၁၄ နှစ်ကြာကျင်လည်ခဲ့တဲ့ ယူနိုက်တက်ကနေ ထွက်ခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြောလာတဲ့ ဂိုမက်စ်

ယူနိုက်တက်လူငယ်ကြယ်ပွင့်ဟောင်း အိန်ဂျယ်ဂိုမက်စ်က

မိမိအနေနဲ့ ၂၀၂၀ ဇွန်လက နောက်ဆုံးအကြိမ်အဖြစ်
အသင်းရဲ့ကာရင်တန်ထရိန်နင်စင်တာကနေ
ထွက်ခွာခဲ့စဉ်က စိတ်ခံစားချက်တွေကို
မထိန်းနိုင်ခဲ့ဘူးလို့ ဝန်ခံပါတယ်။
အသက် ၆နှစ်အရွယ်၂၀၀၆ ခုနှစ်က

ယူနိုက်တက်ကို စတင်ရောက်လာခဲ့တဲ့
ဂိုမက်စ်ဟာ အသင်းဘက်က
လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့
ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။
ယူနိုက်တက်က ဂိုမက်စ်ကို

ဆက်လက်ထိန်းထားဖို့ ကြိုးစားခဲ့ပြီး
ထိုစဉ်က နည်းပြ ဆိုးလ်ရှားကိုယ်တိုင်က
ထိပ်တန်းလူငယ်သမားလေးအဖြစ်
သတ်မှတ်ချီးကျူးခဲ့ပါတယ်။
ဒါပေမဲ့ ယခုအခါ ပြင်သစ်ကလပ်

လိုင်လီမှာ ကစားနေပြီဖြစ်တဲ့ ဂိုမက်စ်ကတော့
ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့
အခွင့်အရေး ပိုခက်လာပြီလို့
ခံစားရတာကြောင့် စိန်ခေါ်မှုအသစ်တွေနဲ
ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၇ မေလက ပဲလေ့စ်ကို
၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
အသင်းကြီးအတွက် ပထမဆုံးပွဲအဖြစ်
ပွဲပြီးခါနီးမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့
ဂိုမက်စ်ဟာ အသင်းကနေ မထွက်ခွာခင်

ယူနိုက်တက်အတွက် ၁၀ပွဲသာ
ကစားခွင့်ရခဲ့ပြီး ၂၀၂၀ နွေရာသီမှာ
ချဲလ်ဆီးက သူ့ကို စိတ်ဝင်စားခဲ့ပေမယ့်
ကစားသမားဖြစ်သူကတော့ လိုင်လီနဲ့
၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

”ယူနိုက်တက်ကနေ ထွက်ခွာဖို့
ဆုံးဖြတ်ရတာ ဘယ်လောက်ခက်လဲ
ဆိုပြီး ပရိသတ်တွေ လာမေးကြတဲ့အခါ
ကျွန်တော်လည်း ရှင်းပြဖို့ ကြိုးစားတာပဲ။
ဒါပေမဲ့ သူတို့ တကယ်နားမလည်ကြဘူးလို့

ထင်ပါတယ်။ ကျွန်တော် အသင်းဖော်တွေကို
လိုက်နှုတ်ဆက်တော့ အားလုံးက
အေးဆေးပါပဲ။
စိတ်ခံစားချက် နည်းနည်းရှိနေတာမှန်ပေမယ့်
ထရိန်နင်ကွင်းက ပြန်အထွက်မှာ

အသင်းဖော်တွေဖြစ်တဲ့ ဂျိမ်းစ်ဂါနာနဲ့
တီဒန်မန်ဂီတို့ကို တွေ့လိုက်ပါတယ်။
တကယ့်ကိုဆိုးရွားလွန်းတဲ့အနေအထားပါပဲ။
ကျွန်တော်လည်း မျက်ရည်တွေကျလာပြီး
အသံတွေလည်း မထွက်တော့ပါဘူး။

ကားထဲရောက်တော့လည်း လုံခြုံရေးတွေကို
နှုတ်ဆက်ပြီး အဲဒီအထိ မျက်ရည်ကျနေခဲ့တုန်းပါပဲ။
ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့တာပါ”လို့
အသက် ၂၁ နှစ်အရွယ်ရှိ
ဂိုမက်စ်က ပြောပါတယ်။

Zawgyi

၁၄ ႏွစ္ၾကာက်င္လည္ခဲ့တဲ့ ယူႏုိက္တက္ကေန ထြက္ခဲ့ရတဲ့အေျခအေနေတြကို ျပန္ေျပာလာတဲ့ ဂိုမက္စ္
ယူႏုိက္တက္လူငယ္ၾကယ္ပြင့္ေဟာင္း အိန္ဂ်ယ္ဂုိမက္စ္က

မိမိအေနနဲ႔ ၂၀၂၀ ဇြန္လက ေနာက္ဆုံးအႀကိမ္အျဖစ္
အသင္းရဲ႕ကာရင္တန္ထရိန္နင္စင္တာကေန
ထြက္ခြာခဲ့စဥ္က စိတ္ခံစားခ်က္ေတြကို
မထိန္းႏိုင္ခဲ့ဘူးလုိ႔ ၀န္ခံပါတယ္။
အသက္ ၆ႏွစ္အရြယ္၂၀၀၆ ခုႏွစ္က

ယူႏုိက္တက္ကို စတင္ေရာက္လာခဲ့တဲ့
ဂိုမက္စ္ဟာ အသင္းဘက္က
လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔
ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။
ယူႏုိက္တက္က ဂိုမက္စ္ကို

ဆက္လက္ထိန္းထားဖို႔ ႀကိဳးစားခဲ့ၿပီး
ထိုစဥ္က နည္းျပ ဆိုးလ္ရွားကိုယ္တိုင္က
ထိပ္တန္းလူငယ္သမားေလးအျဖစ္
သတ္မွတ္ခ်ီးက်ဴးခဲ့ပါတယ္။
ဒါေပမဲ့ ယခုအခါ ျပင္သစ္ကလပ္

လိုင္လီမွာ ကစားေနၿပီျဖစ္တဲ့ ဂိုမက္စ္ကေတာ့
ယူႏုိက္တက္မွာ ပြဲထြက္ခြင့္ရဖို႔
အခြင့္အေရး ပိုခက္လာၿပီလုိ႔
ခံစားရတာေၾကာင့္ စိန္ေခၚမႈအသစ္ေတြနဲ
ရင္ဆုိင္ဖို႔ ဆုံးျဖတ္လုိက္ပါတယ္။

၂၀၁၇ ေမလက ပဲေလ့စ္ကို
၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
အသင္းႀကီးအတြက္ ပထမဆုံးပြဲအျဖစ္
ပြဲၿပီးခါနီးမွာ လူစား၀င္ကစားခြင့္ရခဲ့တဲ့
ဂိုမက္စ္ဟာ အသင္းကေန မထြက္ခြာခင္

ယူႏုိက္တက္အတြက္ ၁၀ပြဲသာ
ကစားခြင့္ရခဲ့ၿပီး ၂၀၂၀ ေႏြရာသီမွာ
ခ်ဲလ္ဆီးက သူ႕ကို စိတ္၀င္စားခဲ့ေပမယ့္
ကစားသမားျဖစ္သူကေတာ့ လုိင္လီနဲ႔
၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

”ယူႏုိက္တက္ကေန ထြက္ခြာဖို႔
ဆုံးျဖတ္ရတာ ဘယ္ေလာက္ခက္လဲ
ဆုိၿပီး ပရိသတ္ေတြ လာေမးၾကတဲ့အခါ
ကၽြန္ေတာ္လည္း ရွင္းျပဖို႔ ႀကိဳးစားတာပဲ။
ဒါေပမဲ့ သူတုိ႔ တကယ္နားမလည္ၾကဘူးလုိ႔

ထင္ပါတယ္။ ကၽြန္ေတာ္ အသင္းေဖာ္ေတြကို
လုိက္ႏႈတ္ဆက္ေတာ့ အားလုံးက
ေအးေဆးပါပဲ။
စိတ္ခံစားခ်က္ နည္းနည္းရွိေနတာမွန္ေပမယ့္
ထရိန္နင္ကြင္းက ျပန္အထြက္မွာ

အသင္းေဖာ္ေတြျဖစ္တဲ့ ဂ်ိမ္းစ္ဂါနာနဲ႔
တီဒန္မန္ဂီတုိ႔ကို ေတြ႕လုိက္ပါတယ္။
တကယ့္ကိုဆုိးရြားလြန္းတဲ့အေနအထားပါပဲ။
ကၽြန္ေတာ္လည္း မ်က္ရည္ေတြက်လာၿပီး
အသံေတြလည္း မထြက္ေတာ့ပါဘူး။

ကားထဲေရာက္ေတာ့လည္း လုံၿခံဳေရးေတြကို
ႏႈတ္ဆက္ၿပီး အဲဒီအထိ မ်က္ရည္က်ေနခဲ့တုန္းပါပဲ။
ကိုယ့္ကိုယ္ကိုယ္ မထိန္းႏိုင္ခဲ့တာပါ”လုိ႔
အသက္ ၂၁ ႏွစ္အရြယ္ရွိ
ဂိုမက္စ္က ေျပာပါတယ္။