ့ ရီးရဲလ္ဟာအခက္ခဲဆုံးအေနအထားတစ္ရပ္နဲ႔ ဟာလန္းကိုအီတီဟတ္ကေသခ်ာေပါက္ဆြဲထုတ္လိမ့္မယ္လို႔သိရပါတယ္။ ဥေရာပခ်န္ပီယံဆု ၁၄ႀကိမ္

ပိုင္ဆိုင္ထားၿပီး အစဥ္အလာႀကီးမားလြန္းတဲ့ ရီးရဲလ္ဟာ ေနာ္ေဝၾကယ္ပြင့္အတြက္ စာခ်ဳပ္ဖ်က္ေၾကး ယူ႐ိုသန္း ၁၈၀ ကိုေပးေခ်သြားဖို႔အတြက္

သူ႔တို႔ဘဏ္တိုက္ကိုေဖာက္ဖို႔ရွိေနတာျဖစ္တယ္။ သတင္းေတြအရေတာ့ ပရီးမီးယားလိဂ္ျပင္ပကလပ္ေတြအေနနဲ႔ ၂၀၂၃-၂၄ ရာသီကုန္ဆုံးခ်ိန္မွသာ

ဟာလန္းကိုမန္စီးတီးကဆြဲထုတ္ႏိုင္မယ့္ အခ်က္အလက္ေတြရွိေနတယ္လို႔ သိရပါတယ္။