အာဂျင်တီးနားကြယ်ပွင့်မက်ဆီဟာ တစ်နှစ်တာဝင်ငွေအကောင်းဆုံး
(၂၀၂၂)ကစားသမားစာရင်းမှာ ထိပ်ဆုံးရပ်တည်နိုင်ခဲ့ပြီး ယူနိုက်တက်နဲ့
လမ်းခွဲခဲ့တဲ့ ရော်နယ်ဒိုကတော့ နောက်ကောက်ချနိုင်ခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်း အားကစားသမားတွေထဲမှာတော့ ဘောလုံးကြယ်ပွင့်
နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ကွင်းတွင်း၊
ကွင်းပြင်မှာ ဂုဏ်ပြုဆုတွေအတွက်မကြာခဏဆိုသလို
ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာတော့ မက်ဆီက
ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ငြင်းခုန်မှုတော်တော်များများကို
အဆုံးသတ်ပေးခဲ့ပါတယ်။ မက်ဆီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက
ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအော်ကို ကစားသမားဘ၀
၈ ကြိမ်မြောက်ရဖို့အတွက်လည်း ရေပန်းအစားဆုံးဖြစ်သွားပါတယ်။
ရော်နယ်ဒိုအတွက်ကတော့ ၂၀၂၂ ဟာအဆိုးရွားဆုံးအနေအထား
တစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ ဒါတောင်မှ ပေါ်တူဂီကြယ်ပွင့်ဟာ
၂၀၂၂ အတွင်းဝင်ငွေအကောင်းဆုံးကစားသမားစာရင်းမှာ
အဆင့် ၃ နေရာရပ်တည်နိုင်ခဲ့ပါသေးတယ်။ ဒီစာရင်းရဲ့ထိပ်ဆုံးမှာတော့
မက်ဆီက(ဒေါ်လာ သန်း ၁၃၀)နဲ့ရပ်တည်နေပြီး သူ့နောက်မှာတော့
LA Lakers အသင်းရဲ့ ဘက်စကတ်ဘောကစားသမား
လီဘရွန်ဂျိမ်းစ်က(ဒေါ်လာ ၁၂၁.၂ သန်း)နဲ့ ဒုတိယနေရာ
ရပ်တည်ခဲ့ပြီး တတိယနေရာမှာတော့ ရော်နယ်ဒိုက
(ဒေါ်လာ ၁၁၅ သန်း)နဲ့ ရပ်တည်နေတာဖြစ်တယ်။
ပေါ်တူဂီကြယ်ပွင့်ရဲ့နောက် စတုတ္ထနေရာမှာတော့
နေမာ(ဒေါ်လာ ၉၅ သန်း) ရပ်တည်ခဲ့ပြီး ဝင်ငွေအကောင်းဆုံး
ထိပ်သီး ၁၀ ယောက်စာရင်းမှာ ဘောလုံးသမား ၃ ယောက်ပါဝင်ခဲ့ပါတယ်။
zawgyi
၂၀၂၂ ခုနှစ်အတွက်ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ မက်ဆီ ထိပ်ဆုံးရပ်တည်