၂၀၂၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက်ကစားပေးနိုင်ခြေရှိခဲ့တယ်လို့ ဟာလန်း ဖွင့်ဟ

မန်စီးတီးကြယ်ပွင့်ဟာလန်းက ကာတာကမ္ဘာ့ဖလားမှာအင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ခြေရှိခဲ့တယ်လို့ ဖွင့်ဟသွားပါတယ်။

အသက် ၂၂နှစ်အရွယ် ကစားသမားဟာ နော်ဝေအတွက် ၂၃ပွဲ ပါဝင်ကစားပေးထားပြီး ၂၁ ဂိုး သွင်းထားနိုင်သူဖြစ်တယ်။ နော်ဝေအသင်း ခြေစစ်ပွဲကျရှုံးခဲ့ပြီးနောက်

ဟာလန်းဟာ ဆောင်းရာသီမှာ ကျင်းပတဲ့ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင်တော့ နော်ဝေသားဟာ ကာတာကမ္ဘာ့ဖလားမှာ

ဆောက်ဂိတ်ရဲ့အသင်း ကိုဦးဆောင်ပြီး အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ အီရန်၊ အမေရိကန်နဲ့ ဝေးလ်တို့ကိုရင်ဆိုင်ခွင့်ရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့

ဖခင်ဖြစ်တဲ့ အက်ဖ်အင်ဂီ အီလန်ရုဒ်မှာနေထိုင်ခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာ ဟာလန်းကို အင်္ဂလန်နိုင်ငံ၊ လိဒ်မှာ မွေးဖွားခဲ့တာကြောင့်ပဲဖြစ်တယ်။ ဖခင်ဖြစ်သူဟာ

အင်္ဂလန်နိုင်ငံမှာ အချိန်တစ်ခုထိနေထိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့အင်္ဂလန်အတွက်ကစားပေးတာဟာဖြစ်နိုင်ခဲ့တယ်လို့ ဟာလန်းကဆိုခဲ့ပါတယ်။

“ငါ့အဖေ အင်္ဂလန်မှာပိုကြာကြာကစားခဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ခင်ဗျားတို့မသိနိုင်ပါဘူး။ ငါကိုယ်တိုင် အင်္ဂလိပ်ဖြစ်လာမလားဆိုတာလည်း မပြောတတ်ပါဘူး။

ဒါပေမဲ့ ဟုတ်ပါတယ်…ငါကနော်ဝေလူမျိုး ဖြစ်ပြီး ဒါကိုဂုဏ်ယူပါတယ်” လို့ ဟာလန်းကဖွင့်ဟခဲ့ပါတယ်။ ၂၀၂၀ အတွင်းမှာ တော့ အင်္ဂလန်နည်းပြဆောက်ဂိတ်က

ဟာလန်းဟာ လူငယ်အဆင့်တွေမှာ နော်ဝေအတွက်ကစားပေးခဲ့သူဖြစ်လို့ သူ့ကိုအင်္ဂလန်အတွက်ရွေးချယ်ဖို့ဆိုတာ မှန်ကန်တဲ့လုပ်ရပ်မဖြစ်နိုင်ဘူးလို့ဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ ဟာလန်းအနေနဲ့ ကမ္ဘာ့ဖလားကစားချင်စိတ်ရှိမှာ သေချာပေမဲ့ နောက်တစ်ကြိမ်အခွင့်အရေးရနိုင်သလို

ကြားကာလယူရိုပြိုင်ပွဲမှာလည်း အခွင့်အရေးရှိနေတယ်လို့ နှစ်သိမ့်ပေးခဲ့ပါတယ်။

(Zawgyi)

၂၀၂၂ ကမာၻ႔ဖလားမွာ အဂၤလန္အသင္းအတြက္ကစားေပးႏိုင္ေျခရွိခဲ့တယ္လို႔ ဟာလန္း ဖြင့္ဟ

မန္စီးတီးၾကယ္ပြင့္ဟာလန္းက ကာတာကမာၻ႔ဖလားမွာအဂၤလန္လက္ေ႐ြးစင္အသင္း အတြက္ကစားေပးႏိုင္ေျခရွိခဲ့တယ္လို႔ ဖြင့္ဟသြားပါတယ္။

အသက္ ၂၂ႏွစ္အ႐ြယ္ ကစားသမားဟာ ေနာ္ေဝအတြက္ ၂၃ပြဲ ပါဝင္ကစားေပးထားၿပီး ၂၁ဂိုး သြင္းထားႏိုင္သူျဖစ္တယ္။ ေနာ္ေဝအသင္းေျခစစ္ပြဲက်ရႈံးခဲ့ၿပီးေနာက္

ဟာလန္းဟာ ေဆာင္းရာသီမွာ က်င္းပတဲ့ပထမဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ခဲ့ရပါတယ္။ တစ္ဖက္ကျပန္ၾကည့္ရင္ေတာ့ ေနာ္ေဝသားဟာ ကာတာကမာၻ႔ဖလားမွာ

ေဆာက္ဂိတ္ရဲ႕အသင္းကိုဦးေဆာင္ၿပီး အုပ္စုတြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့ အီရန္၊ အေမရိကန္နဲ႔ ေဝးလ္တို႔ကိုရင္ဆိုင္ခြင့္ရွိေနခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖခင္ျဖစ္တဲ့ အက္ဖ္အင္ဂီ

အီလန္႐ုဒ္မွာေနထိုင္ခဲ့တဲ့ ၂၀၀၀ ခုႏွစ္မွာ ဟာလန္းကို အဂၤလန္ႏိုင္ငံ၊ လိဒ္မွာ ေမြးဖြားခဲ့တာေၾကာင့္ပဲျဖစ္တယ္။ ဖခင္ျဖစ္သူဟာ အဂၤလန္ႏိုင္ငံမွာအခ်ိန္တစ္ခုထိေနထိုင္ခဲ့မယ္ဆိုရင္

သူ႔အေနနဲ႔အဂၤလန္အတြက္ကစားေပးတာဟာျဖစ္ႏိုင္ခဲ့တယ္လို႔ ဟာလန္းကဆိုခဲ့ပါတယ္။ “ငါ့အေဖ အဂၤလန္မွာပိုၾကာၾကာကစားခဲ့ရင္ ဘယ္လိုျဖစ္လာမလဲဆိုတာ

ခင္ဗ်ားတို႔မသိႏိုင္ပါဘူး။ ငါကိုယ္တိုင္ အဂၤလိပ္ျဖစ္လာမလားဆိုတာလည္း မေျပာတတ္ပါဘူး။ ဒါေပမဲ့ ဟုတ္ပါတယ္…ငါကေနာ္ေဝလူမ်ိဳး ျဖစ္ၿပီး ဒါကိုဂုဏ္ယူပါတယ္” လို႔

ဟာလန္းကဖြင့္ဟခဲ့ပါတယ္။ ၂၀၂၀ အတြင္းမွာ ေတာ့ အဂၤလန္နည္းျပေဆာက္ဂိတ္က ဟာလန္းဟာ လူငယ္အဆင့္ေတြမွာ ေနာ္ေဝ အတြက္ကစားေပးခဲ့သူျဖစ္လို႔

သူ႔ကိုအဂၤလန္အတြက္ေ႐ြးခ်ယ္ဖို႔ဆိုတာ မွန္ကန္တဲ့လုပ္ရပ္မျဖစ္ႏိုင္ဘူးလို႔ဆိုခဲ့ပါတယ္။ မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ ဟာလန္းအေနနဲ႔ ကမာၻ႔ဖလားကစားခ်င္စိတ္ရွိမွာေသခ်ာေပမဲ့

ေနာက္တစ္ႀကိမ္အခြင့္အေရးရႏိုင္သလို ၾကားကာလယူ႐ိုၿပိဳင္ပြဲမွာလည္း အခြင့္အေရးရွိေနတယ္လို႔ ႏွစ္သိမ့္ေပးခဲ့ပါတယ္။