၂ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်မှုအတွက် ကံကြမ္မာကို ယိုးမယ်ဖွဲ့လိုက်တဲ့ မန်ချီနီ

အီတလီအသင်းနည်းပြ ရောဘတ်တိုမန်ချီနီက မြောက်မက်ဆီဒိုးနီးယားကို

အရေးနိမ့်ခဲ့ရမှုက ဆိုးရွားတဲ့ ကံကြမ္မာကြောင့်ဖြစ်တယ်လို့
အကြောင်းပြချက်ပေးလာပြီး သူ့ရဲ့အနာဂတ်နဲ့
ပတ်သက်လို့လည်း မတင်မကျပြောသွားပါတယ်။
ယူရို ၂၀၂၀ ချန်ပီယံ အီတလီဟာ အိမ်ကွင်းမှာပဲ မြောက်မက်ဆီဒိုးနီးယားကို
ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို

နောက်ဆုံး ၂ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်တော့ဘဲ
နည်းပြ မန်ချီနီလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အီတလီဟာ တစ်ပွဲလုံးနီးပါးဖိအားပေးကစားနိုင်ခဲ့ပေမယ့်
ဂိုးပေါက်ကန်သွင်းချက် ၃၂ကြိမ်အနက် ၅ကြိမ်ပဲ
ဂိုးပေါက်တည့်ခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့နာကျင်အချိန်ပိုဂိုးကြောင့်

အိမ်ကွင်းပရိသတ်ရှေ့မှာပဲ အသည်းကွဲခဲ့ရပါတယ်။
သူ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းလာမှုကို
မန်ချီနီက ”ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။
ဒီအချိန်မှာ အနာဂတ်အကြောင်းပြောဖို့အတွက်
အားလုံး အရမ်းစိတ်ပျက်နေမယ်လို့ထင်ပါတယ်”လို့ ပြောပါတယ်။

အီတလီဟာ အုပ်စုအဆင့်မှာ အုပ်စုပထမအဖြစ်
တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်ခဲ့ပေမယ့်
နောက်ဆုံး ၅ပွဲမှာ ၄ပွဲအထိ သရေကျခဲ့တာကြောင့်
ဆွစ်ဇာလန်အသင်းရဲ့ကျော်ဖြတ်ခြင်းခံခဲ့ရပါတယ်။
အီတလီဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်မှုကို

အကောင်းဆုံးမေ့ဖျောက်နိုင်မှုအဖြစ်
ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ပြီး ၁နှစ်မပြည့်ခင်မှာပဲ
နောက်ထပ်ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမဲ့ မန်ချီနီက ဒီတစ်ခါ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့
လွဲချော်ခဲ့ရတာက အရည်အသွေးပိုင်းထက်

ဆိုးရွားတဲ့ကံကြမ္မာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
”ကျွန်တော့်ဘဝမှာ အံ့အားသင့်စရာအကောင်းဆုံး
ဖြစ်ရပ်အဖြစ် ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ခဲ့ပေမယ့်
ဒီဖြစ်ရပ်က ကျွန်တော့်ဘဝရဲ့စိတ်ပျက်စရာ
အကောင်းဆုံးဖြစ်ရပ်ပါပဲ။ ကျွန်တော်တို့ဘက်က

ဘာမှ သွားပြောလို့မရပါဘူး။ ဒါက ဘောလုံးလောကပါ။
အခု ခြေစစ်ပွဲမအောင်မြင်ခဲ့တာက ကံဆိုးလို့ပါ။
ကစားသမားတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်”လို့
မန်ချီနီက ပြောပါတယ်။

Zawgyi

၂ႀကိမ္ဆက္ ကမၻာ့ဖလားေျခစစ္ပြဲမေအာင္ျမင္မႈအတြက္ ကံၾကမၼာကို ယိုးမယ္ဖြဲ႕လုိက္တဲ့ မန္ခ်ီနီ
အီတလီအသင္းနည္းျပ ေရာဘတ္တိုမန္ခ်ီနီက ေျမာက္မက္ဆီဒိုးနီးယားကို
အေရးနိမ့္ခဲ့ရမႈက ဆိုးရြားတဲ့ ကံၾကမၼာေၾကာင့္ျဖစ္တယ္လုိ႔

အေၾကာင္းျပခ်က္ေပးလာၿပီး သူ႕ရဲ႕အနာဂတ္နဲ႔
ပတ္သက္လုိ႔လည္း မတင္မက်ေျပာသြားပါတယ္။
ယူရို ၂၀၂၀ ခ်န္ပီယံ အီတလီဟာ အိမ္ကြင္းမွာပဲ ေျမာက္မက္ဆီဒိုးနီးယားကို
၀-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရလုိ႔ ကမၻာ့ဖလားၿပိဳင္ပဲြကို
ေနာက္ဆုံး ၂ႀကိမ္ဆက္ ေျခစစ္ပြဲမေအာင္ျမင္ေတာ့ဘဲ

နည္းျပ မန္ခ်ီနီလည္း ဖိအားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
အီတလီဟာ တစ္ပြဲလုံးနီးပါးဖိအားေပးကစားႏုိင္ခဲ့ေပမယ့္
ဂိုးေပါက္ကန္သြင္းခ်က္ ၃၂ႀကိမ္အနက္ ၅ႀကိမ္ပဲ
ဂိုးေပါက္တည့္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းရဲ႕နာက်င္အခ်ိန္ပိုဂိုးေၾကာင့္
အိမ္ကြင္းပရိသတ္ေရွ႕မွာပဲ အသည္းကြဲခဲ့ရပါတယ္။

သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ေမးျမန္းလာမႈကို
မန္ခ်ီနီက ”ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ၾကတာေပါ့။
ဒီအခ်ိန္မွာ အနာဂတ္အေၾကာင္းေျပာဖို႔အတြက္
အားလုံး အရမ္းစိတ္ပ်က္ေနမယ္လုိ႔ထင္ပါတယ္”လုိ႔ ေျပာပါတယ္။
အီတလီဟာ အုပ္စုအဆင့္မွာ အုပ္စုပထမအျဖစ္

တိုက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ဖို႔ နီးစပ္ခဲ့ေပမယ့္
ေနာက္ဆုံး ၅ပြဲမွာ ၄ပြဲအထိ သေရက်ခဲ့တာေၾကာင့္
ဆြစ္ဇာလန္အသင္းရဲ႕ေက်ာ္ျဖတ္ျခင္းခံခဲ့ရပါတယ္။
အီတလီဟာ ၂၀၁၈ ရုရွားကမၻာ့ဖလားေျခစစ္ပြဲမေအာင္ျမင္မႈကို
အေကာင္းဆုံးေမ့ေဖ်ာက္ႏိုင္မႈအျဖစ္

ယူရို ၂၀၂၀ မွာ ခ်န္ပီယံျဖစ္ၿပီး ၁ႏွစ္မျပည့္ခင္မွာပဲ
ေနာက္ထပ္ဆုိးရြားမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။
ဒါေပမ့ဲ မန္ခ်ီနီက ဒီတစ္ခါ ကမၻာ့ဖလား၀င္ခြင့္နဲ႔
လြဲေခ်ာ္ခဲ့ရတာက အရည္အေသြးပိုင္းထက္
ဆုိးရြားတဲ့ကံၾကမၼာေၾကာင့္ျဖစ္တယ္လုိ႔ ဆုိပါတယ္။

”ကၽြန္ေတာ့္ဘ၀မွာ အံ့အားသင့္စရာအေကာင္းဆုံး
ျဖစ္ရပ္အျဖစ္ ယူရို ၂၀၂၀ မွာ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္
ဒီျဖစ္ရပ္က ကၽြန္ေတာ့္ဘ၀ရဲ႕စိတ္ပ်က္စရာ
အေကာင္းဆုံးျဖစ္ရပ္ပါပဲ။ ကၽြန္ေတာ္တုိ႔ဘက္က
ဘာမွ သြားေျပာလုိ႔မရပါဘူး။ ဒါက ေဘာလုံးေလာကပါ။

အခု ေျခစစ္ပြဲမေအာင္ျမင္ခဲ့တာက ကံဆုိးလုိ႔ပါ။
ကစားသမားေတြအတြက္လည္း စိတ္မေကာင္းျဖစ္မိပါတယ္”လုိ႔
မန္ခ်ီနီက ေျပာပါတယ္။