၂၀၁၇ နောက်ပိုင်း ဘလွန်းဒီအောဆုပေးပွဲအခမ်းအနားကို ပထမဆုံးပြန်တက်တော့မယ့် စီရော်နယ်ဒို

မန်ယူတိုက်စစ်မှူးရော်နယ်ဒိုကတော့ လာမယ့်ဘလွန်းဒီအောအခမ်းအနားမှာ ပါတနာဟောင်းကြီး ဘန်ဇီးမားကို တက်ရောက်ချီးမြှင့်ပေးမယ်လို့ သတင်းထွက်လာပါတယ်။

အသက် ၃၇နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီဆုကို ၂၀၁၇ မှာ နောက်ဆုံးအကြိမ် ရရှိခဲ့ပြီးတဲ့နောက် ပဲရစ်မှာနှစ်စဉ်ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအတွက် ၂၄ဂိုးသွင်းပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ဘလွန်းဒီအော ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့ပေမဲ့ ပိုင်ဆိုင်မယ့်အခြေအနေမရှိသူဖြစ်တယ်။

၂၀၂၂ အတွက် ဘလွန်းဒီအောဆုကိုတော့ ရီးရဲလ်နဲ့အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ပြီး အသင်းအတွက် ၄၆ ပွဲ မှာ ၄၄ ဂိုး သွင်းပေးခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးဘန်ဇီးမားက အလားအလာအကောင်းဆုံးဖြစ်နေတာပါ။ ရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့ဟာ ဘာနေဗျူးမှာ သူငယ်ချင်းအဖြစ်အလွန်နီးစပ်တဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် အသင်းဖော် ဟောင်းကို လာရောက်ဂုဏ်ပြုတဲ့သဘောသက်ရောက်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဒီဆုရခဲ့တဲ့ ပြိုင်ဘက်ဟောင်းကြီး မက်ဆီကတော့ ဆန်ခါတင်စာရင်းထဲတောင်မဝင် နိုင်ချိန်မှာ ဒီဆုကို ဘန်ဇီးမားသေချာပေါက်ရလိမ့်မယ်လို့ ရော်နယ်ဒိုက ယုံကြည်နေ တာဖြစ်တယ်။

ပြီးခဲ့တဲ့ဇွန်လမှာတော့ ရေယ်နယ်ဒိုနဲ့ပတ်သတ်ပြီး ဘန်ဇီးမားက “ကျွန်တော်သူ့ကိုကြည့်ရင်း သူလုပ်နေတာတွေကိုနားလည်ဖို့ကြိုးစားခဲ့တယ်။ ဂိုးသွင်းတာတွေ၊ ကန်ချက်တွေ၊ ပေးပို့မှုတွေ၊ ဘောလုံးထိန်းချုပ်မှုတွေကအစပေါ့။

ရော်နယ်ဒိုနဲ့ပတ်သတ်တာတွေအားလုံးကို ခွဲခြမ်းစိတ်ဖြာခဲ့တယ်။ တူညီတဲ့ပုံစံရဖို့ကို မဆိုလိုပါဘူး” လို့ဆိုခဲ့ပါတယ်။ ဘလွန်းဒီအောနဲ့ ထိုက်တန်သလားဆိုတဲ့ အမေးနဲ့ပတ်သတ်လို့ ပြင်သစ်ကြယ်ပွင့်က “ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကောင်းမွန်တဲ့ရာသီတစ်ခုရှိခဲ့လို့ပါပဲ။

အရေးကြီးတဲ့ပွဲစဉ်အတော်များများမှာ ကျွန်တော်ရှိနေခဲ့ပြီး ကွဲပြားမှုတွေကိုထိန်းချုပ်နိုင်ခဲ့တယ်။

ဒါတွေအားလုံးက ကျွန်တော့်စွမ်းဆောင်ရည်ကို လူတွေအသိအမှတ်ပြုစေတာပါ။ ပြီးတော့ ကျွန်တော့် ခြေစွမ်းက တစ်ရာသီလုံးတည်ငြိမ်နေခဲ့တယ်လေ” လို့ Onze Mondial နဲ့တွေ့ဆုံမှုမှာ ဖွင့်ဟခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ဘလွန်းဒီအောဆုပေးပွဲကိုတော့ လာမယ့်တနင်္လာနေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်။

(Zawgyi)

၂၀၁၇ ေနာက္ပိုင္း ဘလြန္းဒီေအာဆုေပးပြဲအခမ္းအနားကို ပထမဆုံးျပန္တက္ေတာ့မယ့္ စီေရာ္နယ္ဒို

မန္ယူတိုက္စစ္မႉးေရာ္နယ္ဒိုကေတာ့ လာမယ့္ဘလြန္းဒီေအာအခမ္းအနားမွာ ပါတနာေဟာင္းႀကီး ဘန္ဇီးမားကို တက္ေရာက္ခ်ီးျမႇင့္ေပးမယ္လို႔ သတင္းထြက္လာပါတယ္။

အသက္ ၃၇ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ ဒီဆုကို ၂၀၁၇ မွာ ေနာက္ဆုံးအႀကိမ္ ရရွိခဲ့ၿပီးတဲ့ေနာက္ ပဲရစ္မွာႏွစ္စဥ္က်င္းပတဲ့ အခမ္းအနားကို တက္ေရာက္ခဲ့ျခင္းမရွိပါဘူး။ ၿပီးခဲ့တဲ့ရာသီမွာ မန္ယူအတြက္ ၂၄ဂိုးသြင္းေပးခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဒီႏွစ္ဘလြန္းဒီေအာ ဆန္ခါတင္စာရင္းထဲပါဝင္ခဲ့ေပမဲ့ ပိုင္ဆိုင္မယ့္အေျခအေနမရွိသူျဖစ္တယ္။

၂၀၂၂ အတြက္ ဘလြန္းဒီေအာဆုကိုေတာ့ ရီးရဲလ္နဲ႔အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့ၿပီး အသင္းအတြက္ ၄၆ ပြဲ မွာ ၄၄ ဂိုး သြင္းေပးခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးဘန္ဇီးမားက အလားအလာအေကာင္းဆုံးျဖစ္ေနတာပါ။

ေရာ္နယ္ဒိုနဲ႔ ဘန္ဇီးမားတို႔ဟာ ဘာေနဗ်ဴးမွာ သူငယ္ခ်င္းအျဖစ္အလြန္နီးစပ္တဲ့ဆက္ဆံေရးရွိခဲ့တာေၾကာင့္ အသင္းေဖာ္ ေဟာင္းကို လာေရာက္ဂုဏ္ျပဳတဲ့သေဘာသက္ေရာက္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ဒီဆုရခဲ့တဲ့ ၿပိဳင္ဘက္ေဟာင္းႀကီး မက္ဆီကေတာ့ ဆန္ခါတင္စာရင္းထဲေတာင္မဝင္ ႏိုင္ခ်ိန္မွာ ဒီဆုကို ဘန္ဇီးမားေသခ်ာေပါက္ရလိမ့္မယ္လို႔ ေရာ္နယ္ဒိုက ယုံၾကည္ေန တာျဖစ္တယ္။

ၿပီးခဲ့တဲ့ဇြန္လမွာေတာ့ ေရယ္နယ္ဒိုနဲ႔ပတ္သတ္ၿပီး ဘန္ဇီးမားက “ကြၽန္ေတာ္သူ႔ကိုၾကည့္ရင္း သူလုပ္ေနတာေတြကိုနားလည္ဖို႔ႀကိဳးစားခဲ့တယ္။ ဂိုးသြင္းတာေတြ၊ ကန္ခ်က္ေတြ၊ ေပးပို႔မႈေတြ၊ ေဘာလုံးထိန္းခ်ဳပ္မႈေတြကအစေပါ့။ ေရာ္နယ္ဒိုနဲ႔ပတ္သတ္တာေတြအားလုံးကို ခြဲျခမ္းစိတ္ျဖာခဲ့တယ္။ တူညီတဲ့ပုံစံရဖို႔ကို မဆိုလိုပါဘူး” လို႔ဆိုခဲ့ပါတယ္။

ဘလြန္းဒီေအာနဲ႔ ထိုက္တန္သလားဆိုတဲ့ အေမးနဲ႔ပတ္သတ္လို႔ ျပင္သစ္ၾကယ္ပြင့္က “ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္မွာ ေကာင္းမြန္တဲ့ရာသီတစ္ခုရွိခဲ့လို႔ပါပဲ။ အေရးႀကီးတဲ့ပြဲစဥ္အေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္ရွိေနခဲ့ၿပီး ကြဲျပားမႈေတြကိုထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ဒါေတြအားလုံးက ကြၽန္ေတာ့္စြမ္းေဆာင္ရည္ကို လူေတြအသိအမွတ္ျပဳေစတာပါ။

ၿပီးေတာ့ ကြၽန္ေတာ့္ ေျခစြမ္းက တစ္ရာသီလုံးတည္ၿငိမ္ေနခဲ့တယ္ေလ” လို႔ Onze Mondial နဲ႔ေတြ႕ဆုံမႈမွာ ဖြင့္ဟခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္အတြက္ ဘလြန္းဒီေအာဆုေပးပြဲကိုေတာ့ လာမယ့္တနလၤာေန႔မွာ ျပဳလုပ္သြားမွာျဖစ္တယ္။