
ပြင်သစ်ကြယ်ပွင့်ဟောင်းရစ်ဘာရီဟာ ဆုဖလားပေါင်းများစွာ၊





အမှတ်တရအခိုက်အတန့်တွေများစွာနဲ့ ဘောလုံးလောက ကနေ
အနားယူခဲ့တာဖြစ်ပေမဲ့ သူ့အတွက်အကြီးမားဆုံးနောင်တက





ဘလွန်းဒီအော်မရခဲ့တာပါပဲ။ ခြေစွမ်းပိုင်းအထွတ်အထိပ်
ရောက်နေချိန်မှာ ရစ်ဘာရီက သူ့မျိုးဆက်ရဲ့အကောင်းဆုံး
ကစားသမားဆိုတာ ငြင်းလို့မရပါဘူး။ ဘိုင်ယန်မြူးနစ်နဲ့အတူ





ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ၉ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား
တစ်ကြိမ်ရရှိခဲ့တာဖြစ်တယ်။ ရစ်ဘာရီ-ရော်ဘင် တောင်ပံတစ်စုံဟာ





ပြိုင်ဘက်ခံစစ်တိုင်းကို အလဲထိုးခဲ့တာဖြစ်ပြီး ၂၀၁၂-၁၃ ရာသီမှာတော့
နည်းပြဂျက်ဟေးနက်စ်ရဲ့ဦးဆောင်မှုနဲ့အတူ ဘိုင်ယန်က
တစ်ရာသီအတွင်း ဆုဖလား ၃လုံးပိုင်ဆိုင်ခဲ့ပါတယ်။





ဒါ့အပြင် ၂၀၁၃ မှာ ဘိုင်ယန်က ယူအီးအက်ဖ်အေစူပါဖလားနဲ့
ကမ္ဘာ့ကလပ်ချန်ပီယံဆုတွေကိုပါ ထပ်ဆင့်ရရှိခဲ့တာဖြစ်တယ်။





ဒီလိုအောင်မြင်မှုတွေထဲမှာ အသင်းအတွက် ၂၂ဂိုး သွင်းပြီး
ဖန်တီးမှု ၁၈ကြိမ် လုပ်ခဲ့တဲ့ ရစ်ဘာရီကအထင်ပေါ်ဆုံးဖြစ်ခဲ့ပြီး
ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်





ရွေးချယ်ခံခဲ့ရပေမဲ့ ဘလွန်းဒီအော်အဆင့် သက်မှတ်ချက်မှာတော့
ရော်နယ်ဒို၊ မက်ဆီတို့ရဲ့နောက် တတိယနေရာမှာအဆုံးသတ်ခဲ့ပါတယ်။





၂၀၁၃ အတွင်းမှာ ဘိုင်ယန်နဲ့အတူစွမ်းဆောင်ပြခဲ့တဲ့ ရစ်ဘာရီရဲ့
အနေအထားက အတောက်ပဆုံးဖြစ်ခဲ့ပေမဲ့ ဘလွန်းဒီအော်နဲ့
အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့တာဖြစ်တယ်။ ရီးရဲလ်နဲ့ဘာအောင်မြင်မှုမှ





မရခဲ့တဲ့ ရော်နယ်ဒိုက ဘလွန်းဒီအော်ဆုဆွတ်ခူးခဲ့တယ်လို့
ကြေညာပြီးနောက် ဒုတိယနေရာမှာတော့ လာလီဂါဆုဖလား





တစ်လုံးသာရတဲ့ မက်ဆီကရပ်တည်ခဲ့တာပါ။ ရစ်ဘာရီအတွက်
အတော်လေးကြေကွဲစရာဖြစ်ခဲ့သလို ပြင်သစ်သတင်းစာ L’Equipe နဲ့
တွေ့ဆုံမှုမှာတော့ “စိတ်ပျက်စရာတစ်ခုထက်ပိုပါတယ်။





ဒါက ကျွန်တော့်ပရော်ဖက်ရှင်နယ်သက်တမ်းတစ်လျှောက်
အကြီးမားဆုံးမတရားမှုပါပဲ။ ကျွန်တော်တစ်ယောက်ထဲအတွက်





မဟုတ်ပါဘူး၊ အားလုံးအတွက်ပါ။ ကျွန်တော်က ထိပ်ဆုံးမှာ
ရှိနေခဲ့ပြီး အဆင့် ၃နဲ့ ပြီးခဲ့တယ်။ အဲဒီနှစ်မှာ ကျွန်တော့်ဘက်က
မက်ဆီနဲ့ ရော်နယ်ဒိုကို မနာလိုစရာလည်းမရှိပါဘူး။





အမှန်တရားကို နှိမ့်ချစွာပြောဆိုလိုက်တာပါ” လို့ ပြောဆိုခဲ့ပါသေးတယ်။
zawgyi





၂၀၁၃ မွာ ရစ္ဘာရီ ဘလြန္းဒီေအာ္မရခဲ့တာက ေဘာလုံးေလာကရဲ႕အႀကီးမားဆုံးမတရားမႈအျဖစ္ရွိေနဆဲ
ျပင္သစ္ၾကယ္ပြင့္ေဟာင္းရစ္ဘာရီဟာ ဆုဖလားေပါင္းမ်ားစြာ၊
အမွတ္တရအခိုက္အတန႔္ေတြမ်ားစြာနဲ႔ ေဘာလုံးေလာက ကေန





အနားယူခဲ့တာျဖစ္ေပမဲ့ သူ႔အတြက္အႀကီးမားဆုံးေနာင္တက
ဘလြန္းဒီေအာ္မရခဲ့တာပါပဲ။ ေျခစြမ္းပိုင္းအထြတ္အထိပ္





ေရာက္ေနခ်ိန္မွာ ရစ္ဘာရီက သူ႔မ်ိဳးဆက္ရဲ႕အေကာင္းဆုံး
ကစားသမားဆိုတာ ျငင္းလို႔မရပါဘူး။ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ
ဘြန္ဒက္စ္လီဂါ ခ်န္ပီယံဆု ၉ႀကိမ္၊ ခ်န္ပီယံလိဂ္ဆုဖလား





တစ္ႀကိမ္ရရွိခဲ့တာျဖစ္တယ္။ ရစ္ဘာရီ-ေရာ္ဘင္ ေတာင္ပံတစ္စုံဟာ
ၿပိဳင္ဘက္ခံစစ္တိုင္းကို အလဲထိုးခဲ့တာျဖစ္ၿပီး ၂၀၁၂-၁၃ ရာသီမွာေတာ့





နည္းျပဂ်က္ေဟးနက္စ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ ဘိုင္ယန္က
တစ္ရာသီအတြင္း ဆုဖလား ၃လုံးပိုင္ဆိုင္ခဲ့ပါတယ္။
ဒါ့အျပင္ ၂၀၁၃ မွာ ဘိုင္ယန္က ယူအီးအက္ဖ္ေအစူပါဖလားနဲ႔





ကမာၻ႔ကလပ္ခ်န္ပီယံဆုေတြကိုပါ ထပ္ဆင့္ရရွိခဲ့တာျဖစ္တယ္။
ဒီလိုေအာင္ျမင္မႈေတြထဲမွာ အသင္းအတြက္ ၂၂ဂိုး သြင္းၿပီး





ဖန္တီးမႈ ၁၈ႀကိမ္ လုပ္ခဲ့တဲ့ ရစ္ဘာရီကအထင္ေပၚဆုံးျဖစ္ခဲ့ၿပီး
ယူအီးအက္ဖ္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္
ေ႐ြးခ်ယ္ခံခဲ့ရေပမဲ့ ဘလြန္းဒီေအာ္အဆင့္ သက္မွတ္ခ်က္မွာေတာ့





ေရာ္နယ္ဒို၊ မက္ဆီတို႔ရဲ႕ေနာက္ တတိယေနရာမွာအဆုံးသတ္ခဲ့ပါတယ္။
၂၀၁၃ အတြင္းမွာ ဘိုင္ယန္နဲ႔အတူစြမ္းေဆာင္ျပခဲ့တဲ့ ရစ္ဘာရီရဲ႕





အေနအထားက အေတာက္ပဆုံးျဖစ္ခဲ့ေပမဲ့ ဘလြန္းဒီေအာ္နဲ႔
အံ့အားသင့္ဖြယ္ရာလြဲေခ်ာ္ခဲ့တာျဖစ္တယ္။ ရီးရဲလ္နဲ႔ဘာေအာင္ျမင္မႈမွ
မရခဲ့တဲ့ ေရာ္နယ္ဒိုက ဘလြန္းဒီေအာ္ဆုဆြတ္ခူးခဲ့တယ္လို႔





ေၾကညာၿပီးေနာက္ ဒုတိယေနရာမွာေတာ့ လာလီဂါဆုဖလား
တစ္လုံးသာရတဲ့ မက္ဆီကရပ္တည္ခဲ့တာပါ။ ရစ္ဘာရီအတြက္





အေတာ္ေလးေၾကကြဲစရာျဖစ္ခဲ့သလို ျပင္သစ္သတင္းစာ L’Equipe နဲ႔
ေတြ႕ဆုံမႈမွာေတာ့ “စိတ္ပ်က္စရာတစ္ခုထက္ပိုပါတယ္။
ဒါက ကြၽန္ေတာ့္ပေရာ္ဖက္ရွင္နယ္သက္တမ္းတစ္ေလွ်ာက္





အႀကီးမားဆုံးမတရားမႈပါပဲ။ ကြၽန္ေတာ္တစ္ေယာက္ထဲအတြက္
မဟုတ္ပါဘူး၊ အားလုံးအတြက္ပါ။ ကြၽန္ေတာ္က ထိပ္ဆုံးမွာ





ရွိေနခဲ့ၿပီး အဆင့္ ၃နဲ႔ ၿပီးခဲ့တယ္။ အဲဒီႏွစ္မွာ ကြၽန္ေတာ့္ဘက္က
မက္ဆီနဲ႔ ေရာ္နယ္ဒိုကို မနာလိုစရာလည္းမရွိပါဘူး။
အမွန္တရားကို ႏွိမ့္ခ်စြာေျပာဆိုလိုက္တာပါ” လို႔ ေျပာဆိုခဲ့ပါေသးတယ္။




