
အင်္ဂလန်နဲ့မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားကြီးဒေးဗစ်ဘက်ခမ်ကတော့
ဘောလုံးလောက,ကနေအနားယူသွားတာ နှစ်တော်တော်ကြာပြီဖြစ်ပေမယ့်
သူ့ရဲ့အရှိန်အဝါက ပရိသတ်တွေအပေါ်လွှမ်းမိုးထားနိုင်ဆဲဖြစ်ပြီး
အခု ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ကာတာနိုင်ငံရဲ့သံတမန်အဖြစ်ဆောင်ရွက်ဖို့
ပေါင်သန်း(၁၅၀)နဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်ဟာ ကာတာနိုင်ရဲ့
ခရီးသွားလာရေးနဲ့ယဉ်ကျေးမှုကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာအောင်
ဆောင်ရွက်ပေးရမှာဖြစ်ပြီး အဲဒီအတွက် (၁)နှစ်ကိုပေါင်(၁၅)သန်းနဲ့(၁၀)နှစ်
စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့ ဘက်ခမ်ဟာ ထုံးစံအတိုင်း ဘယ်လိုကိစ္စမဆို
သူ့ဇနီးဖြစ်တဲ့ဗစ်တိုးရီးယားနဲ့တိုင်ပင်ပြီးမှဆုံးဖြတ်လေ့ရှိတာကြောင့်
အခုကိစ္စကိုလည်း ဗစ်တိုးရီးယားနဲ့တိုင်ပင်ပြီးတော့မှ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အခုစာချုပ်အရ ဘက်ခမ်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာနိုင်ငံရဲ့
သံတမန်တစ်ဦးအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး ဘက်ခမ်ဟာ အခုလ
အစောပိုင်းကတည်းက ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို တစ်ပတ်ကြာလာရောက်ခဲ့ပြီးတော့
ကမ္ဘာ့ဖလားကျင်းပမယ့်ကွင်းတွေကို လေ့လာကြည့်ရှုခဲ့သလို တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
ကာတာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီး
အမျိုးသမီးတွေနဲ့ LGBT အသိုင်းအဝိုင်းကလူတွေအတွက် လူ့အခွင့်အရေး
အပြည့်မဝမရှိတာကြောင့်ဝေဖန်ခံခဲ့ရပေမယ့် အခုအချိန်မှာတော့
အရင်ကလောက်မဆိုးရွားတော့ဘဲ လာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကျရင်
Rainbow အလံတွေကိုင်ဆောင်ခွင့်ပြုသွားမှာဖြစ်တယ်လို့
တာဝန်ရှိသူတွေက ဘက်ခမ်ကို အာမခံခဲ့တာဖြစ်ပါတယ်။
ဘက်ခမ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဘောလုံးအားကစားရဲ့စွမ်းအားက
ဘယ်လိုအခြေအနေမျိုးမဆို အကောင်းဘက်ရောက်အောင်
ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ဘက်ခမ်ကအမြဲတစေပြောဆိုလေ့ရှိပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးက
စုပေါင်းပါဝင်ကြမှာဖြစ်ပြီး အဲဒီထဲမှာ ဘက်ခမ်ကလည်းတစ်ဦးအပါအဝင်ဖြစ်သလို
လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲတစ်ခုဖြစ်လာမယ်ဆိုတာ
ဘက်ခမ်ယုံကြည်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။ ဘက်ခမ်ဟာ
ဘောလုံးသမားဘဝကအနားယူခါနီး ကာတာသန်းကြွယ်သူဌေးအယ်လ်ခီလိုင်ဖီရဲ့
PSG အသင်းမှာ ကာလတိုကစားခဲ့ဖူးပြီး အယ်လ်ခီလိုင်ဖီနဲ့ရင်းနှီးတဲ့
ဆက်ဆံရေးရှိတာကြောင့်ပဲ အခုလို ကာတာနိုင်ငံရဲ့သံတမန်အဖြစ်
ဆောင်ရွက်ဖို့သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။
zawgyi
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကာတာႏိုင္ငံရဲ႕သံတမန္တစ္ဦးအျဖစ္ျမင္ေတြ႕ရမွာျဖစ္တဲ့ ဘက္ခမ္
အဂၤလန္နဲ႔မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကစားသမားႀကီးေဒးဗစ္ဘက္ခမ္ကေတာ့
ေဘာလုံးေလာက,ကေနအနားယူသြားတာ ႏွစ္ေတာ္ေတာ္ၾကာၿပီျဖစ္ေပမယ့္
သူ႔ရဲ႕အရွိန္အဝါက ပရိသတ္ေတြအေပၚလႊမ္းမိုးထားႏိုင္ဆဲျဖစ္ၿပီး
အခု ၂၀၂၂ ကမာၻ႔ဖလားအိမ္ရွင္ကာတာႏိုင္ငံရဲ႕သံတမန္အျဖစ္ေဆာင္႐ြက္ဖို႔
ေပါင္သန္း(၁၅၀)နဲ႔သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ပါတယ္။
အသက္(၄၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္ဟာ ကာတာႏိုင္ရဲ႕
ခရီးသြားလာေရးနဲ႔ယဥ္ေက်းမႈက႑ေတြမွာ ဖြံ႕ၿဖိဳးတိုးတက္လာေအာင္
ေဆာင္႐ြက္ေပးရမွာျဖစ္ၿပီး အဲဒီအတြက္ (၁)ႏွစ္ကိုေပါင္(၁၅)သန္းနဲ႔(၁၀)ႏွစ္
စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ ဒါေပမဲ့ ဘက္ခမ္ဟာ ထုံးစံအတိုင္း ဘယ္လိုကိစၥမဆို
သူ႔ဇနီးျဖစ္တဲ့ဗစ္တိုးရီးယားနဲ႔တိုင္ပင္ၿပီးမွဆုံးျဖတ္ေလ့ရွိတာေၾကာင့္
အခုကိစၥကိုလည္း ဗစ္တိုးရီးယားနဲ႔တိုင္ပင္ၿပီးေတာ့မွ လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။
အခုစာခ်ဳပ္အရ ဘက္ခမ္ကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကာတာႏိုင္ငံရဲ႕
သံတမန္တစ္ဦးအျဖစ္ျမင္ေတြ႕ရမွာျဖစ္ၿပီး ဘက္ခမ္ဟာ အခုလ
အေစာပိုင္းကတည္းက ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕ကို တစ္ပတ္ၾကာလာေရာက္ခဲ့ၿပီးေတာ့
ကမာၻ႔ဖလားက်င္းပမယ့္ကြင္းေတြကို ေလ့လာၾကည့္ရႈခဲ့သလို တာဝန္ရွိသူေတြနဲ႔လည္းေတြ႕ဆုံခဲ့ပါတယ္။
ကာတာႏိုင္ငံဟာ လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ေနရၿပီး
အမ်ိဳးသမီးေတြနဲ႔ LGBT အသိုင္းအဝိုင္းကလူေတြအတြက္ လူ႔အခြင့္အေရး
အျပည့္မဝမရွိတာေၾကာင့္ေဝဖန္ခံခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့
အရင္ကေလာက္မဆိုး႐ြားေတာ့ဘဲ လာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္
Rainbow အလံေတြကိုင္ေဆာင္ခြင့္ျပဳသြားမွာျဖစ္တယ္လို႔
တာဝန္ရွိသူေတြက ဘက္ခမ္ကို အာမခံခဲ့တာျဖစ္ပါတယ္။
ဘက္ခမ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ေဘာလုံးအားကစားရဲ႕စြမ္းအားက
ဘယ္လိုအေျခအေနမ်ိဳးမဆို အေကာင္းဘက္ေရာက္ေအာင္
ေျပာင္းလဲႏိုင္စြမ္းရွိတယ္လို႔ ဘက္ခမ္ကအၿမဲတေစေျပာဆိုေလ့ရွိပါတယ္။
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေဘာလုံးအသိုင္းအဝိုင္းတစ္ခုလုံးက
စုေပါင္းပါဝင္ၾကမွာျဖစ္ၿပီး အဲဒီထဲမွာ ဘက္ခမ္ကလည္းတစ္ဦးအပါအဝင္ျဖစ္သလို
လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ႀကီးက်ယ္ခမ္းနားတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္လာမယ္ဆိုတာ
ဘက္ခမ္ယုံၾကည္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဘက္ခမ္ဟာ
ေဘာလုံးသမားဘဝကအနားယူခါနီး ကာတာသန္းႂကြယ္သူေဌးအယ္လ္ခီလိုင္ဖီရဲ႕
PSG အသင္းမွာ ကာလတိုကစားခဲ့ဖူးၿပီး အယ္လ္ခီလိုင္ဖီနဲ႔ရင္းႏွီးတဲ့
ဆက္ဆံေရးရွိတာေၾကာင့္ပဲ အခုလို ကာတာႏိုင္ငံရဲ႕သံတမန္အျဖစ္
ေဆာင္႐ြက္ဖို႔သေဘာတူညီခဲ့တာလည္းျဖစ္ပါတယ္။