၂၀၂၂ ကမ္ဘာ့ဖလားလွဲချော်နိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဥရုဂွေး

ဗုဒ္ဓဟူးနံနက်ကစားသွားတဲ့ ဘိုလီးဗီးယားနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ

၃ ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တာကြောင့် ၂ ထပ်ကွမ်းကမ္ဘာ့ဖလားချန်ပီယံဥရုဂွေးဟာ

၁၀ သင်းပါ တောင်အမေရိကဇုန်မှာ ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်ရတော့မှာပါ။

ဝါရင့်တိုက်စစ်မှုတွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ကာဗာနီတို့ပါတဲ့ဥရုဂွေးဟာ

ဒီတစ်ကြိမ်တောင်အမေရိကဇုန်ခြေစစ်ပွဲတစ်လျှောက် ရုန်းကန်နေရတာပါ။

ဘိုလီးဗီးယားနဲ့ပွဲအရှုံးကြောင့် ဥရုဂွေးဟာ ၁၀ သင်းပါ တောင်အမေရိကဇုန်

အမှတ်ပေးဇယားမှာ အဆင့် ၇ အထိဆင်းပေးလိုက်ရပါတယ်။

သူတို့ဂိုးပြတ်ရှုံးခဲ့တဲ့ဘိုလီးဗီးယားဟာ တောင်အမေရိကဇုန်ရဲ့

အသင်းငယ်တစ်သင်းဖြစ်ပြီး အမှတ်ပေးဇယားမှာ ဥရုဂွေးရဲ့အောက်

အဆင့် ၈ နေရာရောက်နေတဲ့အသင်းပါ။ အဲဒီပွဲမှာဆို ဘိုလီးဗီးယားဟာ

ပင်နယ်တီတစ်လုံးလွဲခဲ့သေးသလို တစ်ယောက်အထုတ်ခံခဲ့ရသေးကာ

တတိယဂိုးဖြစ်တဲ့ပွဲသိမ်းဂိုးက တစ်ယောက်လျော့နဲ့သွင်းခဲ့တာပါ။

ဥရုဂွေးအနေနဲ့ တောင်အမေရိကဇုန်မှာ ၄ ပွဲဆက်အရှုံးကြုံခဲ့ရတာဖြစ်ပြီး

၅ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။ တောင်အမေရိကဇုန်မှာ

လက်ကျန် ၄ ပွဲသာ ရှိတော့ပြီး အဲဒီပွဲတွေမှာ အခြေအနေကောင်းမှသာ

ဥရုဂွေးဟာ ခြေစစ်ပွဲအောင်မှာပါ။ ဥရုဂွေးရဲ့လက်ကျန် ၄ ပွဲဟာ

ဇယားအောက်ဆုံးအသင်းတွေဖြစ်တဲ့ ပါရာဂွေး၊ ဗင်နီဇွဲလားတို့နဲ့

အရင်ကန်ရမှာဖြစ်ပြီး အဲဒါပြီးမှ ပီရူး၊ချီလီတို့နဲ့ အဆုံးအဖြတ်ပွဲတွေ

ဆက်ကစားရမှာပါ။ ဥရုဂွေးဟာ ခြေစစ်ပွဲမအောင်ခဲ့တဲ့ ၂၀၀၆ နောက်ပိုင်းကတည်းက

ကမ္ဘာ့ဖလားမှာ ပုံမှန်ပါဝင်ခွင့်ရခဲ့တာပါ။

zawgyi

၂၀၂၂ ကမာၻ႔ဖလားလြဲေခ်ာ္ႏိုင္တဲ့အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ ဥ႐ုေဂြး

ဗုဒၶဟူးနံနက္ကစားသြားတဲ့ ဘိုလီးဗီးယားနဲ႔ကမာၻ႔ဖလားေျခစစ္ပြဲမွာ

၃ ဂိုးျပတ္နဲ႔ရႈံးနိမ့္သြားခဲ့တာေၾကာင့္ ၂ ထပ္ကြမ္းကမာၻ႔ဖလားခ်န္ပီယံဥ႐ုေဂြးဟာ

၁၀ သင္းပါ ေတာင္အေမရိကဇုန္မွာ ေျခစစ္ပြဲေအာင္ဖို႔ ႐ုန္းကန္ရေတာ့မွာပါ။

ဝါရင့္တိုက္စစ္မႈေတြျဖစ္တဲ့ ဆြာရက္ဇ္နဲ႔ကာဗာနီတို႔ပါတဲ့ဥ႐ုေဂြးဟာ

ဒီတစ္ႀကိမ္ေတာင္အေမရိကဇုန္ေျခစစ္ပြဲတစ္ေလွ်ာက္ ႐ုန္းကန္ေနရတာပါ။

ဘိုလီးဗီးယားနဲ႔ပြဲအရႈံးေၾကာင့္ ဥ႐ုေဂြးဟာ ၁၀ သင္းပါ ေတာင္အေမရိကဇုန္

အမွတ္ေပးဇယားမွာ အဆင့္ ၇ အထိဆင္းေပးလိုက္ရပါတယ္။

သူတို႔ဂိုးျပတ္ရႈံးခဲ့တဲ့ဘိုလီးဗီးယားဟာ ေတာင္အေမရိကဇုန္ရဲ႕

အသင္းငယ္တစ္သင္းျဖစ္ၿပီး အမွတ္ေပးဇယားမွာ ဥ႐ုေဂြးရဲ႕ေအာက္

အဆင့္ ၈ ေနရာေရာက္ေနတဲ့အသင္းပါ။ အဲဒီပြဲမွာဆို ဘိုလီးဗီးယားဟာ

ပင္နယ္တီတစ္လုံးလြဲခဲ့ေသးသလို တစ္ေယာက္အထုတ္ခံခဲ့ရေသးကာ

တတိယဂိုးျဖစ္တဲ့ပြဲသိမ္းဂိုးက တစ္ေယာက္ေလ်ာ့နဲ႔သြင္းခဲ့တာပါ။

ဥ႐ုေဂြးအေနနဲ႔ ေတာင္အေမရိကဇုန္မွာ ၄ ပြဲဆက္အရႈံးႀကဳံခဲ့ရတာျဖစ္ၿပီး

၅ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တာလည္း ျဖစ္ပါတယ္။ ေတာင္အေမရိကဇုန္မွာ

လက္က်န္ ၄ ပြဲသာ ရွိေတာ့ၿပီး အဲဒီပြဲေတြမွာ အေျခအေနေကာင္းမွသာ

ဥ႐ုေဂြးဟာ ေျခစစ္ပြဲေအာင္မွာပါ။ ဥ႐ုေဂြးရဲ႕လက္က်န္ ၄ ပြဲဟာ

ဇယားေအာက္ဆုံးအသင္းေတြျဖစ္တဲ့ ပါရာေဂြး၊ ဗင္နီဇြဲလားတို႔နဲ႔

အရင္ကန္ရမွာျဖစ္ၿပီး အဲဒါၿပီးမွ ပီ႐ူး၊ခ်ီလီတို႔နဲ႔ အဆုံးအျဖတ္ပြဲေတြ

ဆက္ကစားရမွာပါ။ ဥ႐ုေဂြးဟာ ေျခစစ္ပြဲမေအာင္ခဲ့တဲ့ ၂၀၀၆ ေနာက္ပိုင္းကတည္းက

ကမာၻ႔ဖလားမွာ ပုံမွန္ပါဝင္ခြင့္ရခဲ့တာပါ။