၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ GOAT နှစ်ပါး ထိပ်တိုက်ဆုံတွေ့မယ်ဆိုပြီ ခန့်မှန်းလာတဲ့ စူပါကွန်ပြူတာ

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် အင်္ဂလန်တို့ ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီကို ပယ်နယ်တီနဲ့ရှုံးနိမ့်မှာဖြစ်ပြီး

ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့ အာဂျင်တီးနား ဆုံတွေ့မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းခဲ့ပါတယ်။

BCA Research ဝက်ဘ်ဆိုက်ဟာ EA Sports ရဲ့ FIFA ဂိမ်းထဲက,ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်၊

နိုင်ငံအသင်းတွေရဲ့ ဖီဖာအဆင့်သတ်မှတ်ချက်၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား(၄)ကြိမ်က ရလဒ်နဲ့ခြေစွမ်းတွေအပေါ် အခြေခံပြီးတော့

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ ခန့်မှန်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။

BCA Research ရဲ့ ခန့်မှန်းချက်အရ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်ကနေထွက်ရမှာဖြစ်ပြီး

ဗိုလ်လုပွဲမှာတော့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းက မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းကို အနိုင်ယူ ဗိုလ်စွဲနိုင်မှာပါ။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ခါမှ ဗိုလ်လုပွဲမတက်နိုင်ပေမယ့်

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား(၄)ကြိမ်က စွမ်းဆောင်ရည်မှတ်တမ်းအရ ၂၀၂၂ ပြိုင်ပွဲမှာ

ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်မယ်လို့ BCA Research က ခန့်မှန်းခဲ့ပါတယ်။

၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဟောင်း အင်္ဂလန်အသင်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလိုပဲ

ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်မှာဖြစ်ပေမယ့် ပေါ်တူဂီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်မှာဖြစ်တယ်ဆိုပြီး

BCA Research က ဆိုပါတယ်။

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့အတွက် လက်ရွေးစင်ကစားသမားဘ၀

နောက်ဆုံးပြိုင်ပွဲဖြစ်နိုင်တာကြောင့် အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့သာ BCA Research ခန့်မှန်းသလို

ဗိုလ်လုပွဲမှာ ဆုံတွေ့ဖြစ်မယ်ဆိုရင်တော့ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ဗိုလ်လုပွဲဖြစ်လာမှာပါ။

zawgyi

၂၀၂၂ ကမာၻ႔ဖလား ဗိုလ္လုပြဲမွာ GOAT ႏွစ္ပါး ထိပ္တိုက္ဆုံေတြ႕မယ္ဆိုၿပီ ခန႔္မွန္းလာတဲ့ စူပါကြန္ျပဴတာ

လာမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္ အဂၤလန္တို႔ ဆီမီးဖိုင္နယ္မွာ ေပၚတူဂီကို ပယ္နယ္တီနဲ႔ရႈံးနိမ့္မွာျဖစ္ၿပီး

ဗိုလ္လုပြဲမွာ ေပၚတူဂီနဲ႔ အာဂ်င္တီးနား ဆုံေတြ႕မယ္လို႔ စူပါကြန္ျပဴတာက ခန႔္မွန္းခဲ့ပါတယ္။

BCA Research ဝက္ဘ္ဆိုက္ဟာ EA Sports ရဲ႕ FIFA ဂိမ္းထဲက,ကစားသမားတစ္ဦးခ်င္းစီရဲ႕ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္၊

ႏိုင္ငံအသင္းေတြရဲ႕ ဖီဖာအဆင့္သတ္မွတ္ခ်က္၊ ၿပီးခဲ့တဲ့ ကမာၻ႔ဖလား(၄)ႀကိမ္က ရလဒ္နဲ႔ေျခစြမ္းေတြအေပၚ အေျခခံၿပီးေတာ့

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္ ဘယ္လိုရလဒ္ထြက္ေပၚလာမလဲဆိုတာ ခန႔္မွန္းတြက္ခ်က္ခဲ့တာျဖစ္ပါတယ္။

BCA Research ရဲ႕ ခန႔္မွန္းခ်က္အရ အဂၤလန္အသင္းဟာ ဆီမီးဖိုင္နယ္ကေနထြက္ရမွာျဖစ္ၿပီး

ဗိုလ္လုပြဲမွာေတာ့ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းက မဟာၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္းကို အႏိုင္ယူ ဗိုလ္စြဲႏိုင္မွာပါ။

ေပၚတူဂီအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္ခါမွ ဗိုလ္လုပြဲမတက္ႏိုင္ေပမယ့္

ၿပီးခဲ့တဲ့ ကမာၻ႔ဖလား(၄)ႀကိမ္က စြမ္းေဆာင္ရည္မွတ္တမ္းအရ ၂၀၂၂ ၿပိဳင္ပြဲမွာ

ဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္မယ္လို႔ BCA Research က ခန႔္မွန္းခဲ့ပါတယ္။

၁၉၆၆ ကမာၻ႔ဖလားခ်န္ပီယံေဟာင္း အဂၤလန္အသင္းကေတာ့ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလိုပဲ

ဆီမီးဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ ေပၚတူဂီအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္မွာျဖစ္တယ္ဆိုၿပီး

BCA Research က ဆိုပါတယ္။ လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲဟာ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔အတြက္

လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္ႏိုင္တာေၾကာင့္ အာဂ်င္တီးနားနဲ႔ ေပၚတူဂီတို႔သာ BCA Research ခန႔္မွန္းသလို

ဗိုလ္လုပြဲမွာ ဆုံေတြ႕ျဖစ္မယ္ဆိုရင္ေတာ့ ေဘာလုံးသမိုင္းမွာ အႀကီးက်ယ္ဆုံး ဗိုလ္လုပြဲျဖစ္လာမွာပါ။