(၂)နှစ်နီးပါးအတွင်း ဖီးလ်ဂျုံးစ် ပထမဆုံးအဖြစ် ဝုလ်ဗ်နဲ့ပွဲတွင် ပါဝင်ကစားဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ

ဒီညမြန်မာစံတော်ချိန်(၁၂:၀၀)အချိန်မှာ ဝုလ်ဗ်အသင်းနဲ့ကစားမယ့်

ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာဖြစ်ပြီး ၀ါရင့်နောက်ခံလူဖီးလ်ဂျုံးစ်

အသင်းအတွက် ပြန်လည်ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ၂၀၂၀၊ ဇန်နဝါရီ (၂၂)ရက်က ဘန်လေအသင်းကို(၂-၀)ဂိုးနဲ့

ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး

ပြိုင်ပွဲစုံမှာတော့ ဇန်နဝါရီ(၂၆)ရက်မှာ ထရန်မဲယားကို (၆-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့

FA ဖလားပွဲနောက်ပိုင်းကတည်းက ဒူးဒဏ်ရာကြောင့်

အနားယူခဲ့ရတာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က

ဘန်လေအသင်းကို(၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့်

ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး သူ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့

အတိအကျမသိရသေးပေမယ့် ဝုလ်ဗ်နဲ့ပွဲကို လွဲချော်ဖို့က သေချာနေပါပြီ။

ယူနိုက်တက်ခံစစ်မှာ လင်ဒီလော့ဖ်က ကိုဗစ်ကူးစက်ခံထားရသလို

ဘန်လေနဲ့ပွဲတုန်းက ဒုတိယပိုင်းမှာ ဘာယီ ဒဏ်ရာရရှိခဲ့တာကြောင့်

လူစားလဲခံခဲ့ရတဲ့အတွက် အခုလောလောဆယ် ဒဏ်ရာက

ပြန်လည်သက်သာလာတဲ့ ဗာရန်းတစ်ယောက်သာရှိနေတာပါ။

အဲဒါကြောင့် (၂)နှစ်နီးပါး ပွဲကစားခွင့်နဲ့ဝေးနေတဲ့ ဖီးလ်ဂျုံးစ်တစ်ယောက်

ပထမဆုံးအဖြစ် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ခြေပြန်ချခွင့်ရမလားဆိုတာ

စောင့်ကြည့်ရမှာဖြစ်ပြီး ဖီးလ်ဂျုံးစ်ဟာ နောဝစ်ချ်၊ နယူးကာဆယ်တို့နဲ့ပွဲမှာလည်း

အသင်းလူစာရင်းမှာပါဝင်ခဲ့ပေမယ့် ပွဲကစားခွင့်မရခဲ့ပါဘူး။

နောက်တစ်ချက်က ယူနိုက်တက်အသင်းယာယီနည်းပြရန်နစ်ခ်အနေနဲ့

ထုံးစံအတိုင်း မာတစ်ကို ခံစစ်အတွင်းလူနေရာမှာ အသုံးပြုပြီး

ဗာရန်းနဲ့တွဲဖက်ကစားခိုင်းဖို့လည်းရှိနေပါတယ်။

zawgyi

(၂)ႏွစ္နီးပါးအတြင္း ဖီးလ္ဂ်ဳံးစ္ ပထမဆုံးအျဖစ္ ဝုလ္ဗ္နဲ႔ပြဲတြင္ ပါဝင္ကစားဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ

ဒီညျမန္မာစံေတာ္ခ်ိန္(၁၂:၀၀)အခ်ိန္မွာ ဝုလ္ဗ္အသင္းနဲ႔ကစားမယ့္

ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ၀ါရင့္ေနာက္ခံလူဖီးလ္ဂ်ဳံးစ္

အသင္းအတြက္ ျပန္လည္ပါဝင္ကစားႏိုင္ဖို႔ရွိေနပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာ ၂၀၂၀၊ ဇန္နဝါရီ (၂၂)ရက္က ဘန္ေလအသင္းကို(၂-၀)ဂိုးနဲ႔

ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီး

ၿပိဳင္ပြဲစုံမွာေတာ့ ဇန္နဝါရီ(၂၆)ရက္မွာ ထရန္မဲယားကို (၆-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

FA ဖလားပြဲေနာက္ပိုင္းကတည္းက ဒူးဒဏ္ရာေၾကာင့္

အနားယူခဲ့ရတာျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က

ဘန္ေလအသင္းကို(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ေပမယ့္

ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ၿပီး သူ႔ဒဏ္ရာအေျခအေနနဲ႔ပတ္သက္လို႔

အတိအက်မသိရေသးေပမယ့္ ဝုလ္ဗ္နဲ႔ပြဲကို လြဲေခ်ာ္ဖို႔က ေသခ်ာေနပါၿပီ။

ယူႏိုက္တက္ခံစစ္မွာ လင္ဒီေလာ့ဖ္က ကိုဗစ္ကူးစက္ခံထားရသလို

ဘန္ေလနဲ႔ပြဲတုန္းက ဒုတိယပိုင္းမွာ ဘာယီ ဒဏ္ရာရရွိခဲ့တာေၾကာင့္

လူစားလဲခံခဲ့ရတဲ့အတြက္ အခုေလာေလာဆယ္ ဒဏ္ရာက

ျပန္လည္သက္သာလာတဲ့ ဗာရန္းတစ္ေယာက္သာရွိေနတာပါ။

အဲဒါေၾကာင့္ (၂)ႏွစ္နီးပါး ပြဲကစားခြင့္နဲ႔ေဝးေနတဲ့ ဖီးလ္ဂ်ဳံးစ္တစ္ေယာက္

ပထမဆုံးအျဖစ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း ေျချပန္ခ်ခြင့္ရမလားဆိုတာ

ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဖီးလ္ဂ်ဳံးစ္ဟာ ေနာဝစ္ခ်္၊ နယူးကာဆယ္တို႔နဲ႔ပြဲမွာလည္း

အသင္းလူစာရင္းမွာပါဝင္ခဲ့ေပမယ့္ ပြဲကစားခြင့္မရခဲ့ပါဘူး။

ေနာက္တစ္ခ်က္က ယူႏိုက္တက္အသင္းယာယီနည္းျပရန္နစ္ခ္အေနနဲ႔

ထုံးစံအတိုင္း မာတစ္ကို ခံစစ္အတြင္းလူေနရာမွာ အသုံးျပဳၿပီး

ဗာရန္းနဲ႔တြဲဖက္ကစားခိုင္းဖို႔လည္းရွိေနပါတယ္။