၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရော်နယ်ဒိုအမှတ်တံဆိပ်အတွင်းခံကို ဝတ်ဆင်ခဲ့တဲ့ ဂျာဂင်ကလော့ပ်

လီဗာပူးနည်းပြကလော့ပ်ရဲ့ ထူးထူးဆန်းဆန်းဖိအားလျှော့ချတဲ့အပြုအမူကို ကွင်းလယ်လူဟောင်းဝစ်ဂျ်နယ်ဒန်က The Athletic နဲ့တွေ့ဆုံမှုမှာဖောက်သည်ချသွားခဲ့ပါတယ်။

ဂျာမန်သားနည်းပြဟာ ရီးရဲလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကစားသမားရော်နယ်ဒိုအမှတ်တံဆိပ် CR7 အတွင်းခံကို ဝတ်ဆင်ခဲ့တာဖြစ်တယ်။

၂၀၀၇ နောက်ပိုင်း လီဗာပူးအတွက် ပထမဆုံးချန်ပီယံလိဂ် ဗိုလ်လုပွဲဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ အေးစက်နေတဲ့အမူအယာကို လျှော့ချဖို့အတွက် ကလော့ပ်ကဒီနည်းလမ်းကိုရွေးချယ်ခဲ့တာဖြစ်တယ်။

“ရော်နယ် ဒိုအတွင်းခံကိုဝတ်ဆင်ခဲ့တာ ကျွန်တော်တို့တွေ့ခဲ့တယ်။ အစည်းအဝေးလုပ်ကတည်းက သူ့အင်္ကျီထဲမှာ CR7 အတွင်းခံတွေအပြည့်ရှိနေတာပါ။

အဝတ်လဲခန်းတစ်ခုံးခေါင်းစိုက်ကျတဲ့အထိ ရယ်မောခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ လူတိုင်းရဲ့ ပွဲအပေါ်အာရုံစိုက်မှု မြင့်တက်နေပြီး သူကဟာသလေးနဲ့ ဖြေလျှော့ပေးခဲ့တာဖြစ်တယ်။

ဒီလိုပုံစံတွေပြုမူတဲ့နေရာမှာတော့ ကလော့ပ်က ဖခင်ကြီးပါပဲ။ သူ့ရဲ့ ကိုယ်အမူအယာတွေဟာ ကစားသမားတွေကိုဖိအားလျော့ကျစေပါတယ်” လို့ ဝစ်ဂျ်နယ်ဒန်က ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ ကိဗ်ကဗိုလ်လုပွဲမှာတော့ ရီးရဲလ်က ဂါရတ်ဘေးလ်ရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် လီဗာပူးကို ၃-၁နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဆုဖလားပိုင်ဆိုင်ခဲ့တာပါ။

(Zawgyi)

၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ေရာ္နယ္ဒိုအမွတ္တံဆိပ္အတြင္းခံကို ဝတ္ဆင္ခဲ့တဲ့ ဂ်ာဂင္ကေလာ့ပ္

လီဗာပူးနည္းျပကေလာ့ပ္ရဲ႕ ထူးထူးဆန္းဆန္းဖိအားေလွ်ာ့ခ်တဲ့အျပဳအမူကို ကြင္းလယ္လူေဟာင္းဝစ္ဂ်္နယ္ဒန္က The Athletic နဲ႔ေတြ႕ဆုံမႈမွာေဖာက္သည္ခ်သြားခဲ့ပါတယ္။

ဂ်ာမန္သားနည္းျပဟာ ရီးရဲလ္နဲ႔ ရင္ဆိုင္ခဲ့တဲ့ ၂၀၁၈ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ၿပိဳင္ဘက္ကစားသမားေရာ္နယ္ဒိုအမွတ္တံဆိပ္ CR7 အတြင္းခံကို ဝတ္ဆင္ခဲ့တာျဖစ္တယ္။ ၂၀၀၇ ေနာက္ပိုင္း လီဗာပူးအတြက္

ပထမဆုံးခ်န္ပီယံလိဂ္ ဗိုလ္လုပြဲျဖစ္ခဲ့ၿပီး ကစားသမားေတြရဲ႕ေအးစက္ေနတဲ့အမူအယာကို ေလွ်ာ့ခ်ဖို႔အတြက္ ကေလာ့ပ္ကဒီနည္းလမ္းကိုေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။ “ေရာ္နယ္ ဒိုအတြင္းခံကိုဝတ္ဆင္ခဲ့တာ

ကြၽန္ေတာ္တို႔ေတြ႕ခဲ့တယ္။ အစည္းအေဝးလုပ္ကတည္းက သူ႔အက်ႌထဲမွာ CR7 အတြင္းခံေတြအျပည့္ရွိေနတာပါ။ အဝတ္လဲခန္းတစ္ခုံးေခါင္းစိုက္က်တဲ့အထိ ရယ္ေမာခဲ့ၾကပါတယ္။

အဲ့ဒီအခ်ိန္မွာ လူတိုင္းရဲ႕ ပြဲအေပၚအာ႐ုံစိုက္မႈျမင့္တက္ေနၿပီး သူကဟာသေလးနဲ႔ေျဖေလွ်ာ့ေပးခဲ့ တာျဖစ္တယ္။ ဒီလိုပုံစံေတြျပဳမူတဲ့ေနရာမွာေတာ့ ကေလာ့ပ္က ဖခင္ႀကီးပါပဲ။

သူ႔ရဲ႕ ကိုယ္အမူအယာေတြဟာ ကစားသမားေတြကိုဖိအားေလ်ာ့က်ေစပါတယ္” လို႔ ဝစ္ဂ်္နယ္ဒန္က ဖြင့္ဟခဲ့ပါတယ္။ ဒါေပမဲ့ ကိဗ္ကဗိုလ္လုပြဲမွာေတာ့ ရီးရဲလ္က ဂါရတ္ေဘးလ္ရဲ႕သြင္းဂိုး ၂ဂိုးအပါအဝင္

လီဗာပူးကို ၃-၁နဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ ဆုဖလားပိုင္ဆိုင္ခဲ့တာပါ။