





ဘလွန်းဒီအော်စံချိန်ရှင် မက်ဆီဟာ ၁၆ သင်းအဆင့်မှာ အာဂျင်တီးနားကို
ဦးဆောင်ပြီး သြစတြေးလျကိုရင်ဆိုင်ဖို့ရှိနေပါတယ်။ ဒီလိုအချိန်မှာ မက်ဆီက





သြစတြေးလျကိုယ်စားပြုအနေနဲ့ အာဂျင်တီးနားကိုယှဉ်ပြိုင်ရနိုင်တဲ့ဘက်မှာ
ရှိခဲ့ဖူးတယ်လို့ အံ့အားသင့်ဖွယ်သတင်းထွက်လာခဲ့တယ်။
အာဂျင်တီးနားပြည်သူတစ်ရပ်လုံးက မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားမှာ





အောင်မြင်မှုနဲ့အဆုံးသတ်နိုင်ပါစေလို့ ဝိုင်းဝန်းဆုတောင်းနေကြပေမဲ့
‘Messi: The Definitive Biography’ စာအုပ်ကိုရေးသားခဲ့တဲ့





ဂျာနယ်လစ်ဘာလာဂီက ပီအက်စ်ဂျီကြယ်ပွင့်ဟာ သြဇီသားဖြစ်သွားနိုင်တဲ့
အကြောင်းအရင်းတစ်ခုကိုဖွင့်ချလိုက်တာဖြစ်တယ်။ ၁၉၈၀ နောက်ပိုင်း
ခုနှစ်တွေမှာ အာဂျင်တီးနားနိုင်ငံက စီးပွားရေးချွတ်ခြုံကျခဲ့ပြီး





ဂျော်ဂျီ ဦးဆောင်တဲ့ မက်ဆီတို့မိသားစုဟာ ရွှေ့ပြောင်းလုပ်သားအနေနဲ့
အောက်ဘက်အခြမ်းကိုဆင်းလာဖို့ရှိနေခဲ့တာပါ။ ဂျာနယ်လစ် ဘာလာဂီက





“အာဂျင်တီးနားနိုင်ငံရဲ့ငွေကြေးတန်ဖိုးကျဆင်းသွားတဲ့နောက်
အကျပ်အတည်းဖြစ်ခဲ့ကြတယ်။ နိုင်ငံတွင်းမှာ အလုပ်မရှိတော့ဘူး။
အာဂျင်တိုင်းသားတွေဟာ ဥရောပနဲ့ အခြားနိုင်ငံအသီးသီးကို





ကာလအတန်ကြာပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ မက်ဆီရဲ့ဖခင်ဟာ
သြစတြေးလျမှာအခြေချနေထိုင်ဖို့စိတ်ကူးရှိတဲ့ လူတစ်ယောက်နဲ့





စကားစမြည်ပြောခဲ့တယ်။ ပြဿနာတွေကိုဖြေရှင်းရတော့မယ်ဆိုတဲ့အချိန်မှာ
ဘယ်သွားရမလဲဆိုတာကအရေးမကြီးတော့ဘူး။ သြစတြေးလျကို
ရောက်လာတဲ့လူတိုင်းကလည်း ဒီအကြောင်းကိုသိပြီးသားဖြစ်တယ်” လို့





ဖွင့်ဟလိုက်ပါတယ်။ နောက်ဆုံးတော့ မက်ဆီရဲ့ဖခင်ဟာ ရိုဆာရီယိုမှာ
ဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီး ၁၉၈၇ ဇွန်လ ၂၄ ရက်မှာတော့ ကမ္ဘာ့ဘောလုံး





လောကမှာဘုရင်တစ်ဆူဖြစ်လာမယ့် မက်ဆီကိုမွေးဖွားခဲ့တာဖြစ်တယ်။
လက်ရှိမှာတော့ အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ်ရှိနေတဲ့
မက်ဆီဟာ လက်ရွေးစင်အသင်းအတွက် ၁၆၈ ပွဲ ကစားပေးထားပြီး ၉၃ဂိုး သွင်းပေးထားနိုင်ပါတယ်။





zawgyi





၁၆ သင္းအဆင့္မွာ အာဂ်င္တီးနားက မက္ဆီကိုၿပိဳင္ဘက္အျဖစ္ရင္ဆိုင္ရႏိုင္တဲ့ အေၾကာင္းအရင္းရွိခဲ့တယ္
ဘလြန္းဒီေအာ္စံခ်ိန္ရွင္ မက္ဆီဟာ ၁၆ သင္းအဆင့္မွာ အာဂ်င္တီးနားကို
ဦးေဆာင္ၿပီး ၾသစေၾတးလ်ကိုရင္ဆိုင္ဖို႔ရွိေနပါတယ္။ ဒီလိုအခ်ိန္မွာ မက္ဆီက





ၾသစေၾတးလ်ကိုယ္စားျပဳအေနနဲ႔ အာဂ်င္တီးနားကိုယွဥ္ၿပိဳင္ရႏိုင္တဲ့ဘက္မွာ
ရွိခဲ့ဖူးတယ္လို႔ အံ့အားသင့္ဖြယ္သတင္းထြက္လာခဲ့တယ္။





အာဂ်င္တီးနားျပည္သူတစ္ရပ္လုံးက မက္ဆီရဲ႕ေနာက္ဆုံးကမာၻ႔ဖလားမွာ
ေအာင္ျမင္မႈနဲ႔အဆုံးသတ္ႏိုင္ပါေစလို႔ ဝိုင္းဝန္းဆုေတာင္းေနၾကေပမဲ့
‘Messi: The Definitive Biography’ စာအုပ္ကိုေရးသားခဲ့တဲ့





ဂ်ာနယ္လစ္ဘာလာဂီက ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ၾသဇီသားျဖစ္သြားႏိုင္တဲ့
အေၾကာင္းအရင္းတစ္ခုကိုဖြင့္ခ်လိုက္တာျဖစ္တယ္။ ၁၉၈၀ ေနာက္ပိုင္း





ခုႏွစ္ေတြမွာ အာဂ်င္တီးနားႏိုင္ငံက စီးပြားေရးခြၽတ္ၿခဳံက်ခဲ့ၿပီး
ေဂ်ာ္ဂ်ီ ဦးေဆာင္တဲ့ မက္ဆီတို႔မိသားစုဟာ ေ႐ႊ႕ေျပာင္းလုပ္သားအေနနဲ႔
ေအာက္ဘက္အျခမ္းကိုဆင္းလာဖို႔ရွိေနခဲ့တာပါ။ ဂ်ာနယ္လစ္ ဘာလာဂီက





“အာဂ်င္တီးနားႏိုင္ငံရဲ႕ေငြေၾကးတန္ဖိုးက်ဆင္းသြားတဲ့ေနာက္
အက်ပ္အတည္းျဖစ္ခဲ့ၾကတယ္။ ႏိုင္ငံတြင္းမွာ အလုပ္မရွိေတာ့ဘူး။





အာဂ်င္တိုင္းသားေတြဟာ ဥေရာပနဲ႔ အျခားႏိုင္ငံအသီးသီးကို
ကာလအတန္ၾကာေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကတယ္။ မက္ဆီရဲ႕ဖခင္ဟာ
ၾသစေၾတးလ်မွာအေျခခ်ေနထိုင္ဖို႔စိတ္ကူးရွိတဲ့ လူတစ္ေယာက္နဲ႔





စကားစျမည္ေျပာခဲ့တယ္။ ျပႆနာေတြကိုေျဖရွင္းရေတာ့မယ္ဆိုတဲ့အခ်ိန္မွာ
ဘယ္သြားရမလဲဆိုတာကအေရးမႀကီးေတာ့ဘူး။ ၾသစေၾတးလ်ကို





ေရာက္လာတဲ့လူတိုင္းကလည္း ဒီအေၾကာင္းကိုသိၿပီးသားျဖစ္တယ္” လို႔
ဖြင့္ဟလိုက္ပါတယ္။ ေနာက္ဆုံးေတာ့ မက္ဆီရဲ႕ဖခင္ဟာ ႐ိုဆာရီယိုမွာ
ဆက္ေနဖို႔ဆုံးျဖတ္ခဲ့ၿပီး ၁၉၈၇ ဇြန္လ ၂၄ ရက္မွာေတာ့ ကမာၻ႔ေဘာလုံး





ေလာကမွာဘုရင္တစ္ဆူျဖစ္လာမယ့္ မက္ဆီကိုေမြးဖြားခဲ့တာျဖစ္တယ္။
လက္ရွိမွာေတာ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္အျဖစ္ရွိေနတဲ့





မက္ဆီဟာ လက္ေ႐ြးစင္အသင္းအတြက္ ၁၆၈ ပြဲ ကစားေပးထားၿပီး ၉၃ဂိုး သြင္းေပးထားႏိုင္ပါတယ္။