၁၅ မိနစ်လောက် ကောင်းရုံလေးနဲ့ မန်ယူက ဗီလာကို အနိုင်ရခဲ့တာဆိုတဲ့ အမ်မရီ
မန်ယူက ဗီလာကို ၄-၂ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ အိမ်ရှင်အသင်းဟာ ၁၅ မိနစ်လောက် ကောင်းခဲ့ရုံနဲ့တင် အနိုင်ရခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဗီလာက
ပိုပြီးတောင့်တင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ နည်းပြ အူ နိုင်းအမ်မရီက ပြောဆိုလိုက်ပါတယ်။ မန်ယူူဟာ အဲဒီပွဲစဉ်မှာ နောက်ကနေ လိုက်ကစားခဲ့ရတဲ့အသင်းဖြစ်ပြီး ဗီလာက
ဦးဆောင်ဂိုး အရင်သွင်းခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြ တန်ဟတ်ရဲ့ အသင်းဟာ ဒုတိယပိုင်းမှာ ထိရောက်နည်း နည်းဗျူဟာ အပြောင်းအလဲတွေကြောင့် ဗီလာရဲ့
အားနည်း ချက်တွေကို အသာစီးရယူနိုင်ခဲ့ပြီး အခုလိုမျိုး နိုင်ပွဲ ရယူသွားခဲ့တာဖြစ်ပါ တယ်။ ဒါကြောင့် ဒီပွဲမှာ မန်ယူဟာ နိုင်ပွဲရအောင် ဘယ်လိုမျိုး အသုံးချသွား တယ်ဆိုတာကို
အမ်မရီက ရှင်းပြခဲ့ပါတယ်။ ‘’ကျွန်တော်တို့အသင်းရဲ့ စွမ်း ဆောင်ရည်နဲ့ပတ်သက်ပြီး ပွဲချိန် ၇၅ မိနစ်လောက်အထိ ကျွန်တော် ကျေနပ် ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့ ခံစစ်ကတောင့်တင်းမှုရှိခဲ့တယ်။
ဘောလုံးနဲ့အတူ ရှိနေချိန်မှာ ကျွန်တော်တို့ တည်ငြိမ်ဖို့ လိုတယ်။ ဘောလုံး ပိုင်ဆိုင်မှုတွေ ရဖို့လည်း လိုအပ်တယ်။ နောက်ပြီး ဖိကစားလာတာကိုလည်း တိုက်ဖျက်ပစ်ရမယ်။
ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ ကောင်းခဲ့တာပါပဲ။ တိုက်စစ်ပိုင်းမှာ ကျွန်တော်တို့ ရွေးချယ်စရာတွေ ရှိခဲ့ပြီး ၂ ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ဂိုးတွေ မြန်မြန်ဆန်ဆန်
သွင်းလိုက်ချိန်မှာ ကျွန် တော်တို့ရဲ့ ခံစစ်ကို ပိတ်ဖို့အတွက် လိုအပ်ခဲ့တာပါ။ ပွဲကို ဖွင့်ပြီး မကစားဖို့ လိုအပ်ခဲ့တာပါ။ သူတို့ ကျွန်တော်တို့ထက် ပိုကောင်းတာက ၁၅ မိနစ်လောက် ပဲ ရှိပါတယ်။
ဒီမှာ လုပ်ခဲ့တဲ့ ကောင်းတဲ့အချက်တွေအပေါ်မှာ ကျွန်တော်တို့ စိတ်ထားတတ်ရမယ်။ နောက်ဆုံးမိနစ်တွေမှာသာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်က ပြိုလဲသွားခဲ့တာပါ။
ကျွန်တော်တို့ရဲ့ စိန်ခေါ်နိုင်စွမ်းကတော့ တသမတ် တည်းရှိခဲ့ပါတယ်’’ လို့ အမ်မရီက Sky Sport သတင်းဌာနကို ပြောဆိုသွားခဲ့ ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဗီလာဟာ မန်ယူကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမ်မရီဟာလည်း သူ့ရဲ့ ဗီလာနည်းပြ ဘဝကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။
(Zawgyi)
၁၅ မိနစ်လောက် ကောင်းရုံလေးနဲ့ မန်ယူက အနိုင်ရခဲ့တာဆိုတဲ့ အမ်မရီ