၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာဘောလုံးထူးချွန်ဆုပေးပွဲ GLOBE SOCCER AWARDS အနိုင်ရရှိသူစာရင်းထွက်ပေါ်လာ

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာဘောလုံးထူးချွန်ဆုပေးပွဲ GLOBE SOCCER AWARDS အခမ်းအနားကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်မှာကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ဒီဆုပေးပွဲမှာတော့ တစ်နှစ်တာအတွင်း သက်ဆိုင်ရာအသင်းတွေနဲ့အတူအကောင်းဆုံးအလုပ်လုပ်နိုင်ခဲ့သူတွေအားလုံးဂုဏ်ပြုဆုအသီးသီးရရှိခဲ့ကြတာဖြစ်တယ်။

ရိုးမားတိုက်စစ်မှူးဟောင်းတော့တီကတော့ ဒီအခမ်းအနားမှာ စီးရီးအေသံတမန်အဖြစ်တက်ရောက်ချီးမြှင့်ပေးသွားပါတယ်။ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့

ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာရရှိခဲ့ပြီး အမျိုးသမီးဆုကိုတော့ ဘာကာရဲ့ ပူတဲလက်စ်ကဆွတ်ခူးခဲ့တာဖြစ်တယ်။ The Player Career Award အတွက်တော့ အီဘရာဟီမိုဗစ်၊

ဝိန်းရွန်နီနဲ့ ရိုမာရီယိုတို့ရွေးချယ်ခံခဲ့ရပြီး လက်ရှိကစားနေသူဆိုလို့ မီလန်တိုက်စစ်မှူးဇလာတန်သာ ပါဝင်နေခဲ့တာဖြစ်တယ်။ အထူးချွန်ဆုံးဥက္ကဌအဖြစ်တော့ ရီးရဲလ်အသင်းရဲ့

ဖလော်ရန်တီနိုပီရက်ဇ်ရွေးချယ်ခံခဲ့ရပြီး တစ်နှစ်တာအကောင်းဆုံး အားကစားဒါရိုက်တာတွေအဖြစ်တော့ မာလ်ဒီနီနဲ့ ရစ်ကီမက်ဆာရာတို့ရွေးချယ်ခံခဲ့ရပါတယ်။

တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုတော့ အန်ဆလော့တီက ဒုတိယအကြိမ်မြောက်ပိုင်ဆိုင်ခဲ့ပြီး အထွန်းတောက်ဆုံးလူငယ်ကစားသမားအဖြစ်တော့ ဘာစီလိုနာရဲ့ဂါဗီနဲ့

ရီးရဲလ်ကွင်းလယ်လူဗယ်လ်ဗာဒီတို့ကိုကျော်ဖြတ်ပြီး နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်ဟမ်ကိုရွေးချယ်ခဲ့တာဖြစ်တယ်။ ၂၀၂၂ အတွက်အကောင်းဆုံးအမှုဆောင်ဆုကိုတော့

စီးရီးအေတန်းတက်ကလပ်မွန်ဇာအသင်းဒါရိုက်တာဂယ်လီယာနီက ဆွတ်ခူးခဲ့တာဖြစ်တယ်။ ထာဝရအကောင်းဆုံးနောက်ခံလူအဖြစ် ရာမို့စ်အရွေးခံခဲ့ရပြီး ဒေါ့တ်မန်ကနေ

မန်စီးတီးကိုပြောင်းရွှေ့ခဲ့တဲ့ ဟာလန်းရဲ့အပြောင်းအရွှေ့ကိုတော့တစ်နှစ်တာအကောင်းဆုံးကစားသမားအပြောင်းအရွှေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အကောင်းဆုံးလူငယ်အသင်းအဖြစ်

ဘင်ဖီကာကိုရွေးချယ်ခဲ့ပြီး အတော်ဆုံးကင်းထောက်အဖြစ်တော့ ရီးရဲလ်ကင်းထောက် ဂျူနီကလာဖက်ကို ရွေးချယ်ခဲ့တာပါ။ တစ်နှစ်တာအကောင်းဆုံးအေးဂျင့်အဖြစ်

ဂျော့မန်ဒက်စ်ကိုရွေးချယ်ခဲ့ပြီး TikTok မှာ ပရိသတ်အားပေးမှုအများဆုံးအဖြစ်တော့ လီဗာပူးတိုက်စစ်မှူးဆာလက်က ရပ်တည်ခဲ့တာဖြစ်တယ်။

(Zawgyi)

၂၀၂၂ ခုႏွစ္အတြက္ ကမာၻလုံးဆိုင္ရာေဘာလုံးထူးခြၽန္ဆုေပးပြဲ GLOBE SOCCER AWARDS အႏိုင္ရရွိသူစာရင္းထြက္ေပၚလာ

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာေတာ့ ကမာၻလုံးဆိုင္ရာေဘာလုံးထူးခြၽန္ဆုေပးပြဲ GLOBE SOCCER AWARDS အခမ္းအနားကို ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕ေတာ္မွာက်င္းပျပဳလုပ္သြားခဲ့ပါတယ္။

ဒီဆုေပးပြဲမွာေတာ့ တစ္ႏွစ္တာအတြင္းသက္ဆိုင္ရာအသင္းေတြနဲ႔အတူအေကာင္းဆုံးအလုပ္လုပ္ႏိုင္ခဲ့သူေတြအားလုံးဂုဏ္ျပဳဆုအသီးသီးရရွိခဲ့ၾကတာျဖစ္တယ္။

႐ိုးမားတိုက္စစ္မႉးေဟာင္းေတာ့တီကေတာ့ ဒီအခမ္းအနားမွာ စီးရီးေအသံတမန္အျဖစ္တက္ေရာက္ခ်ီးျမႇင့္ေပးသြားပါတယ္။ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေတာ့

ရီးရဲလ္တိုက္စစ္မႉးဘန္ဇီမာရရွိခဲ့ၿပီး အမ်ိဳးသမီးဆုကိုေတာ့ ဘာကာရဲ႕ ပူတဲလက္စ္ကဆြတ္ခူးခဲ့တာျဖစ္တယ္။ The Player Career Award အတြက္ေတာ့ အီဘရာဟီမိုဗစ္၊ ဝိန္း႐ြန္နီနဲ႔

႐ိုမာရီယိုတို႔ေ႐ြးခ်ယ္ခံခဲ့ရၿပီး လက္ရွိကစားေနသူဆိုလို႔ မီလန္တိုက္စစ္မႉးဇလာတန္သာပါဝင္ေနခဲ့တာျဖစ္တယ္။ အထူးခြၽန္ဆုံးဥကၠဌအျဖစ္ေတာ့ ရီးရဲလ္အသင္းရဲ႕

ဖေလာ္ရန္တီႏိုပီရက္ဇ္ေ႐ြးခ်ယ္ခံခဲ့ရၿပီး တစ္ႏွစ္တာအေကာင္းဆုံး အားကစားဒါ႐ိုက္တာေတြအျဖစ္ေတာ့ မာလ္ဒီနီနဲ႔ ရစ္ကီမက္ဆာရာတို႔ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုေတာ့ အန္ဆေလာ့တီက ဒုတိယအႀကိမ္ေျမာက္ပိုင္ဆိုင္ခဲ့ၿပီး အထြန္းေတာက္ဆုံးလူငယ္ကစားသမားအျဖစ္ေတာ့ ဘာစီလိုနာရဲ႕ဂါဗီနဲ႔

ရီးရဲလ္ကြင္းလယ္လူဗယ္လ္ဗာဒီတို႔ကိုေက်ာ္ျဖတ္ၿပီး နာပိုလီတိုက္စစ္မႉးဗစ္တာအိုဆင္ဟမ္ကိုေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။ ၂၀၂၂ အတြက္အေကာင္းဆုံးအမႈေဆာင္ဆုကိုေတာ့

စီးရီးေအတန္းတက္ကလပ္မြန္ဇာအသင္းဒါ႐ိုက္တာဂယ္လီယာနီက ဆြတ္ခူးခဲ့တာျဖစ္တယ္။ ထာဝရအေကာင္းဆုံးေနာက္ခံလူအျဖစ္ ရာမို႔စ္အေ႐ြးခံခဲ့ရၿပီး

ေဒါ့တ္မန္ကေန မန္စီးတီးကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕ကိုေတာ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအေျပာင္းအေ႐ႊ႕အျဖစ္သတ္မွတ္ခဲ့ပါတယ္။

အေကာင္းဆုံးလူငယ္အသင္းအျဖစ္ ဘင္ဖီကာကိုေ႐ြးခ်ယ္ခဲ့ၿပီး အေတာ္ဆုံးကင္းေထာက္အျဖစ္ေတာ့ ရီးရဲလ္ကင္းေထာက္ ဂ်ဴနီကလာဖက္ကို ေ႐ြးခ်ယ္ခဲ့တာပါ။

တစ္ႏွစ္တာအေကာင္းဆုံးေအးဂ်င့္အျဖစ္ ေဂ်ာ့မန္ဒက္စ္ကိုေ႐ြးခ်ယ္ခဲ့ၿပီး TikTok မွာ ပရိသတ္အားေပးမႈအမ်ားဆုံးအျဖစ္ေတာ့ လီဗာပူးတိုက္စစ္မႉးဆာလက္က ရပ္တည္ခဲ့တာျဖစ္တယ္။