၂၀၀၆ ခုနှစ်နောက်ပိုင်း စပိန်ကို တစ်ခါမှမနိုင်သေးတဲ့ ပြင်သစ်

၂၀၂၀-၂၁ ရာသီ UEFA Nations League ဗိုလ်လုပွဲအဖြစ် ဥရောပထိပ်သီး

အသင်းတွေဖြစ်တဲ့ ပြင်သစ်နဲ့စပိန်အသင်းတို့ဆုံတွေ့နေပြီး ပြင်သစ်အသင်းမှာ

ဘာပေ၊ ပေ့ါဘာ၊ ဂရစ်ဇ်မန်း၊ ဘန်ဇီမာစတဲ့နာမည်ကျော်ကစားသမားတွေ

ပါဝင်နေသလို စပိန်အသင်းမှာလည်း ဖာရန်တောရက်စ်၊ ဂါဗီ၊

ဘရိုင်ယန်ဟေးလ်တို့လို အရည်အသွေးမြင့်လူငယ်ကြယ်ပွင့်ကစားသမား

တွေရှိနေတာကြောင့် ပွဲကအကြိတ်အနယ်ရှိမှာအမှန်ပါပဲ။

ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပြင်သစ်အသင်းဟာ ဗိုလ်စွဲဖို့အထိ

ရေပန်းစားခဲ့ပေမယ့် အသင်းတွင်းမှာ စည်းလုံးမှုမရှိဖြစ်ခဲ့တဲ့အပြင်

သာမန်အလယ်အလတ်အသင်းဖြစ်တဲ့ ဆွစ်ဇာလန်ကို ပယ်နယ်တီ

အဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်ကနေ

လှည့်ပြန်ခဲ့ရပါတယ်။

 

စပိန်အသင်းကတော့ လူငယ်နဲ့စီနီယာကစားသမားတွေကို အကောင်း

ဆုံးပေါင်းစပ်ပြီး ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့ပြီးမှာ

ချန်ပီယံဖြစ်ခဲ့တဲ့အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့

အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲမှာတော့ စပိန်အသင်းက အီတလီ

အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့တာကြောင့် ယူရိုရှုံးကြွေး

ပြန်ဆပ်နိုင်ခဲ့တယ်လို့ပြောရမှာပါ။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ ဒီရာသီ

UEFA Nations League ပြိုင်ပွဲတစ်လျှောက် အုပ်စုတွင်းမှာ

ပေါ်တူဂီ၊ ခရိုအေးရှား၊ ဆွီဒင်တို့လိုခြေစွမ်းမာတဲ့အသင်းတွေနဲ့တစ်အုပ်စုတည်း

ကျခဲ့ပေမယ့် ရှုံးပွဲမရှိမှတ်တမ်းနဲ့နောက်တစ်ဆင့်တက်ခဲ့သလို ပြီးခဲ့တဲ့ဆီမီ

းဖိုင်နယ်ပွဲမှာလည်း ကမ္ဘာ့အဆင့်(၁)ဘယ်လ်ဂျီယံအသင်းကို (၂-၀)ဂိုးနဲ့

ရှုံးနိမ့်နေတာကနေ (၃-၂)ဂိုးနဲ့အနိုင်ပြန်ယူပြီးတော့ ဗိုလ်လုပွဲတက်ခွင့်ရခဲ့တာ

ဖြစ်ပါတယ်။

စပိန်နဲ့ပြင်သစ်နှစ်သင်းစလုံးက,ကစားသမားစုဖွဲ့မှု၊ နည်းပြတွေရဲ့အရည်အသွေး

ပိုင်း ဘာမှကွာခြားမှုမရှိပေမယ့် ဒီနှစ်သင်းဆုံတွေ့ခဲ့တဲ့မှတ်တမ်းကို ပြန်ကြည့်ရင်

ပြင်သစ်အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ရှုံးထွက်(၁၆)သင်းအဆင့်မှာ

စပိန်အသင်းကို(၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း (၁၅)နှစ်တာကာလအတွင်း

အဓိကနိုင်ငံတကာပွဲတွေမှာ စပိန်ကို တစ်ခါမှအနိုင်မရတော့ပါဘူး။

၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ဒီနှစ်သင်းဟာ ပြိုင်ပွဲစုံစုစုပေါင်း(၇)ပွဲဆုံတွေ့ခဲ့ပြီး

ပြင်သစ်အသင်းဟာ ၂၀၁၄ ခြေစမ်းပွဲမှာသာ (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တာကလွဲလို့

(၅)ပွဲအထိရှုံးနိမ့်ခဲ့သလို (၁)ပွဲသရေကျခဲ့ပါတယ်။

ယူရို-၂၀၁၂ ကွာတားဖိုင်နယ်မှာ စပိန်အသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့အပြင်

၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့မှာ

စပိန်အသင်းက အိမ်ကွင်းမှာ(၁-၁)ဂိုး၊ အဝေးကွင်းမှာတော့ (၁-၀)ဂိုးနဲ့

အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်ဟာလည်း သူ့လက်ထက်မှာ စပိန်အသင်းကို

အသာစီးမယူနိုင်သေးဘဲ စုစုပေါင်း(၄)ကြိမ်ဆုံတွေ့ခဲ့တာမှာ (၂)ပွဲရှုံး၊ (၁)ပွဲသရေ၊

(၁)ပွဲသာအနိုင်ရခဲ့တဲ့အတွက် အခုပွဲမှာ စပိန်အသင်းကိုကျော်ဖြတ်ပြနိုင်မလား

ဆိုတာစောင့်ကြည့်ရမှာပါ။

Zawgyi

၂၀၀၆ ခုႏွစ္ေနာက္ပိုင္း စပိန္ကို တစ္ခါမွမႏိုင္ေသးတဲ့ ျပင္သစ္

၂၀၂၀-၂၁ ရာသီ UEFA Nations League ဗိုလ္လုပြဲအျဖစ္ ဥေရာပထိပ္သီး

အသင္းေတြျဖစ္တဲ့ ျပင္သစ္နဲ႔စပိန္အသင္းတို႔ဆုံေတြ႕ေနၿပီး ျပင္သစ္အသင္းမွာ

ဘာေပ၊ ေပ့ါဘာ၊ ဂရစ္ဇ္မန္း၊ ဘန္ဇီမာစတဲ့နာမည္ေက်ာ္ကစားသမားေတြ

ပါဝင္ေနသလို စပိန္အသင္းမွာလည္း ဖာရန္ေတာရက္စ္၊ ဂါဗီ၊

ဘ႐ိုင္ယန္ေဟးလ္တို႔လို အရည္အေသြးျမင့္လူငယ္ၾကယ္ပြင့္ကစားသမား

ေတြရွိေနတာေၾကာင့္ ပြဲကအႀကိတ္အနယ္ရွိမွာအမွန္ပါပဲ။

ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ျပင္သစ္အသင္းဟာ ဗိုလ္စြဲဖို႔အထိ

ေရပန္းစားခဲ့ေပမယ့္ အသင္းတြင္းမွာ စည္းလုံးမႈမရွိျဖစ္ခဲ့တဲ့အျပင္

သာမန္အလယ္အလတ္အသင္းျဖစ္တဲ့ ဆြစ္ဇာလန္ကို ပယ္နယ္တီ

အဆုံးအျဖတ္နဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္ကေန

လွည့္ျပန္ခဲ့ရပါတယ္။

 

စပိန္အသင္းကေတာ့ လူငယ္နဲ႔စီနီယာကစားသမားေတြကို အေကာင္း

ဆုံးေပါင္းစပ္ၿပီး ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့ၿပီးမွာ

ခ်န္ပီယံျဖစ္ခဲ့တဲ့အီတလီအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔

အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ၿပီးခဲ့တဲ့ဆီမီးဖိုင္နယ္ပြဲမွာေတာ့ စပိန္အသင္းက အီတလီ

အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ယူခဲ့တာေၾကာင့္ ယူ႐ိုရႈံးေႂကြး

ျပန္ဆပ္ႏိုင္ခဲ့တယ္လို႔ေျပာရမွာပါ။

၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းဟာ ဒီရာသီ

UEFA Nations League ၿပိဳင္ပြဲတစ္ေလွ်ာက္ အုပ္စုတြင္းမွာ

ေပၚတူဂီ၊ ခ႐ိုေအးရွား၊ ဆြီဒင္တို႔လိုေျခစြမ္းမာတဲ့အသင္းေတြနဲ႔တစ္အုပ္စုတည္း

က်ခဲ့ေပမယ့္ ရႈံးပြဲမရွိမွတ္တမ္းနဲ႔ေနာက္တစ္ဆင့္တက္ခဲ့သလို ၿပီးခဲ့တဲ့ဆီမီ

းဖိုင္နယ္ပြဲမွာလည္း ကမာၻ႔အဆင့္(၁)ဘယ္လ္ဂ်ီယံအသင္းကို (၂-၀)ဂိုးနဲ႔

ရႈံးနိမ့္ေနတာကေန (၃-၂)ဂိုးနဲ႔အႏိုင္ျပန္ယူၿပီးေတာ့ ဗိုလ္လုပြဲတက္ခြင့္ရခဲ့တာ

ျဖစ္ပါတယ္။

 

စပိန္နဲ႔ျပင္သစ္ႏွစ္သင္းစလုံးက,ကစားသမားစုဖြဲ႕မႈ၊ နည္းျပေတြရဲ႕အရည္အေသြး

ပိုင္း ဘာမွကြာျခားမႈမရွိေပမယ့္ ဒီႏွစ္သင္းဆုံေတြ႕ခဲ့တဲ့မွတ္တမ္းကို ျပန္ၾကည့္ရင္

ျပင္သစ္အသင္းဟာ ၂၀၀၆ ကမာၻ႔ဖလားတုန္းက ရႈံးထြက္(၁၆)သင္းအဆင့္မွာ

စပိန္အသင္းကို(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း (၁၅)ႏွစ္တာကာလအတြင္း

အဓိကႏိုင္ငံတကာပြဲေတြမွာ စပိန္ကို တစ္ခါမွအႏိုင္မရေတာ့ပါဘူး။

၂၀၀၆ ကမာၻ႔ဖလားေနာက္ပိုင္း ဒီႏွစ္သင္းဟာ ၿပိဳင္ပြဲစုံစုစုေပါင္း(၇)ပြဲဆုံေတြ႕ခဲ့ၿပီး

ျပင္သစ္အသင္းဟာ ၂၀၁၄ ေျခစမ္းပြဲမွာသာ (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တာကလြဲလို႔

(၅)ပြဲအထိရႈံးနိမ့္ခဲ့သလို (၁)ပြဲသေရက်ခဲ့ပါတယ္။

ယူ႐ို-၂၀၁၂ ကြာတားဖိုင္နယ္မွာ စပိန္အသင္းက (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အျပင္

၂၀၁၄ ကမာၻ႔ဖလားေျခစစ္ပြဲေတြအျဖစ္ အိမ္ကြင္း၊ အေဝးကြင္းႏွစ္ေက်ာ့မွာ

စပိန္အသင္းက အိမ္ကြင္းမွာ(၁-၁)ဂိုး၊ အေဝးကြင္းမွာေတာ့ (၁-၀)ဂိုးနဲ႔

အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္စ္ဟာလည္း သူ႔လက္ထက္မွာ စပိန္အသင္းကို

အသာစီးမယူႏိုင္ေသးဘဲ စုစုေပါင္း(၄)ႀကိမ္ဆုံေတြ႕ခဲ့တာမွာ (၂)ပြဲရႈံး၊ (၁)ပြဲသေရ၊

(၁)ပြဲသာအႏိုင္ရခဲ့တဲ့အတြက္ အခုပြဲမွာ စပိန္အသင္းကိုေက်ာ္ျဖတ္ျပႏိုင္မလား

ဆိုတာေစာင့္ၾကည့္ရမွာပါ။