
မော်ရင်ဟိုဟာ ယူနိုက်တက်နည်းပြအဖြစ်ရှိစဉ်ကာလအတွင်း





ရော်နယ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ပြန်လည်ခေါ်ယူမယ့်အစီအစဉ်ကို
ပယ်ချခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ ပေါ်တူဂီစူပါစတားဟာ





၂၀၂၁ မှာ ယူနိုက်တက်ကို တကျော့ပြန်ရောက်လာခဲ့သလို
ပြီးခဲ့တဲ့နိုဝင်ဘာမှာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး
အသင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်တယ်။ တကယ်တမ်းမှာတော့





ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်ကို ၂၀၁၈ ကတည်းကပြန်လာဖို့
ရှိနေခဲ့တာပါ။ talkSPORT ရဲ့သတင်းထောက် ဂျင်မ်ဝှိုက်က





ဒီအခြေအနေကိုပြန်လည်ဖွင့်ဟလိုက်တာဖြစ်ပြီး မော်ရင်ဟို
ငြင်းဆန်ခဲ့လို့သာ ရော်နယ်ဒိုအစောဆုံးရောက်မလာခဲ့တာဖြစ်တယ်လို့
ဖွင့်ချလိုက်တာဖြစ်တယ်။ မော်ရင်ဟိုနဲ့ ရော်နယ်ဒိုတို့ဟာ





ရီးရဲလ်မှာ ၃နှစ်ကြာလက်တွဲခဲ့ဖူးသူတွေဖြစ်သလို ယူနိုက်တက်
အမှုဆောင်ချုပ်ဟောင်းဖြစ်တဲ့ အက်ဒ်ဝုဒ်ဝက်ဟာ ပေါ်တူဂီ





စူပါစတားကို တကျော့ပြန်ခေါ်ယူဖို့အတွက်လမ်းကြောင်းပေးခဲ့ပေမဲ့
မော်ရင်ဟိုက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ “ရော်နယ်ဒိုကို
ပြန်ခေါ်ဖို့အတွက် လွန်ခဲ့တဲ့နှစ်တွေအတွင်းကတည်းက





အကြိမ်ကြိမ်ဆွေးနွေးခဲ့တယ်။ ရီးရဲလ်နဲ့အဆုံးသတ်ပြီး
အံ့အားသင့်စရာတွေဖြစ်လာဖို့ရှိခဲ့တယ်။ ဒါပေမဲ့ မော်ရင်ဟိုက





သူ့မှာအခြားဦးစားပေးတွေရှိတယ်လို့ ရှင်းထုတ်ခဲ့တာဖြစ်တယ်” လို့
ဂျင်မ်ဝှိုက်က ဖွင့်ဟလိုက်တာဖြစ်တယ်။ အဲ့ဒီနွေဈေးကွက်မှာတော့
ရော်နယ်ဒိုဟာ ယူနိုက်တက်ကိုပြန်ရောက်မလာတော့ဘဲ





ဂျူဗင်တပ်အသင်းဆီကိုပြောင်းရွှေ့သွားခဲ့ရတာဖြစ်တယ်။
zawgyi





၂၀၁၈ ကတည္းက ေရာ္နယ္ဒို အိုးလ္ထရက္ဖို႔ဒ္ျပန္ေရာက္လာႏိုင္တဲ့အေရးကို ေမာ္ရင္ဟို တားဆီးခဲ့
ေမာ္ရင္ဟိုဟာ ယူႏိုက္တက္နည္းျပအျဖစ္ရွိစဥ္ကာလအတြင္း
ေရာ္နယ္ဒိုကို အိုးလ္ထရက္ဖို႔ဒ္ျပန္လည္ေခၚယူမယ့္အစီအစဥ္ကို





ပယ္ခ်ခဲ့တယ္လို႔ သတင္းထြက္လာပါတယ္။ ေပၚတူဂီစူပါစတားဟာ
၂၀၂၁ မွာ ယူႏိုက္တက္ကို တေက်ာ့ျပန္ေရာက္လာခဲ့သလို





ၿပီးခဲ့တဲ့ႏိုဝင္ဘာမွာ ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းၿပီး
အသင္းကေန ထြက္ခြာသြားခဲ့တာျဖစ္တယ္။ တကယ္တမ္းမွာေတာ့
ေရာ္နယ္ဒိုဟာ အိုးလ္ထရက္ဖို႔ဒ္ကို ၂၀၁၈ ကတည္းကျပန္လာဖို႔





ရွိေနခဲ့တာပါ။ talkSPORT ရဲ႕သတင္းေထာက္ ဂ်င္မ္ဝႈိက္က
ဒီအေျခအေနကိုျပန္လည္ဖြင့္ဟလိုက္တာျဖစ္ၿပီး ေမာ္ရင္ဟို





ျငင္းဆန္ခဲ့လို႔သာ ေရာ္နယ္ဒိုအေစာဆုံးေရာက္မလာခဲ့တာျဖစ္တယ္လို႔
ဖြင့္ခ်လိုက္တာျဖစ္တယ္။ ေမာ္ရင္ဟိုနဲ႔ ေရာ္နယ္ဒိုတို႔ဟာ
ရီးရဲလ္မွာ ၃ႏွစ္ၾကာလက္တြဲခဲ့ဖူးသူေတြျဖစ္သလို ယူႏိုက္တက္





အမႈေဆာင္ခ်ဳပ္ေဟာင္းျဖစ္တဲ့ အက္ဒ္ဝုဒ္ဝက္ဟာ ေပၚတူဂီ
စူပါစတားကို တေက်ာ့ျပန္ေခၚယူဖို႔အတြက္လမ္းေၾကာင္းေပးခဲ့ေပမဲ့





ေမာ္ရင္ဟိုက ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ “ေရာ္နယ္ဒိုကို
ျပန္ေခၚဖို႔အတြက္ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းကတည္းက
အႀကိမ္ႀကိမ္ေဆြးေႏြးခဲ့တယ္။ ရီးရဲလ္နဲ႔အဆုံးသတ္ၿပီး





အံ့အားသင့္စရာေတြျဖစ္လာဖို႔ရွိခဲ့တယ္။ ဒါေပမဲ့ ေမာ္ရင္ဟိုက
သူ႔မွာအျခားဦးစားေပးေတြရွိတယ္လို႔ ရွင္းထုတ္ခဲ့တာျဖစ္တယ္” လို႔





ဂ်င္မ္ဝႈိက္က ဖြင့္ဟလိုက္တာျဖစ္တယ္။ အဲ့ဒီေႏြေဈးကြက္မွာေတာ့
ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ကိုျပန္ေရာက္မလာေတာ့ဘဲ
ဂ်ဴဗင္တပ္အသင္းဆီကိုေျပာင္းေ႐ႊ႕သြားခဲ့ရတာျဖစ္တယ္။




