
အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မိုက်ကယ် ကာရစ်ဟာ
ယာယီနည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူတာဝန်ယူခဲ့တဲ့
ပွဲစဉ် (၃)ပွဲလုံးကို (၂)ပွဲနိုင် (၁)ပွဲသရေ ရှုံးပွဲမရှိကိုင်တွယ်သွားခဲ့ပါတယ်။
ယူနိုက်တက်မှာ ယာယီနည်းပြ အနေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့
မိုက်ကယ်ကာရစ်ဟာ အသစ်ရောက်လာတဲ့နည်းပြ ရန်းနစ်ရဲ့
လက်အောက်မှာ ဆက်လက်ပြီး လက်ထောက်အနေနဲ့ ဆက်လက်လုပ်ကိုင်ဖို့
ဆန္ဒမရှိတော့တာကြောင့် ပွဲအပြီးမှာ သူက ကစားသမားဘဝကနေ
နည်းပြဖြစ်လာတဲ့အထိ ၁၅နှစ်ကြာအတူရှိနေခဲ့တဲ့ ယူနိုက်တက်အသင်းဆီကနေ
အပြီးတိုင်ထွက်ခွာသွားခဲ့ပြီလို့ကြေငြာခဲ့ပါတယ်။
သူက ” လွန်ခဲ့တဲ့(၅)မိနစ်လောက်ကကျွန်တော်ဒီကထွက်ခွာသွားတော့မယ့်
အကြောင်းကို ကစားသမားတွေနဲ့ ပြောခဲ့ပြီးပါပြီ။ သူတို့လည်း
အတော်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မှတ်တမ်းကောင်းအတွက်
နည်းပြအဖွဲ့ဝင်တွေအားလုံးကိုကျေးဇူးတင်ချင်ပါတယ်။
ကျွန်တော် လွန်ခဲ့တဲ့ ၁၅နှစ်က ယူနိုက်တက်အသင်းဆီ လက်မှတ်ရေးထိုးခဲ့ချိန်ကစပြီး
ဒီလောက် ဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့မယ်လို့ မထင်မိပါဘူး။
အသင်းမှာ ကစားသမားဘဝကနေ နည်းပြအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့အထိ
အကောင်းဆုံးအမှတ်တရတွေကို မေ့နိုင်မှာ မဟုတ်ပါဘူး။
ဒီအသင်းမှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ အချိန်အတော်ကြာ အလုပ်အတူတူခဲ့ရတာ
ပျော်ဖို့ကောင်းခဲ့သလို ကြာရှည်စွာတည်ရှိခဲ့တဲ့ ရင်းနှီးမှုတွေရခဲ့ပါတယ်။
ကျွန်တော်က အမြဲတမ်း ယူနိုက်တက် ပရိသတ်ဖြစ်နေမှာပါ။
ယူနိုက်တက်ရဲ့ပွဲတွေကိုလည်း ပွဲကြည့်စင်ကနေ ပရိသတ်တွေနဲ့အတူ လာကြည့်ဖြစ်နေအုံးမှာပါ။
ကျွန်တော်ကစားသမားဘဝကနေ နားကတည်းက မိသားစုကို အချိန်ပေးမယ်လို့
ကတိပေးခဲ့ဖူးထားတာကြောင့် ဒီအချိန်ဟာသူတို့နဲ့အတူရှိနေဖို့ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။
ရိုးရိုးသားသားပြောရရင် ဒါကလွယ်တဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့်
မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်ကျေနပ်ပါတယ်။
ကျွန်တော် ဒီအသင်းနဲ့ အသစ်ရောက်လာတဲ့ နည်းပြအပေါ်မှာလည်း
လေးစားမှုရှိပါတယ်။ ကျွန်တော် သူနဲ့ စကားမပြောရခင်မှာ ဒီဆုံးဖြတ်ချက်ချခဲ့တာပါ။
နည်းပြသစ် ရန်းနစ်နဲ့ နည်းပြအဖွဲ့တွေ၊ အသင်းရဲ့ ဝန်ထမ်းတွေ၊
ကစားသမားတွေ လည်း ကံကောင်းတဲ့ အနာဂတ်တွေကို ရရှိပါစေလို့
ဆုတောင်းပေးခဲ့ပါတယ်။ ပရိသတ်တွေအားလုံးအပါအဝင်ပေါ့”
zawgyi
၁၅ႏွစ္ၾကာအတူရွိေနခဲ့တဲ့ ယူႏိုက္တက္အသင္းဆီကေန အၿပီးတိုင္ထြက္ခြာသြားခဲ့ မိုက္ကယ္ ကာရစ္
အာဆင္နယ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ မိုက္ကယ္ ကာရစ္ဟာ
ယာယီနည္းျပရာထူးကေန ႏႈတ္ထြက္ခဲ့ပါတယ္။ သူတာဝန္ယူခဲ့တဲ့
ပြဲစဥ္ (၃)ပြဲလုံးကို (၂)ပြဲႏိုင္ (၁)ပြဲသေရ ရႈံးပြဲမရွိကိုင္တြယ္သြားခဲ့ပါတယ္။
ယူႏိုက္တက္မွာ ယာယီနည္းျပ အေနနဲ႔ ေဆာင္႐ြက္ေပးခဲ့တဲ့
မိုက္ကယ္ကာရစ္ဟာ အသစ္ေရာက္လာတဲ့နည္းျပ ရန္းနစ္ရဲ႕
လက္ေအာက္မွာ ဆက္လက္ၿပီး လက္ေထာက္အေနနဲ႔ ဆက္လက္လုပ္ကိုင္ဖို႔
ဆႏၵမရွိေတာ့တာေၾကာင့္ ပြဲအၿပီးမွာ သူက ကစားသမားဘဝကေန
နည္းျပျဖစ္လာတဲ့အထိ ၁၅ႏွစ္ၾကာအတူရွိေနခဲ့တဲ့ ယူႏိုက္တက္အသင္းဆီကေန
အၿပီးတိုင္ထြက္ခြာသြားခဲ့ၿပီလို႔ေၾကျငာခဲ့ပါတယ္။
သူက ” လြန္ခဲ့တဲ့(၅)မိနစ္ေလာက္ကကြၽန္ေတာ္ဒီကထြက္ခြာသြားေတာ့မယ့္
အေၾကာင္းကို ကစားသမားေတြနဲ႔ ေျပာခဲ့ၿပီးပါၿပီ။ သူတို႔လည္း
အေတာ္စိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။ ကြၽန္ေတာ့္ရဲ႕ မွတ္တမ္းေကာင္းအတြက္
နည္းျပအဖြဲ႕ဝင္ေတြအားလုံးကိုေက်းဇူးတင္ခ်င္ပါတယ္။
ကြၽန္ေတာ္ လြန္ခဲ့တဲ့ ၁၅ႏွစ္က ယူႏိုက္တက္အသင္းဆီ လက္မွတ္ေရးထိုးခဲ့ခ်ိန္ကစၿပီး
ဒီေလာက္ ဖလားေတြ အမ်ားႀကီး ဆြတ္ခူးႏိုင္ခဲ့မယ္လို႔ မထင္မိပါဘူး။
အသင္းမွာ ကစားသမားဘဝကေန နည္းျပအဖြဲ႕ဝင္ျဖစ္လာခဲ့တဲ့အထိ
အေကာင္းဆုံးအမွတ္တရေတြကို ေမ့ႏိုင္မွာ မဟုတ္ပါဘူး။
ဒီအသင္းမွာရွိေနတဲ့ ဝန္ထမ္းေတြနဲ႔ အခ်ိန္အေတာ္ၾကာ အလုပ္အတူတူခဲ့ရတာ
ေပ်ာ္ဖို႔ေကာင္းခဲ့သလို ၾကာရွည္စြာတည္ရွိခဲ့တဲ့ ရင္းႏွီးမႈေတြရခဲ့ပါတယ္။
ကြၽန္ေတာ္က အၿမဲတမ္း ယူႏိုက္တက္ ပရိသတ္ျဖစ္ေနမွာပါ။ ယူႏိုက္တက္ရဲ႕
ပြဲေတြကိုလည္း ပြဲၾကည့္စင္ကေန ပရိသတ္ေတြနဲ႔အတူ လာၾကည့္ျဖစ္ေနအုံးမွာပါ။
ကြၽန္ေတာ္ကစားသမားဘဝကေန နားကတည္းက မိသားစုကို အခ်ိန္ေပးမယ္လို႔
ကတိေပးခဲ့ဖူးထားတာေၾကာင့္ ဒီအခ်ိန္ဟာသူတို႔နဲ႔အတူရွိေနဖို႔ အေကာင္းဆုံးျဖစ္မယ္လို႔ထင္ပါတယ္။
႐ိုး႐ိုးသားသားေျပာရရင္ ဒါကလြယ္တဲ့ဆုံးျဖတ္ခ်က္မဟုတ္ေပမယ့္
မွန္ကန္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီဆုံးျဖတ္ခ်က္အတြက္ ကြၽန္ေတာ္ေက်နပ္ပါတယ္။
ကြၽန္ေတာ္ ဒီအသင္းနဲ႔ အသစ္ေရာက္လာတဲ့ နည္းျပအေပၚမွာလည္း
ေလးစားမႈရွိပါတယ္။ ကြၽန္ေတာ္ သူနဲ႔ စကားမေျပာရခင္မွာ ဒီဆုံးျဖတ္ခ်က္ခ်ခဲ့တာပါ။
နည္းျပသစ္ ရန္းနစ္နဲ႔ နည္းျပအဖြဲ႕ေတြ၊ အသင္းရဲ႕ ဝန္ထမ္းေတြ၊
ကစားသမားေတြ လည္း ကံေကာင္းတဲ့ အနာဂတ္ေတြကို ရရွိပါေစလို႔
ဆုေတာင္းေပးခဲ့ပါတယ္။ ပရိသတ္ေတြအားလုံးအပါအဝင္ေပါ့”